Wednesday, January 28, 2026

တာချီလိတ်

တာချီလိတ် ရေကြီးမှု အဆိုးရွားဆုံးကြုံတွေ့နေရ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ရေလျှံသည် ယခုနှစ်အတွင်း ၈ကြိမ်တိုင်ခဲ့ပြီး၊ အဆိုးရွားဆုံးအခြေအနေဖြစ်ကာ ပိတ်မိနေသူများရှိနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့နယ်အတွင်းနှင့် မြို့ပတ်လည်ရှိဒေသများတွင် ရေကြီး၊ရေလျှံမှုကြောင့် နေအိမ်အဆောက်အဉီး အားလုံးနီပါး မြှုပ်ကုန်ပြီး၊ အများစုသည် ရှောင်တိမ်းရန် ခက်ခဲသဖြင့် အိမ်ခေါင်မိုးပေါ်သို့ တက်နေရသည်။ ထို့ပြင် ရေကြီးမှု ရုတ်တရက်ဖြစ်ပွားသဖြင့် အိမ်ထဲပိတ်မိနေသည့် ပြည်သူများရှိကြောင်း တာချီလိတ်မြို့ဒေသခံ တစ်ဉီးက...

သျှမ်းပြည် အရှေ့ပိုင်း ရေကြီး လမ်းတံတားများ ရေတိုက်စားခံရ၊သွားလာရန်ခက်ခဲ

သျှမ်းပြည် အရှေ့ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ချောင်းရေများ တောင်ကျရေများ မြှင့်တက်ပြီး ရေကြီးရေလျှံ၍ လမ်းနှင့် တံတားများ ပျက်စီးကာ ကားများသွားလာရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် အရှေ့ပိုင်း မိုင်တုံမြို့၊မိုင်းဖြတ်မြို့၊တာချီလိတ်မြို့ ၊မိုင်းကိုးကျေးရွာ နှင့် ကျိုင်းတုံမြို့တို့တွင် မိုးရွာသွန်းမှုသဖြင့် ချောင်းရေများ တောင်ကျရေများကြောင့် ရေကြီး ရေလျှံများကြုံ တွေ့နေရကြောင်း...

တာချီလိတ်မြို့ ရဲနှင့်စစ်သား ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးမှုတင်းကြပ်

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့အတွင်းတွင် ရဲနှင့်စစ်သား ပူပေါင်းပြီး ရှောင်တခင် စစ်ဆေးမှုတွေ တင်းကြပ်နေသည်ဟု သတင်းရရှိသည်။ တာချီလိတ်မြို့တွင် ယခင်က ရဲတပ်ဖွဲ့များသာ စစ်ဆေးပြီး ယခု (စက်တင်ဘာလ ၁ ရက်)နေ့တွင် ရဲနှင့်စစ်သား စတင် ပူးပေါင်းစစ်ဆေးမှုတင်းကြပ်လာပြီး လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်မချဘဲ ကြုံသလို စစ်ဆေးနေလျက်ရှိကြောင်း စစ်ဆေးခံရသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

ရွှေခေါင်းလောင်း ဆရာတော် စိုင်းအေးအား စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တံတား(၁)တံတားတွင် ရွှေခေါင်းလောင်း ဆရာတော် အမည်ခံ စိုင်းအေးကို စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ခရစ်ယာန်ဘာသာရေးအစွန်းရောက်သူဟု နာမည်ကြီးနေသည့် ရွှေခေါင်းလောင်းဆရာနော် စိုင်းအေးကို ယမန်နေ့ (စက်တင်ဘာလ ၂ရက်) နေ့တွင် ထိုင်း-မြန်မာနယ်စပ် တာချီလိတ် တံတား (၁)တွင် စရဖ က...

