ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဂိတ်တွင် PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ယာယီပိတ်ပင်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ နယ်စပ်ဂိတ်ပေါက်တွင် ထိုင်းနိုင်ငံသို့ PV (Passport Visit) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို လက်ရှိ ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ ၂၃ ရက်မှ စတင်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့ နယ်စပ်ဂိတ်ပေါက်တွင် PV ပက်စပို့စ် နိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများကို စတင်ပိတ်ပင်လိုက်ပြီး အလည်အပတ် ဗီဇာကိုလည်း စစ်ဆေးမှု တင်းကြပ်နေကြောင်း မြို့နယ်ဒေသခံ ဖြစ်စဉ်သိရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလ ၂၃ ရက်က စပိတ်လိုက်တာ PV ကိုင်ဆောင်ထားတဲ့ သူတွေပေါ့။ အရင်ကတော့ ပိုက်ဆံထိုးပေးရင် ရတယ်လေ။ ပိုက်ဆံထိုးပေးပြီး သွားတဲ့သူတွေ အများကြီးပဲ၊ အခုက အထက်လူကြီးကြောင့် ယာယီပိတ်ထားတယ် ပြောတယ်။ အလည်အပတ် ဗီဇာကိုလည်း ဆေးရုံထောက်ခံစာ အပြည့်အစုံ ပါ မပါ စစ်ဆေးမှုတွေ တင်းကြပ်လာတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

Photo by U Htun Maesai – တာချီလိတ်-မယ်ဆိုင်ဂိတ်တွင် သျှမ်းပြည်ပြန်ရန်တန်းစီနေသော ထိုင်းနိုင်ငံရောက်သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားများ

အလားတူ ပြီးခဲ့သည့် ဩဂုတ်လမှ စတင်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာသူများကို တင်းကြပ်စစ်ဆေးခဲ့ပြီး ပြည်ပထွက်ခွင့် မပြုမှု များပြားလာခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ နယ်စပ်ဂိတ်မှတဆင့် ထိုင်းဘက်ဝင်ရောက်မှု ပိုမိုတိုးများလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဩဂုတ်လ ကတည်းက စစ်တပ်က လေဆိပ်ကနေ ပြင်ပကို ပေးမထွက်တာလေ။ အဲ့ကနေပဲ ဒီတာချီလိတ်ဘက်ကနေ ဝင်ကြတယ်၊ တော်တော်များတယ် ဝင်တဲ့သူတွေ။ အခုက ဒီလို ယာယီပိတ်လိုက်တာက အရင်လ ချင်းရိုင်းလမ်းမပေါ်မှာ ရန်ဖြစ်ကြပြီး ရဲတွေစစ်တော့ ယာယီဗီဇာနဲ့ လာသူတွေ တွေ့လို့ ပိုတင်းကြပ်တာပေါ့”ဟု ၎င်းဖြစ်စဉ်သိရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ​မယ်ဆိုင်မြို့

တာချီလိတ်မြို့သည် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်ပြီး မြန်မာနိုင်ငံတဝှမ်း စစ်အာဏာသိမ်းပြီးနောက် နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေသော်လည်း တာချီလိတ်မြို့တွင် တိုက်ပွဲမဖြစ်ပွားသေးဘဲ ကူးသန်းရောင်းဝယ်ရေး စည်ကားသည့် နေရာဒေသဖြစ်သည်။

ထို့အပြင် တာချီလိတ်မြို့တွင် တည်ရှိသည့် ရှဲန်လိုင်အပန်းဖြေနေရာနှင့် ရွှေပန်းအောင်ဟိုတယ်တို့တွင် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများ တကျော့ပြန် လှုပ်ရှားနေသည်ကို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောဆိုသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...