တိုက်ပွဲ

ဆီဆိုင်မြို့နယ်ရောက် စစ်ရှောင်အတွက် ဟင်းရွက်များလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာအတွင်း ရောက်ရှိနေသည့်ကရင်နီစစ်ရှောင်များ အတွက် ဟင်းရွက်များလိုအပ်နေကြောင်း သတင်းသိရသည်။ နောင်ထော်ကျေးရွာအတွင်း ကျန်ရှိနေသည့် ကရင်နီပြည်နှင့် မိုးဗြဲ၊ ဖယ်ခုံဘက်မှ စစ်ဘေးရှောင် ၃၀၀ ကျော်ခန့် သည် ချက်ပြုတ်စားသောက်ရန်အတွက် ဟင်းသီးဟင်းရွက်များ၊ ကုန်စိမ်းများ လိုအပ်နေကြကြောင်း စစ်ရှောင် များကို ကူညီနေသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

“အသက်ရင်းပြီး အာဏာရှင်ကို တော်လှန်ဖို့ လက်နက်ထောက်ပံ့ပေးပါ”

“မိုးရေထဲမှာ ၃ ရက် စစ်ရေးလေ့ကျင့်ရချိန်တုန်းက တော်တော်ခံရတယ်။ လေးဖက်နာ ဝေဒနာရှိတော့ ခံနိုင်ရည် သိပ်မရှိဘူးလေ” လို့ စစ်သင်တန်း ပထမဆုံး စလေ့ကျင့်စဉ်က အဖြစ်အပျက်ကို ရဲဘော် အာရှိုင်း က ပြန်ပြောပြနေပါတယ်။ ရဲဘော်အာရှိုင်း ဟာ အသက် ၂၃ နှစ် အရွယ်သာရှိပြီး လေးဖက်နာရောဂါအခံ...

မုံးကိုး စစ်ကောင်စီ နှင့် MNDAA စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် MNDAA တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်မှ စစ်အင်အား အများအပြား ဖြည့်တင်းနေကြောင်း စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီဘက်မှ စစ်ကူအင်အား၊ လက်နက်အင်အား၊ အစားအသောက်အပြည့်ဖြင့် ကား အစီး ၃၀ ထက်မနည်း...

ဖယ်ခုံမြို့နယ်တိုက်ပွဲဆက်ဖြစ်၊ ဒဏ်ရာရ ရဲဘော်များ ကုသရန် အကူအညီလိုအပ်နေ

သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သတင်းသိရသည်။ ယနေ့ (မတ် ၁၆)ရက် မနက် ၁၀ နာရီဝန်းကျင်မှ စတင်ပြီး ဖယ်ခုံမြို့ နှင့် လွိုင်ကော်မြို့ နယ်အစပ်တွင် စစ်ကောင်စီ နှင့် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲများ...

ပင်လောင်းရောက် စစ်ရှောင် သောက်သုံးရေ ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က စစ်ရှောင်များ သောက်သုံးရေ ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ သောက်သုံးရေ ခက်ခဲနေသည့် စစ်ရှောင်များသည် စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ အလှူရှင်များ လျော့ပါးလာကြောင်း စစ်ရှောင်များကို ကူညီပေးသူ အသက် (၃၀)ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။ “တချို့နေရာတွေလည်း အလှူရှင်ရှိတယ်။ တချို့နေရာ အလှူရှင်မရှိတော့ ခက်ခဲတယ်။တချို့လဲ ဝယ်သုံးရတယ်။...

မိုင်းကိုင်မြို့နယ် မြေမြုပ်မိုင်းဒဏ် မိသားစု(၃)ဦး ထိခိုက် တစ်ဦးသေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပြာဆိုင်ကျေးရွာတွင် မိသားစုလိုက် မြေမြုပ်မိုင်းနင်းမိပြီး အမျိုးသား သေဆုံးသွားကာ အမျိုးသမီးနှင့် ကလေး ဆေးကုသရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မတ်လ ၁၂ ရက်တွင် မိုင်းကိုင်မြို့နယ် ပြာဆိုင်ကျေးရွာတွင် နေထိုင်သည့် မိသားစု (၃)ဦးသည် ကုန်းပေါင်းကျေးရွာသို့ လမ်းလျှောက်သွားရာ မြေမြုပ်မိုင်းနင်းမိသဖြင့် အမျိုးသားဖြစ်သူက...

နောင်ချိုမြို့နယ် တိုက်ပွဲ ၂ရက်ဆက်တိုက်ဖြစ်၊ စစ်ကောင်စီတပ် အများအပြားသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အမှတ် (၅၀၉) တပ်ရင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ကြောင်း စုံစမ်း သိရသည်။ အဆိုပါ တိုက်ပွဲသည် စစ်ကောင်စီ တပ်ဖွဲ့ နှင့် (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်...

မြေလုပြဿနာကြားက မျှော်လင့်ချက်မဲ့နေရတဲ့မိသားစုဘဝ

“ကျနော်တို့က တောင်ယာတွေပဲလုပ်ကိုင် စားသောက်တော့ ငွေကအသင့်မရှိထားဘူး။ အလုပ်ပြန် မလုပ်နိုင်မှာကိုတော့ စိုးရိမ်တယ်” လို့ မိုင်းထိဒဏ်ရာနဲ့ အိပ်ယာပေါ်ထိုင်ကာ စိုင်းဆေး က အသံတိုးတီးစွာ ပြောဆိုလာပါတယ်။ စိုင်းဆေးဟာ မတ် (၈)ရက် မနက် ၁၀နာရီခွဲမှာ မိသားစု အစားအသောက်ချက်ပြုတ်ရန် ဆိုင်ကယ်နဲ့ ထင်းရှာထွက်နေချိန် ထင်မှတ်မထားတဲ့ မြေမြုပ်မိုင်းကို...

နမ့်လန်မြို့ပတ်ဝန်းကျင် တစ်ပတ်အတွင်း မိုင်းထိလူနာ (၇) ဦးရှိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ပတ်ဝန်းကျင်အတွင်း ယခု မတ်လ ပထမ ပတ်တွင် မိုင်းနင်းမိမှုကြောင့် ထိခိုက်လူနာ (၇)ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မိုင်းနင်းမိမှုကြောင့် (၇)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ယမန်နေ့ မတ်လ ၈ ရက်နေ့က တစ်ဦးသေဆုံးသွားကြောင်း နမ့်လန်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို...

ဆီဆိုင်မြို့နယ်ရောက် ကရင်နီ စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရောက် ကရင်နီပြည် (ကယား)မှ စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲကြုံတွေ့နေကြောင်း သတင်းသိရသည်။ လက်ရှိ စစ်ရှောင်တချို့ နေရပ်ပြန်သွားသော်လည်း စစ်ရှောင်စခန်းများတွင် ခိုလှုံနေသည့်သူ များစွာကျန်ရှိနေသေးကြောင်း၊ အလှူရှင်များ နည်းပါးသွားသည့်အတွက် အစားအသောက်များခက်ခဲလာခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ "ကျနော်တို့ ဖွင့်ထားတဲ့ စခန်းတွေမှာ တစ်ပတ်စာလောက်ပဲ ကျန်တယ်၊ တချို့နေရာက...

Latest news