သျှမ်းအမျိုးသားကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် လိုအပ်

သျှမ်းပြည် တောင်ပိုင်းအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS တို့ နယ်မြေစိုးမိုးရေး တိုက်ပွဲများကြောင့် ပိတ်ထားခံရသည့် သျှမ်းအမျိုးသားကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြည်သူများက တောင်းဆိုလိုက်သည်။

ထိုကျောင်းများသည် သျှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ လဲချားနှင့် ပင်လုံမြို့နယ်တို့တွင် ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ နှစ်ကုန်ပိုင်းမှ စတင်ကာ ယခု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများစစ်ရှောင်နေရပြီး ဒေသခံကိုယ်ထူကိုယ်ထ တည်ဆောက်ထားသော သျှမ်းအမျိုးသားကျောင်း ၅၀ ကျော်လည်း ပိတ်ထားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ဆရာ/ဆရာမတွေလည်း ဘယ်နေရဲမလဲ၊ ရှောင်ကြရတာပေါ့။ ရှောင်တော့ ကလေးတွေ ပညာရေးပဲထိခိုက်တာပေါ့နော်။ ပြန်ဖွင့်ပေးဖို့လိုအပ်တယ်” ဟု မိုင်းလင်းကျေးရွာအုပ်စုမှ ကျောင်းဆရာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါကျောင်းများသည် ဒေသခံများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့်ဆောက်ထားသည့်ကျောင်းများဖြစ်ပြီး ကိုဗစ်ကာလ၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွါးရေးခက်ခဲသည့် ဒေသခံများက ကျောင်းဆရာ/ဆရာမ များအတွက် လုပ်အားခ၊ ဉာဏ်ပူဇော်ခ အပြည့်အဝ မပေးနိုင်ခဲ့ကြောင်းလည်း အထက်ပါကျောင်းဆရာ က ပြောသည်။

သျှမ်းပြည်အတွင်း သျှမ်းကိုယ်စားပြုလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့က ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဆရာ/ ဆရာမများနှင့် ဒေသခံများ စစ်ရှောင်နေရပြီး တချို့ပြည်သူများသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးနေရသည်။

လက်ရှိအချိန်တွင် တိုက်ပွဲများ ငြိမ်နေပြီဖြစ်သော်လည်း ရွာသားများအနေဖြင့် ပြန်လည်ထူထောင်မှုများ လုပ်ဆောင်နေရသောကြောင့် ပိတ်ထားရသည့်ကျောင်းများ ပြန်မဖွင့်နိုင်သေးပေ။

ထို့ကြောင့် မိုင်းလင်းကျေးရွာအုပ်စုမှ သျှမ်းအမျိုးသားကျောင်း အပါအဝင် ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ မြို့နယ်များအတွင်းရှိ ပိတ်ထားရသည့် သျှမ်းအမျိုးသားကျောင်းများအတွက် ဆရာ/ဆရာမ များနှင့် ကျောင်းသုံးပစ္စည်းများအား ကူညီပံ့ပိုးပေးမည့် အလှူရှင်/အဖွဲ့အစည်းများရှိပါက ဒေသတွင်းကလေးငယ်များ တိုးတက်ရေးရှေးရှု၍ ကျောင်းများပြန်လည် ဖွင့်လှစ်လိုကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။

“ဘယ်အဖွဲ့အစည်းမဆို အမျိုးသားရေးအတွက်လုပ်နေတယ်ဆိုရင်ပေါ့၊ ဒီကလေးတွေပညာရေးကိုလဲ အမျိုးသားရေး အမြင်နဲ့မြင်ပြီး ထောက်ပံ့ကူညီပေးစေလိုပါတယ်၊ အခုတိုက်ပွဲလည်း ငြိမ်ပြီဆိုတော့ ကျနော်တို့ ဒေသခံအနေနဲ့ဆိုရင် ကလေးတွေရဲ့ ပညာရေးကို ရှေးရှုပြီး ပြန်ဖွင့်ချင်တာပေါ့” ဟု ပညာရေးကဏ္ဍတွင် ပါဝင်လှုပ်ရှားသည့် အမည်မဖော်လိုသူ ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ သျှမ်းအမျိုးသားကျောင်းများပိတ်ခံထားရသည့်နေရာသည် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ နယ်မြေစိုးမိုးထားသည့်နေရာဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဒေသအတွင်း သွားလာလှုပ်ရှားနေသည့် SSPP/SSA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဖုန်းဟန်ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဒေသတွင်းနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပိုင်းကို လှုပ်ရှားဆောင်ရွက်မည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပညာရေးအပိုင်းမှ မဟုတ်ဘူး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုတွေ ကျနော်တို့ တတ်စွမ်းသလောက် လုပ်ဖို့ ပေါ်လစီအရလည်း ရှိပြီးသား၊ ဘာတွေကို ဘယ်လိုနေရာမှာ လိုအပ်လဲဆိုတာ ပြောပြလို့ရတယ်၊ တင်ပြလို့ရတယ်၊ ကျနော်တို့ဘက်ကနေ ကူညီထောက်ပံ့ပေးဖို့ အသင့်ပါပဲ” ဟု ဗိုလ်မှူး ဖုန်းဟန်က ပြောသည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများနှင့် ဆရာ/ဆရာမများကိုလည်း စိုးရိမ်ကြောက်လန့်မှု မဖြစ်ကြရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးပိုင်း ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ လက်တွဲ ဖော်ဆောင်ရန်အတွက် ပိတ်ပင်တားဆီးမှုမရှိကြောင်းလည်း ဗိုလ်မှူး ဖုန်းဟန်က ဆက်ပြောသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ မိုင်းနောင် စသည့်မြို့နယ်အသီးသီးတွင် မူလတန်းနှင့် မူလွန်အဆင့် သျှမ်းအမျိုးသားကျောင်းများစွာရှိနေပြီး ဒေသတွင်းကျေးရွာနေ ကလေးသူငယ်များ၏ ပညာသင်ယူရာ ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...