Monday, February 2, 2026

တိုက်ပွဲ

စစ်ကောင်စီမှ ရဟတ်ယာဉ်လေးစင်းဖြင့် သိန္နီမြို့ပေါ်သို့ ပစ်ခတ်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် နိုဝင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှစ၍ စစ်ကောင်စီ၏ ရဟတ်ယာဉ်လေးစင်းသည် ဝေဟင်မှနေ၍ ပြည်သူနေအိမ်များရှိရာ သိန္နီမြို့အတွင်းသို့ စက်သေနတ်များဖြင့် တစ်နေကုန်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဉီးမှ သျှမ်းသံတော်ဆင့် သို့ ပြောကြားသည်။ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းမှစ၍ စစ်ကောင်စီမှ...

နမ့်ခမ်းမြို့ တိုက်ပွဲကြောင့် စစ်ရှောင် (၁,၅၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရ

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် စစ်ရှောင် (၁,၅၀၀) ကျော် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယမန်( နိုဝင်ဘာလ ၃ ရက် ) နံနက်အစောပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်)...

နောင်ချိုတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁ ‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင်

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့် စစ်ဘေးရှောင် ၁ ‌ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရသည်။ ပြင်ဦးလွင်မြို့မှ နောင်ချိုမြို့သို့ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် မန္တလေး-PDF...

မူဆယ်မြို့နယ် ကတုတ်ကျင်း ပြိုကျမှုကြောင့် ၂ ဦးသေဆုံး

သျှမ်းပြည် မူဆယ်မြို့နယ် ဗုံးခိုကျင်း (ကတုတ်ကျင်း) မြေပြိုကျမှုကြောင့် သားအမိနှစ်ယောက် သေဆုံးခဲ့ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် နမ့်ခွမ်ကျေးရွာတွင် နိုဝင်ဘာ (၁)ရက် မွန်းလွဲပိုင်း လက်နက်ကြီးသံကြောင့် ကတုတ်ကျင်း ထဲသွားရောက်ခိုလှုံရာ မတော်တဆ မြေပြိုမှုသေဆုံးခဲ့ပြီး၊ ယမန်နေ့ (နိုဝင်ဘာ ၂)ရက် တွင် ဒေသခံများက...

ကွမ်းလုံမြို့ပေါ် ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ သတိပေး

သျှမ်းပြည် ကွမ်းလုံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ သတိပေးလာကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)က ကွမ်းလုံမြို့တွင် တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကွမ်းလုံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများကို မြို့မှထွက်ခွာရန်...

နမ့်ခမ်းမြို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ( နိုဝင်ဘာလ ၃ ရက်) နံနက်အစောပိုင်းမှစပြီး နမ့်ခမ်းမြို့ အောင်မြတ်သာ ရပ်ကွက်အတွင်း...

သိန္နီတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည် သိန္နီမြို့အတွင်း ပိုင်ရှင်မဲ့ လက်နက်ကြီးတစ်လုံး ပြည်သူနေအိမ်အပေါ် ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်မှာလည်း ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁ ရက်) ညနေ ၃ နာရီအချိန်ခန့်တွင် သိန္နီမြို့မှ ကွတ်ခိုင်သို့အတက် လမ်းခွဲ ကုန်းထိပ်နားတွင် ဝက်သားချဉ်ရောင်းသည့် အိမ်ကို...

မိုင်းရယ် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၊ ဗုံးခိုကျင်းများ တူးထားရ

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားရကြောင်း စုံစမ်းသိရသည်။ ယခု နိုဝင်ဘာ လဆန်းပိုင်းမှစပြီး မိုင်းရယ်မြို့နယ်အတွင်း TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် မိုင်းရယ်မြို့ပေါ် ရပ်ကွက်များတွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားရကြောင်း မိုင်းရယ်ဒေသခံများက...

မြောက်ပိုင်း စစ်ရေးဂယက်ကြောင့် မိုင်းလားမြို့အဝင်ဂိတ်ကို စစ်ကောင်စီပိတ်

သျှမ်းပြည် မြောက်ပိုင်းဒေသမှ စစ်ရေးပဋိပက္ခကြောင့် ယနေ့ ( နိုဝင်ဘာလ ၂ ရက် ) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှစပြီး ကျိုင်းတုံ-မိုင်းလား ကားလမ်းမပေါ်ရှိ တာပင်းဂိတ် (မိုင်းလားမြို့အဝင်ဂိတ်) ကို စစ်ကောင်စီဘက်မှ ပိတ်ချလိုက်ပြီ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ တာပင်းဂိတ်ကို စစ်ကောင်စီဘက်က...

စစ်ရေးအရ နယ်မြေကျူးကျော်လာပါက ကိုင်တွယ်ဖြေရှင်းမည်ဟု “ဝ”တပ်ဖွဲ့ UWSA ထုတ်ပြန်

ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ကောင်စီတပ်အ‌ပေါ် ရုတ်တရက်ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးကြောင့် “ဝ”ဒေသအတွင်းရှိ နယ်မြေနှင့်လေပိုင်နက်တို့ကို စစ်ရေးအရ ကျူးကျော်မှုများ ရှိလာပါက ကိုင်တွယ်ဖြေရှင်းသွားမည်ဟု “ဝ”ပြည် သွေးစည်းညီညွတ်‌ရေးပါတီ (UWSP/UWSA)က ယနေ့ (နိုဝင်ဘာ ၁ ရက်)တွင် သတင်းထုတ်ပြန်လာသည်။ လက်ရှိဖြစ်ပွားနေသော ကိုးကန့်ဒေသရှိ လက်နက်ကိုင် ပဋိပက္ခများကို “ဝ”တပ်ဖွဲ့...

Latest news