နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပတ်ပတ်လည်ဝိုင်းထား၊ မြေပြင်ထိုးစစ် အင်အားဖြည့်တင်းနေ

သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသကို စစ်ကောင်စီတပ်မှ အပြင်းအထန် ထိုးစစ်ဆင်နေစဉ် မဲပုတ်ကျေးရွာရှိ တိမ်ပင်လယ်နေရာများကို ပြန်လည်နေရာယူထားနိုင်ကြောင်း စုံစမ်းသိရသည်။

မတ်လဆန်းပိုင်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ လအတော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အမြောက်တပ်စခန်း နေရာများကို စစ်ကောင်စီတပ်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ပြန်လည်နေရာယူထားသည်။

ယမန်နေ့ (မတ်လ ၂၅ ရက်)တွင် စစ်ကောင်စီတပ်မှ တောင်းခမ်းဒေသရှိ နောင်လိုင်၊ မဲပုတ်နှင့် နောင်ချိုလေးကျေးရွာများကို ထပ်မံထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“တောင်းခမ်းဘက်ကတော့ အားလုံးနီးပါး ပြန်ပါသွားပြီလို့ ပြောတယ်။ မနေ့က ရသွားတာက နောင်လိုင်၊ မဲပုတ်နဲ့ နောင်ချိုလေး ဘက်က စော်ဘွားတောင်နဲ့ ရွှေဧရာ တိမ်ပင်လယ်မှာ သိမ်းပြီးသွားပြီ။ အခု ရွာထဲမှာ နေလို့ မရတော့ဘူး”ဟု နောင်ချိုမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်းခမ်းဒေသ တိုက်ပွဲများတွင် သီပေါမြို့နယ် နမ့်လန်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၀၅) နှင့် မန်လီအခြေစိုက် ခမရ (၁၇) တို့မှ လက်နက်ခဲယမ်းနှင့် စစ်အင်အား ဖြည့်တင်းလာခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

ပုံစာ – ယမန်နေ့တွင် စစ်ကောင်စီတပ် ပြန်လည်နေရာယူထားနိုင်သည့် နောင်ချို တိမ်ပင်လယ် နေရာ

အလားတူ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီဘက်မှ မြေပြင်ထိုးစစ်အပြင် လက်နက်ကြီးပစ်ကူနှင့် ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုများလည်း ခပ်စိပ်စိပ် လုပ်ဆောင်လာခြင်းကြောင့် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများမှ နေအိမ်အမြောက်အများ မီးလောင်ပြာကျပြီး ဖျက်စီးခံထားရကြောင်း ဒေသခံများက ပြောသည်။

“လမ်းမကြီးတလျှောက်ကတော့ သတိထားရမယ်၊ စစ်တပ်က သူတို့တက်လာတာနဲ့ အကုန်ဖျက်ဆီးမှာ။ သူတို့ မရောက်ခင် ဒရုန်းတို့ လက်နက်ကြီးတို့နဲ့ အရင်ပစ်ပြီး တက်လာမှာ။ အခု တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်။ အိမ်တွေကတော့ အကုန်လုံး ဒရုန်းဗုံး မိထားလို့ ပျက်စီးကုန်ပြီ။ လောလောဆယ် စစ်တပ်ဘက်က ရှေ့တိုးလာပြီး ဝိုင်းထားတယ်”ဟု နောင်ချိုမြို့နယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လျက်ရှိသည့် အုမ္မသီးလမ်းခွဲ၊ ဆိုင်းခေါင်၊ ရေမောင်းတန်း၊ ကံ့ကော်နှင့် နားခေါ်ရွာများမှ စစ်ဘေးရှောင် ၂၀၀၀ နီးပါး အင်းဝိုင်းသကြားစက်ရုံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့အပြင် နောင်ချိုမြို့ပေါ် ရပ်ကွက်များမှ ပြည်သူများလည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် မြို့ကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီချက် တစုံတရာ မရရှိဘဲ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

အလားတူ TNLA နှင့် စစ်ကောင်စီတို့လည်း လာမည့် ဧပြီလအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးမည်ဟု ကြားသိရသည်။

” ကျနော်အထင်တော့ စစ်ကောင်စီက မကြာခင် TNLA နဲ့ တွေ့ဆုံမယ်။ ဒါကြောင့် စကားပြောချိန် အထက်စီးရအောင် ထိုးစစ်ဆင်နေတာပဲ။ MNDAA နဲ့လည်းဆွေးနွေးမှုက မအောင်မြင်တော့ သျှမ်းမြောက်တကြော စစ်ရေးပြန်ဖြစ်မှာတောင် စိုးရိမ်နေရတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အခြားတစ်ဘက်တွင်လည်း စစ်ကောင်စီနှင့် စစ်ရေးပြင်းထန်နေသည့် TNLA သည် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင် မဟာမိတ်တပ်ဖွဲ့ အချင်းချင်းကြား နယ်မြေအငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာမှုများ မြင့်တက်နေသည်။

ပုံစာ – ယမန်နေ့တွင် စစ်ကောင်စီတပ် ပြန်လည်နေရာယူထားနိုင်သည့် နောင်ချို တိမ်ပင်လယ် နေရာ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...