တိုက်ပွဲ
ရပ်စောက် ဓနု-PDF ပူးပေါင်းတပ် လေကြောင်းဗုံးကြဲခံရစဉ် သျှမ်းတပ်နှစ်တပ် အချင်းချင်းတိုက်ပွဲဖြစ်၊ နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိ
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေစဉ် သျှမ်းတပ်နှစ်တပ် အချင်းချင်း တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှု ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) ညနေပိုင်းတွင် ရပ်စောက်မြို့နယ် အင်တောမြို့အနီး ပါမဲနှင့် မားသဲကျေးရွာအုပ်စုအတွင်း...
၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်သူ ဖမ်းနေသည့်သတင်းကြောင့် လူငယ်များ မြဝတီတွင်ပိတ်မိနေ
SHAN -
ကရင်ပြည်နယ်၊ ဘားအံမြို့ စစ်ဆေးရေးဂိတ်တွင် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ဖမ်းနေသည်သတင်းကြောင့် မြဝတီနှင့် ရွှေကုက္ကိုလ်သို့ရောက်ရှိနေသော သျှမ်းပြည်မှ လူငယ်အများအပြား နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တွင်းမှ တိုက်ပွဲများကြောင့် သျှမ်းပြည် မှတ်ပုံတင်ကိုင်ဆောင်သူ ၁၃/ လူငယ်များကို ပြီးခဲ့သည့် (သြဂုတ်လ ၁၈ ရက်)...
သီပေါ လက်နက်ကြီးကြောင့် မြို့ထဲပစ္စည်းပြန်သယ်သည့် စစ်ရှောင်အမျိုးသမီး ၂ ဦး သေဆုံး
သျှမ်းပြည် သီပေါမြို့တွင် တိုက်ပွဲကြား နေရပ်ပြန်ပြီး ပစ္စည်းပြန်သယ်သည့် စစ်ဘေးရှောင်အမျိုးသမီး (၂) ဦး လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၃၁) ရက်တွင် သီပေါမြို့ပေါ် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲကြား နေအိမ်သို့ ပြန်ပြီး ပစ္စည်းပြန်သယ်သည့်...
မန္တလေးမြို့ကို ဝိုင်းရံခြင်း
SHAN -
သက်ဦးဆန်ပိုင် ဘုရင်စနစ်၏ ပြရုပ်ဖြစ်သည့် နန်းမြို့ရိုးသည် ချိနဲ့စ ပြုနေလေပြီ။ အကျည်းတန်ခဲ့သည့် အတိတ်ကာလ အချို့ကို ဖယ်ရှားကြည့်မြင်ပါမူ ယဥ်ကျေးမှု မြို့တော်သည် တည်ငြိမ်ရင့်ကျက်လှပေသည်။ နိုင်ငံ၏အလယ်ပိုင်း အချက်အခြာ ဒေသဖြစ်သည့် မန္တလေး လွင်ပြင်သည် ကုန်းဘောင်ခေတ်၏ အာဏာဗဟိုချက် ဒေသ ဖြစ်ခဲ့သည်။ ထို့အတူ စစ်အာဏာရှင်တို့သည်လည်း မန္တလေး နန်းမြို့ရိုး...
တောင်ခမ်း (၂၀၆) အမြောက်တပ်ကို TNLA သိမ်းပိုက်၊ စစ်ကောင်စီ လေကြောင်းက ဗုံးအဆက်မပြတ်ကြဲနေ
SHAN -
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ မြောက်ဘက်ရှိ (၂၀၆) အမြောက်တပ်ကို TNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ လေကြောင်းက အဆက်မပြတ် ဗုံးကြဲ ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၂၉ ရက်) နံနက်ပိုင်း အခြေအနေကို ပြောသည်။ ယနေ့ မနက်ပိုင်း (၂၀၆)...
နောင်ချိုမြို့နယ် တောင်ခမ်းဒေသ တိုက်ပွဲပြင်းထန်နေပြီး အမြောက်တပ် တပ်ရင်းမှူး ထွက်ပြေးဟု သတင်းထွက်
SHAN -
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ မြောက်ဘက်ရှိ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂) အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီဘက်က လေကြောင်းနှင့် တာဝေးပစ် အမြောက် ပစ်ကူများ အသုံးပြု ခုခံနေသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေး...
သီပေါ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အရပ်သား ၁၉ ဦးသေဆုံး SHRF ထုတ်ပြန်
SHAN -
သျှမ်းပြည် သီပေါမြို့နယ်အတွင်း စစ်ကောင်စီ၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား (၁၉) ဦးသေဆုံးကာ (၁၉) ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထုတ်ပြန်လိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်ကို သြဂုတ်လ ၂၆ရက်တွင်ထုတ်ပြန်ခဲ့ပြီး SHRF ၏ ဇူလိုင်လ ၁၉ ရက်မှ သြဂုတ်လ ၁၉...
သီပေါမြို့ပေါ် စစ်ကောင်စီတပ် အပြင်းအထန် လေကြောင်းဗုံးကြဲ၊ စာသင်ကျောင်းထဲ အရပ်သားနှစ်ဦး သေဆုံး
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ လူအိပ်မောကျနေသည့် ညအချိန် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းတွင် နေထိုင်သည့် အရပ်သားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်) နံနက် ၁ နာရီခန့်မှ စတင်၍ သီပေါမြို့ပေါ် ရပ်ကွက်များသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့်...
ဆီဆိုင်မြို့သို့ ပို့ဆောင်ခံရသည့် အခြားပြည်နယ်က စစ်သင်တန်းဆင်း တပ်သားသစ် သေဆုံးမှုများ
သျှမ်းပြည် ဆီဆိုင်မြို့သို့ ပို့ဆောင်ခံရသည့် အခြားပြည်နယ်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များ သေဆုံးမှုများနေကြောင်း သိရသည်။ သြဂုတ်လဆန်းမှစ၍ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA တို့ တိုက်ပွဲပြန်ဖြစ်ပွားလာရာ တစ်လနီးပါးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးခဲ့သည်ဟု PNLA ကသြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း...
သီပေါ ၃ ရက်ဆက်တိုက် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံး
သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး၊ ကလေး တစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၆ ရက်) နံနက် ၄...






