Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သီပေါမြို့မှ စစ်ဘေးရှောင် မိသားစုလိုက် သေဆုံး

စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သီပေါမြို့မှ စစ်ဘေးရှောင် မိသားစုလိုက် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

မတ်လ ၂၈ ရက်တွင် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သီပေါမြို့မှ စစ်ဘေးတိမ်းရှောင်နေသည့် SSPP မှ စဝ်လွယ်မောဝ်၏ ဆွေမျိုးများဖြစ်သည့် သားသမီး၊ မြေးမြစ်များ အပါအဝင် အမျိုးသမီး (၅) ဦးနှင့် ကလေး (၃) ဦး အပါအဝင် စုစုပေါင်း (၁၀) ဦး သေဆုံးသွားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“Sky Villa ကွန်ဒို ပြိုကျတဲ့အထဲ စဝ်လွယ်မောဝ်တို့ရဲ့ အမျိုးတွေ ဆုံးသွားကြတယ်လို့ ကြားတယ်၊ သူ့ရဲ့ ချွေးမတစ်ယောက်တော့ လွတ်တယ်။ အားလုံးပေါင်း ပျောက်နေတာ (၁၀) ယောက် ရှိမယ်။ ခမည်းခမက်ဖြစ်တဲ့ ဒေါ်နန်းရွှေဆာ ကတော့ ဆုံးသွားတယ်။ ချွေးမနဲ့ မြေးမြစ်တွေကတော့ မတွေ့သေးဘူး”ဟု မိသားစုနှင့် နီးစပ်သည့် ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဧပြီလ ၁ ရက်)တွင် Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သေဆုံးခဲ့သူနှင့် ပျောက်ဆုံးနေသူများကို ရည်စူး၍ ကျန်ရစ်သူ မိသားစုများမှ ကုသိုလ်ပြုပေးခဲ့ကြောင်း သိရသည်။

အလားတူ ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် မန္တလေး Sky Villa ကွန်ဒိုကြီးအောက် အသက် ၂၄ နှစ်အရွယ် မူဆယ်မြို့နေ နန်းခမ်းလဲ့(ခ)နန်းအေဌေး တစ်ယောက်လည်း ပိမိနေသဖြင့် မူဆယ်မှ မိဘနှစ်ဉီးက အပြိုအပျက်များရှေ့ လာရောက်စောင့်ဆိုင်းကာ သမီးဖြစ်သူအား ငိုကြွေး၍ အားပေးစကားပြောဆိုခဲ့သည်။

sky villa ကွန်ဒိုမှ သေဆုံးသူအလောင်း ထုတ်နေစဉ်

ငလျင်ကြောင့် ပြိုကျသွားသော Sky Villa ကွန်ဒို တိုက်ခန်းသည် တိုက် ၃ တိုက်တွဲလျက်ရှိနေပြီး တစ်တိုက်လျှင် ၁၁ ထပ်ရှိသည်။

လက်ရှိတွင် ၂ တိုက်သည် လုံးဝ ပြိုကျပျက်စီးသွားပြီး ကျန်တစ်တိုက်မှာ ၅ ထပ်သာ မပျက်စီးဘဲကျန်နေသည်ကိုတွေ့ရသည်။ အဆိုပါတိုက်ခန်း တစ်တိုက်တွင် နေထိုင်သူ လူဉီးရေ ၂၀၀ ခန့်ရှိရာ ငလျင်ကြောင့် တိုက်ပြိုကျမှုအတွင်း လူဉီးရေ မည်မျှပိကျန်နေပြီး သေဆုံးသူ အရေအတွက်ကို အတိအကျ မသိရသေးပေ။

မတ် ၂၈ ရက်မှ မတ် ၃၀ ရက် ညနေပိုင်းအထိ Sky Villa ကွန်ဒို တိုက်ခန်းအပြိုအပျက်အတွင်း လူ ၃၇ ဉီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ထိုသူများအနက် အသက်ရှင်လျှက် ၂၉ ဉီးရှိပြီး ၈ ဉီးမှာ သေဆုံးသွားကြောင်း၊ အမျိုးသမီး ၅ လောင်း နှင့် အမျိုးသား ၃ လောင်း ပါဝင်ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့က သျှမ်းသံတော်ဆင့်အား ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...