တိုက်ပွဲ
လားရှိုး၊ ကျောက်မဲ VPN App များစစ်ဆေးပြီး ငွေညှစ်တောင်းနေ
သျှမ်းပြည် လားရှိုးမြို့နှင့် ကျောက်မဲမြို့တို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲအဖွဲ့အစည်းများမှ VPN အက်ပလီကေးရှင်းများကို စစ်ဆေးကာ ငွေညှစ်နေကြောင်း သတင်းရရှိသည်။ ဇွန်လ ဒုတိယပတ်မှစတင်ပြီး လားရှိုးမြို့နှင့် ကျောက်မဲမြို့တို့တွင် သွားလာနေသူများ၏ ဖုန်းထဲရှိ VPN အက်ပလီကေးရှင်းများကို စစ်ကောင်စီလက်အောက်ခံ ရဲအဖွဲ့အစည်းများမှ စစ်ဆေးပြီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း လားရှိုးမြို့ဒေသခံ အသက်...
သိန္နီမြို့နယ် မိုင်းလီ ကွင်းလမ်း ပျက်စီး၊ ကားများနွံနစ်မှုဖြစ်
ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းလီလမ်း ပျက်စီး၍ ကားများနွံနစ်ကာ ကားသမားများ အခက်အခဲများစွာ ကြုံတွေ့နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်သွားလမ်း မိုင်းလီရွာအနီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများ ပျက်စီးကာ ကားနွံနစ်မှု၊ ကားပျက်စီးမှု ကြုံတွေ့နေကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့မှာ...
လားရှိုးမြို့မှာ ဘာဖြစ်နေလဲ
SHAN -
သျှမ်းပြည်နယ် မြောက်ပိုင်း၌ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ စစ်ရေးတင်းမာမှု အမြင့်ဆုံး ရောက်ရှိနေစဥ် ယမန်နေ့က မြို့တော် လားရှိုး အဝင်အထွက် လမ်းများကို စစ်ကောင်စီတပ်က မြေတူးစက်များဖြင့် မြောင်းဖောက် ဖျက်ဆီးခဲ့သည်။ လက်ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို ညီနောင် မဟာမိတ်တပ်များ ဝင်ရောက်...
ဆီဆိုင်မြို့နယ် ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီနှင့် PNO တို့ဖမ်းဆီးထား
သျှမ်းပြည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့ဖမ်းဆီးထိန်းသိမ်းထားပြီး ယနေ့အချိန်ထိ ၃ ရက်ကြာပြီဖြစ်သော်လည်း ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ တောတောင်ထဲအတွင်း စစ်ဘေးရှောင်နေရသည့် ဒေသခံများကို နေရပ်မပြန်ပါက နေအိမ်များ မီးရှို့မည်ဟု စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO...
သျှမ်းမြောက် စစ်ရေးတင်းမာ၊ ပြည်သူများ သတိရှိရန်လိုအပ်
SHAN -
သျှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ စစ်ရေးတင်းမာမှု အမြင့်ဆုံး အခြေအနေ ရောက်ရှိနေသဖြင့် ဒေသခံပြည်သူများ အနေဖြင့် လုံခြုံရေးသတိဖြင့် ကြိုတင်ပြင်ဆင်ရန် လိုအပ်နေပြီဟု ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၁၃ ရက်) တွင် အကြံပြု ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊...
မဲနယ်တောင်ဒေသ စိုက်ပျိုးလုပ်ကိုင်သူများ လျော့နည်းလာ
SHAN -
သျှမ်းပြည် ဟိုပုံးမြို့နယ် ၊မဲနယ်တောင်ဒေသ နေထိုင်သူများသည် ထပ်ဆင့်စစ်ဘေးရှောင်ရမည်စိုး၍ စိုက်ပျိုးရေးလုပ်ကိုင်သူများ လျော့နည်းလာကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသ ဇန်နဝါရီ ၂၁ရက်နေ့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ် ပအိုဝ်းပြည်သူ့စစ်တပ်မတော်(PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO) တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်ခဲ့ရပြီး စိုက်ခင်းများပျက်စီးခဲ့ရသည်။ ယခုကာလတွင်...
ဝိုင်းမော်တိုက်ပွဲပြင်းထန် စစ်ရှောင်များ ထပ်မံတိမ်းရှောင်ရန် စီစဉ်နေ
ကချင်ပြည် ဝိုင်းမော်မြို့တွင် တိုက်ပွဲများပြင်းထန်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်အသစ်သို့ ထပ်မံပြောင်းရွှေ့ရန် အခြေအနေရှိနေပြီး အခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် PDF တို့ တိုက်ပွဲပြင်းထန်နေလျက်ရှိနေပြီး တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ဘေးရှောင်များ ထပ်မံပြောင်းရွှေ့ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက...
စစ်မှုထမ်းဥပဒေကြောင့် လက်နက်ကိုင်တော်လှန်းရေးထဲ လူငယ်ပါဝင်မှုတိုးလာ
အာဏာသိမ်း စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးသည့်နောက် အရွယ်ရောက်ပြီး လူငယ်များသည် စစ်ကောင်စီတပ်ထဲသို့ မဝင်လိုသောကြောင့် လက်နက်ကိုင်တော်လှန်ရေး အင်အားစု အသီးသီးထံသို့ ရောက်ရှိလာနေကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ စစ်ကောင်စီက ပြည်သူ့စစ် မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီးသည့်နောက်စစ်မှုထမ်းရန် အရွယ်ရောက်ပြီးလူငယ်များသည် နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံခြားသို့ ထွက်ပြေးခဲ့ရ...
စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်TNLA တပ်သားသုံးဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တပ်သားအဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှသည်။ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီမှ ယမန်နေ့ (ဇွန် ၉)ရက်တွင် လက်နက်ကြီးဖြင့် (၃) ကြိမ်ပစ်ခတ်ခဲ့ပြီး ပေါင် ၅၀၀ ဗုံးကြဲခဲ့သဖြင့် TNLA ရဲဘော် သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ “ ၁၀၂၇ စစ်ဆင်ရေး” သည် ၂၀၂၃ခုနစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့ပြီး ဇန်နဝါရီ လဆန်းပိုင်းတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ဆွေးနွေးမှုကြောင့် ရပ်တန့်သွားခဲ့သည်။ စစ်ရေး ရပ်တန့် မှု ၅လကျော် ကြားပြီးနောက်...
ဆီဆိုင်တွင် အသက် ၇၀အရွယ် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်တွင် အသက်၇၀ အရွယ် အမျိုးသမီးတစ်ဦး ယနေ့ ( ဇွန် ၆)ရက် နံနက် ၈နာရီတွင် မြေမြုပ်မိုင်းနင်းမိပြီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ ၊ မြကန်သာရပ်ကွက်တွင် ယနေ့ မနက် ၈နာရီ၌ အသက် ၇၀ အရွယ်အမျိူးသမီးတစ်ဦးသည်...






