တာချီလိတ်မြို့တွင် ဖုန်းဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ဝန်ထမ်း ၁ ဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်သည် ယနေ့ (နိုဝင်ဘာ ၁၃)ရက် နံနက်ပိုင်းတွင် ဓားပြတိုက်ခံရပြီး ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးသွားသည့်အထိ ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၁၃ ရက်)နေ့ နံနက်ပိုင်း ၁၀နာရီခွဲဝန်းကျင်တွင် သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား ၄ ဦးသည် ရန်အောင်မြေရပ်ကွက် ပါလျံ(၃)ရှိ First Rate ဖုန်းဆိုင်ကို ဓားပြဝင်တိုက်ခဲ့ပြီး ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦးကို ပစ်သတ်သွားခဲ့သည်ဟု တာချီလိတ်မြို့နယ်ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပါလျံမီးပွိုင့်မရောက်ထင်နာလေးက First Rate ဖုန်းဆိုင် ဓားပြတိုက်ခံရတယ်။ ဝန်ထမ်းအမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်သွားတယ်။ အသက် ၂၀ ဝန်းကျင်လောက်ပဲရှိသေးတဲ့ ဝန်ထမ်းက သေဆုံးသွားတယ်။ ရောင်းတဲ့ iPhone လည်း တော်တော်များများပါသွားတယ်။ ဆိုင်ကဆိုင်ကယ်တွေရော ပါသွားတယ်” ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုနှင့် ဓားပြတိုက်မှုများ နေစဉ်နှင့်အမျှ ဖြစ်ပွားလေ့ရှိသည့် မြို့ဖြစ်သည်။

မြို့နယ်ခရိုင်ရဲတပ်ဖွဲ့များက ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်စွမ်း မရှိနေခြင်းကြောင့် ပိုမို အတင့်ရဲ လာကြရခြင်းဖြစ်သည်။

တာချီလိတ်

ထို့အပြင် ရေကြီးရေလျှံမှုကြောင့် ဘေးလွှတ်ရာသို့ တိမ်းရှောင်နေစဥ်အချိန်တွင်လည်း အချို့ရပ်ကွက်ရှိ နေအိမ်များ၊ ဆိုင်များ ဖောက်ထွင်းခိုးခံရပြီး၊ တန်ဖိုးကြီးသော ပစ္စည်းများကိုသာ အဓိက ခိုးယူသွားကြောင်း၊ ဆိုင်ကယ်များကိုပါ ခိုးသွားသည်ဟု နေအိမ်ဖောက်ထွင်းခံရသည့် အမျိုးသမီး တစ်ဉီးက ပြောသည်။

“တာချီလိတ်မှာက လူပေါင်းစုံနေတဲ့ မြို့လည်းဖြစ်တယ်။ သူခိုး၊ ဓါးပြအရမ်းပေါတဲ့နေရာလည်းဖြစ်တယ်။ ရဲအရာရှိတပ်ဖွဲ့တွေ အရေးယူဆောင်ရွက်ခြင်း မရှိနေသရွေ့တော့ ဆက်ဖြစ်နေအုန်းမှာပဲ။ လက်ရှိမှာ ကျမတို့ ပြည်သူတွေပဲ ရင်ဆိုင်နေရတယ်။ ရေကြီးတုန်းဆို ကျမအိမ်က အဖိုးတန်ပစ္စည်းတွေ အကုန်လုံးအခိုးခံရတယ်” ဟု ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးနှင့် ကျားဖြန့်လုပ်ငန်းလုပ် ပိုမိုလုပ်ကိုင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။

တာချီလိတ်မြို့သည် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်ပြီး မြန်မာနိုင်ငံတဝှမ်း စစ်အာဏာသိမ်းပြီးနောက် နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေသော်လည်း တာချီလိတ်မြို့တွင် တိုက်ပွဲမဖြစ်ပွားသေးဘဲ ကူးသန်းရောင်းဝယ်ရေး စည်ကားသည့် နေရာဒေသဖြစ်သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...