တာချီလိတ်ရေဘေးတွင် သေဆုံးသူ ၁၃ ဦးထက်မနည်းတွေရှိလာပြီး၊ ရေဘေးရှောင်နေစဉ် နေအိမ်ဖောက်ထွင်း ခိုးခံမှုရှိ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ ရေလျှံဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၃ ဦးထက်မနည်းရှိလာပြီး ရေဘေးရှောင်နေစဉ် နေအိမ်ဖောက်ထွင်း ခိုးခံမှုများရှိကြောင်း စုံစမ်းသိရသည်။

ယခုလ စက်တင်ဘာလ (၁၁ ရက်)မှ ယနေ့(စက်တင်ဘာ ၁၉)ရက် ကောက်ယူရရှိထားသည့် စာရင်းတွေဖြစ်ပြီး ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၁၃ ဦးထက်မနည်းရှိကြောင်း ရေဘေးကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ် ရေပြန်ကျသွားသည့်အခြေအနေ

“ ဒီနေ့အထိ သေဆုံးသူ ၁၃ ဦးထက်မနည်းတော့တွေ့ရှိထားတယ်။ ဆက်လက်ရှာဖွေပြုလုပ်နေတော့ စာရင်းအသိအကျ မသိရသေးပါဘူး။ တချို့နေရာတွေက မိသားစုလိုက်ပျောက်နေတာလည်းရှိတယ် တောင်ပြိုတဲ့နေရာတွေ” ဟု ၎င်းကပြောသည်။

တာချီလိတ်-မယ်ဆိုင် ရေကြီးမှု

ထိုရေကြီးရေလျှံမှုကြောင့် ဘေးလွှတ်ရာသို့ တိမ်းရှောင်နေစဥ် အချို့ရပ်ကွက်ရှိ နေအိမ်များ၊ ဆိုင်များ ဖောက်ထွင်းခိုးခံရပြီး၊ တန်ဖိုးကြီးသည့် ပစ္စည်းများကိုသာ အဓိက ခိုးယူသွားကြောင်း၊ ထို့အပြင် ဆိုင်ကယ်များကိုပါ ခိုးသွားက
ကြောင်း နေအိမ်ဖောက်ထွင်းခံရသည့် အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျမတို့ အိမ်က ဆိုင်ကယ်လည်းခိုးခံရတယ်။ လူမရှိတဲ့အိမ်တွေဆိုရင် ဖောက်ပြီးဝင် တန်ဖိုးရှိပစ္စည်းတွေ ယူသွားတာ။ သူခိုးတွေက အုပ်စုလိုက်ဖွဲ့ထားတာထင်တယ်။ သူများတွေ ဒုက္ခရောက်ချိန်မှာ ဒီလိုအခွင့်ကောင်းသမားတွေက တမျိုး” ဟု ၎င်းအမျိုးသမီး ကဆိုသည်။

တာချီလိတ်ရေကြီးမှု

သျှမ်းပြည်တစ်ဝိုက်တွင် သစ်ထုတ်လုပ်မှု၊ ရွှေတူးဖော်ရေးလုပ်ငန်း၊ ကျောက်မီးသွေးတူဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်တူးဖော်မှုကြောင့် ရေစုတ်ယူသည့် သစ်ပင်များကို အဓိကထားပြီး ခုတ်ယူသည့်အတွက် ယခုကဲ့သို့ ရေစီးဆင်းမှုနှုန်းများပိုမို လျင်မြန်လာစေကြောင်း ရှမ်းပြည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူ စိုင်းခေးဆိုင် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

၂၀၂၁ ခုနှစ်မှစပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နောက်ဆက်တွဲ လက်နက်ကိုင် ပဋိက္ခများကြောင့် နိုင်ငံအနှံ့ လူပေါင်းသိန်းနှင့်ချီ နေရပ်စွန့်ခွာနေရစဥ် ရာဂီတိုင်ဖွန်း မုန်တိုင်းဒဏ်နှင့် ထပ်မံရင်ဆိုင်ရနေခြင်း ဖြစ်သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...