ငလျင်ဒဏ်ပြန်လည်ထူထောင်ရေး ရက်၂၀ ယာယီအပစ်ရပ်ဟု စစ်ကောင်စီထုတ်ပြန်

ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီတပ်က ရက်၂၀ ယာယီ အပစ်ရပ်မည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ (မတ် ၂ ရက်) ညပိုင်းတွင် ထုတ်ပြန်လာသည်။

ယာယီအပစ်ရပ်မှုသည် ဧပြီ ၂၂ရက်အထိဖြစ်ကြောင်း သိရသည်။

ထိုအပစ်ရပ် ထုတ်ပြန်ထားသည့် ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်စခန်း၊ တပ်ဌာနချုပ်တွေကို နှောင့်ယှက် တိုက်ခိုက်ခြင်း မလုပ်ရန်လည်း သတိပေးထားသည်။

ထို့အပြင် အင်အားစုဆောင်းခြင်းနှင့် နယ်မြေချဲ့ထွင်ခြင်းများကိုပါ မလုပ်ရန်လည်း စစ်ကောင်စီက တားမြစ်သည်။

“ဒီနေ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီဘက်ကလည်း အပစ်ရပ်ထားပြီး ငလျင်ဒဏ် ပြန်လည်ထူထောင်မယ်လို့ ကြားရတဲ့အတွက် အရမ်းဝမ်းသာတယ်။ နောက်ပြီး စစ်ကောင်စီကိုယ်တိုင်က အင်အားစုဆောင်းတာ မလုပ်နဲ့ဆိုတော့ လူငယ်တွေလည်း လွတ်လွတ်လပ်လပ် ငလျင်ပြန်လည်ထူထောင်ရေးမှာ ပါဝင်ကူလို့ရတာပေါ့။ အချိန်က ဒီဧပြီ ၂၂ရက်ထိဆိုတော့ တိုတောင်းလွန်းတယ်”ဟု ငလျင်ဒဏ်သင့်နေသည့် မန္တလေးမြို့မှ သျှမ်းလူငယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သို့သော် စစ်ကောင်စီဘက်မှ သတိပေး တားမြစ်ချက်များကို လိုက်နာခြင်းမရှိပါက လိုအပ်သည့် အရေးယူတုံ့ပြန်မှုများလည်း လုပ်ဆောင်သွားမည်ဟု ထည့်သွင်းရေးသားထားသည်။

စစ်ခေါင်းဆောင်

အလားတူ ငလျင်ဒဏ် နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်း ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တိုက်ပွဲဖြစ်ပွားသည့် နေရာများတွင် ထိုးစစ်ဆင်မည် မဟုတ်ဘဲ တစ်လတာ တစ်ဘက်သတ် အပစ်ရပ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ယမန်နေ့ (ဧပြီ ၁ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တစ်လတာ တစ်ဘက်သတ် အပစ်ရပ်ကာလသည် ဧပြီ ၁ ရက်မှ ဧပြီ ၃ဝ ရက်အထိဖြစ်ပြီး၊ ညီနောင်မဟာမိတ်တပ်များ အနေဖြင့် ခုခံကာကွယ်သည့် တုန့်ပြန်မှုကလွှဲပြီး ထိုးစစ်ဆင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...