တိုက်ပွဲ
နောင်ချို စစ်ရှောင်များ ဝမ်းရေးအတွက် ကြံခုတ်သည့် နေ့စားအလုပ် ရပ်နားထားရ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နေထိုင်သည့် စစ်ရှောင်များသည် ဝမ်းရေးအတွက် ကြံခုတ်ပြီး ဝမ်းရေးဖြေရှင်းနေရပြီး လက်ရှိတွင် စစ်ကောင်စီနှင့် TNLA ပူပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်မှုကြောင့် ရပ်နားထားရကြောင်း သတင်းရရှိသည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ၂၀၂၄ ခုနစ် ဇူလိုင်လတွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )နှင့်...
ရွာငံ မင်းပလောင်မှ စစ်ရှောင်များ ရေရှားပါးမှုကြုံနေရပြီး အရေပြားရောဂါဖြစ်
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ရွာ စစ်ရှောင်များသည် ရေရှားပါးမှုနှင့် ကြုံနေရပြီး အရေပြားရောဂါ ဖြစ်ပွားနေကြသည်ဟု စုံစမ်းသိရှိရသည်။ မင်းပလောင်ကျေးရွာတွင် စစ်ရှောင် (၅၀၀)ကျော်ရှိပြီး နွေရာသီရောက်လာပြီဖြစ်၍ သောက်သုံးရေများရှားပါးလာကာ အရေပြားရောဂါကို အသက်(၁၀)နှစ်အောက် ကလေးများ အပါဝင် အသက်ကြီးပိုင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အဖြစ်များနေကြကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။ “အရေပြားရောဂါ ဖြစ်နေတာကအယောက်( ၂၀၀)...
စစ်ရေးကြားထဲ ဒုက္ခသောကနဲ့ ဗျာများနေတဲ့ဘဝ
ဝီးချဲ ခေါ် ဘီးတပ်ထိုင်ခုံပေါ်တွင်ထိုင်ပြီး ဘီးကို လက်ဖြင့်တွန်းရင်း မီးဖိုခန်းမှ ဧည့်ခန်းဆီသို့ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဉီး ကတရွှေ့ရွှေ့ဝင်လာလေသည်။ ဧည့်ခန်းထဲရှိ ကုတင်လေးဆီသို့ ဉီးတည်ပြီး သွားလေသည်။ ကုတင်ပေါ်တွင် စကားကောင်းမွန်စွာ မပြောနိုင်၊ မလှုပ်ရှားနိုင်သော လေဖြတ်ထားသည့် အမျိုးသားတစ်ဉီး လဲလှောင်းအိပ်စက်နေသည်။ “အစ်ကို ထတော့ထတော့” ဟု နန်းဆမ်...
စံကားမြို့ရှိ စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေး အကူအညီလိုအပ်
သျှမ်းပြည် ညောင်ရွှေမြို့နယ် စံကားမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ညောင်ရွှေ - ပင်လောင်း - ဖယ်ခုံမြို့နယ် အစပ်တို့တွင် စစ်ရေးတင်းမာမှုကြောင့်...
ရန်ကုန်နှင့် ပဲခူး တိုက်ပွဲစတင်ဖော်ဆောင်တော့မည် ဟု NUG အစိုးရ ပြော
ရန်ကုန်နှင့် ပဲခူးတိုင်းတို့ကို ပြန်လည်စိုးမိုးရန်အတွက် တိုက်ပွဲစတင်ဖော်ဆောာင်တော့မည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။ ရန်ကုန်သို့ ဦးတည်သည့် စစ်ရေးဖော်ဆောင်မှုများအတွက် ထပ်ရွှေ့ပြောင်းမည့် တပ်ရင်းတပ်ဖွဲ့များကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့သည် ရုပ်သံကို NUG က ဖေဖော်ဝါရီ ၁၃ ရက်နေ့၌...
မိုးမောက်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီဗုံးကြဲ မိသားစုလိုက်သေဆုံးမှုရှိ
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် စစ်ကောင်စီမှ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပဲ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုလိုက်သေဆုံးကြောင်း စုံစမ်းသိရှိရပါသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက် ၁ နာရီဝန်းကျင် အချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲချမှုကြောင့် မိုးမောက်မြို့နယ် ဝက်ယင်းကျေးရွာ ရှိ မိသားစုဝင်...
နောင်ချိုမြို့နယ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ အမျိုးသမီး တစ်ဉီးသေဆုံး၊ ကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်) ည ၉ နာရီဝန်းကျင်အချိန်တွင် နောင်ချိုမြို့ရှိ လောက်ဖန်းကျေးရွာကို...
ညောင်ရွှေမြို့ရှိ စစ်ဘေးရှောင် ၃၀၀ အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် (၃၀၀)ဝန်းကျင်အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ နယ်စပ် တလျှောက်နှင့် ကရင်နီ (ကယား) ပြည်နယ်အတွင်း “ ၁၁.၁၁ စစ်ဆင်ရေး” ခေါင်းစဉ်ဖြင့် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများစွာ...
စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်ကောင်စီထံ TNLA ဘာတောင်းဆိုမှာလဲ။
လေယာဉ်ပျံသံ စကြားကြားချင်း စိတ်ထဲမှာ “ဘာမှမဖြစ်ပါစေနဲ့” လို့ ကြိတ်ဆုတောင်းနေပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဆုတောင်းမှု မပြီးခင်မှာပဲ “အုန်း”ဆိုတဲ့ အသံကျယ်ကြီးနဲ့အတူ ဖုန်အလိပ်လိုက် တက်လာပြီး လွတ်ရာတော့ ဝပ်လိုက်ပါတယ်။ သူကတော့ နောင်ချိုမြို့ပေါ်ရှိ ပါရမီ-(၂) လက်ဖက်ရည်ဆိုင်ရဲ့ မိသားစုဝင်တစ်ဉီး ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ကိုဂျာနူးပဲ ဖြစ်ပါတယ်။ “ကျနော်က...
စစ်ကောင်စီနှင့် TNLAဆွေးနွေးမှုမအောင်မြင်လျှင် လေကြောင်းတိုက်ခိုက်မှု ပိုဆိုးလာနိုင်
စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီ တို့ တရုတ်နိုင်ငံ ကူးမင်းမြို့တွင် နယ်မြေသတ်မှတ်မှုကို ထည့်သွင်းဆွေးနွေးသဖြင့် အဆိုပါ ဆွေးနွေးမှုများမအောင်မြင်လျှင် လေကြောင်းတိုက်ခိုက်မှု ပိုဆိုးလာမည်ကို ပြည်သူများကစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်နေ့) ည (၈)နာရီ ဝန်းကျင်တွင်...