တာချီလိတ်တွင် အမျိုးသားတစ်ဦး ဓားပြတိုက်ခံရပြီး အပြင်းထန်ဒဏ်ရာရရှိ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ ပါလျှံ ရပ်ကွက် ၂ တွင် အမျိုးသားတစ်ဦး ဓားပြတိုက်ခံရပြီး အပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ ယနေ့ (သြဂုတ် ၂၇) နံနက် ၂နာရီခွဲ အချိန်တွင် အသက်၃၀အရွယ် ကိုဝဏ္ဏ ဆိုသူသည် သူငယ်ချင်းနှင့် ဆိုင်ကယ်ဖြင့် အပြင်သွားရောက်လည်ပတ်စဥ် အိမ်ပြန်လမ်းကြားတွင်...

ချိုင့်ခွက်များသည့် တာချီလိတ်-ကျိုင်းတုံလမ်းကြောင်း သွားလာမှု ခက်ခဲနေ

သျှမ်းပြည် အရှေ့ပိုင်းတွင် ချိုင့်ခွက်များသည့် တာချီလိတ်-ကျိုင်းတုံလမ်းကြောင်း ကားသမားများ သွားလာရန်ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်-ကျိုင်းတုံ လမ်းပိုင်းသည် ၁၀၅ မိုင်သာ ဝေကွားပြီး၊ လမ်းကောင်းမွန်ပါက ၂နာရီခွဲသာ ကားမောင်းရကြောင်း၊ လက်ရှိတွင် ကားလမ်း ပျက်စီးမှု၊ ယာဉ်ကြောများ ပိတ်သဖြင့် ၄နာရီခွဲကျော် မောင်းရကြောင်း ယာဉ်မောင်းအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ‘’...

တာချီလိတ် ရေပြန်ကျသော်လည်း ကိုယ်ထူကိုယ်ထ ရွှံ့နွံ ရှင်းနေရ

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ ပြန်ကျပြီးနောက် နေအိမ်အတွင်း ရွံ့နွံများ တင်ကျန်ခဲ့ရာ ပြည်သူများ ကိုယ်ထူကိုယ်ထ ပြန်လည်ရှင်းလင်းနေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ ယမန်နေ့ (သြဂုတ် ၁၉ ရက်) ညပိုင်းတွင် မယ်ဆိုင်ချောင်းရေ ပြန်ကျကာ အချို့ရပ်ကွက်ရှိ ပြည်သူအိမ်ရှေ့ ဆိုင်ရှေ့တွင် ရွံ့နွံနှင့်...

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက် ဒုတိယအကြိမ် ရေကြီး၊ရေလျှံဖြစ်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ပေါ်တွင် မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်ခဲ့ပြီး ဒုတိယအကြိမ် ‌ရေကြီးရေလျှံမှုကြုံတွေ့နေရကြောင်း သိရသည်။ ယမန်နေ့ ( သြဂုတ်လ ၁၃) ရက် ညတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်တာချီလိတ်မြို့ မယ်ဆိုင်ချောင်းသည် ရေမြင့်တက်လာပြီး မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မယ်ခေါင်ရပ်ကွက်၊ ဆန်ဆိုင်း (ခ)...

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီး၊ ရေလျှံဖြစ်

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှု ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ ( သြဂုတ်လ ၁) ရက်မှ စတင်၍ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် မယ်ခေါင်ရပ်ကွက်၊...

တာချီလိတ်မြို့ပေါ် ဆိုင်ကယ်သူခိုးများ နေ့စဉ်သောင်းကျန်းနေ

သျှမ်းပြည် တာချီလိတ်မြို့တွင် နေ့စဉ်နီးပါး ဆိုင်ကယ်များ ခိုးယူခံနေရပြီး သူခိုးများ သောင်းကျန်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၈ ရက်) နံနက် ၉ နာရီ ဝန်းကျင်တွင် တာချီလိတ်မြို့ရှိ စျေးအဝင်နား ဆိုင်ကယ်ရပ်ထားပြီး အမျိုးသမီးတစ်ဦး ဈေးသွားဝယ်နေစဉ် အမည်မသိ အမျိုးသားနှစ်ဦးမှ ၎င်းဆိုင်ကယ်ကို ခိုးယူသွားခဲ့ကြောင်း...

Latest news