တာချီလိတ်မြို့မှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း တကျော့ပြန်လှုပ်ရှားနေ

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာရှိတဲ့ ရှဲန်လိုင်အပန်းဖြေနေရာနဲ့ ရွှေပန်းအောင်ဟိုတယ်တွေမှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တကျော့ပြန်လှုပ်ရှားနေတာ မြင်တွေ့နေရပါတယ်။

၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေအတွင်း တာချီလိတ်မြို့မှာ နယ်မြေခံ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ရင်းနှီးပတ်သက်သူတချို့တွေဟာ လက်နက်ကိုင်အစောင့်အရှောက်တွေရှိတဲ့ ခြံဝင်းတွေနဲ့ အကြီးအကျယ် လုပ်စားခဲ့ဖူးတယ်။

တရုတ်အစိုးရ ဖိအားပေးလို့ တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ဘက်မှာ ဖမ်းဆီးခံရတာ၊ ပြန်ပို့ခံရတာတွေကြောင့် ကျားဖြန့်တရုတ်တွေ ကုန်သလောက်နီးပါး ဖြစ်ပေမယ့် ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာတော့ ကျားဖြန့်တွေကို ဝာာဝန်ယူ အာမခံ လုပ်ဆောင်ပေးနေတဲ့ နယ်မြေခံတာဝန်ခံတွေက ကြိုသတင်းရပြီး ရှောင်ခိုင်းလို့ ဖမ်းမိတယ်ဆိုပေမယ့်လည်း ရာခိုင်နှုန်း အင်မတန်နည်းတဲ့ အရေအတွက်လို့ ဆိုနိုင်ပါတယ်။

တာချီလိတ်မြို့က ကျားဖြန့်တွေကို မထိရဲ၊ မဖမ်းရဲလို့ သတင်းတွေ ထွက်ပေါ်နေတဲ့ကြားက ၂၀၂၄ နှစ်ဦးပိုင်းမှာ ကျိုင်းတုံမြို့ အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တဂတ) တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဦး ကိုယ်တိုင်ဦးစီးပြီး လျှပ်တပြတ် ဝင်ဖမ်းတယ်လို့ ပြောကြပြီး၊ တာချီလိတ် ဗျူဟာမှူး သူရဇော်နဲ့ နယ်မြေခံအာဏာပိုင်တွေတောင် ဖမ်းပြီးမှ သိလိုက်ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ အမှတ်ရမိသေးတယ်။

ကျားဖြန့်တွေ ဖမ်းဆီးမှုရှိပြီးနောက် တာချီလိတ်မြို့မှာ ဓားပြမှု၊ ကြီးကြီးမားမား ပြန်ပေးဆွဲတာတို့ နည်းပါးသွားတယ်။ ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေတာတွေလည်း နည်းပါးသွားခဲ့တာ တွေ့ရတယ်။

ဒါ့အပြင် ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တဂတ) တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဦးလည်း မန္တလေး ပြောင်းရွှေ့သွားသလို တာချီလိတ်ဗျူဟာမှူး သူရဇော်လည်း မိုင်းဆတ်မြို့ကို တပ်မမှူးအနေနဲ့ ပြောင်းရွှေ့သွားခဲ့တယ်။

ဒါပေမဲ့ တာချီလိတ် ဗျူဟာမှူး ပြောင်းရွှေ့သွားပြီး ဗျူဟာမှူးအသစ် ဒုဗိုလ်မှူးကြီး သန့်လှိုင်ဝင်းမရောက်လာခင်မှာ ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တဂတ) တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် ကကြားကာလ ဗျူဟာမှူးအနေနဲ့ ဝာာဝန်ယူထားချိန်မှာ ကျားဖြန့်တွေ အတင့်ရဲ ပြန်လှုပ်ရှားနေတယ်လို့ သိရတယ်။

တာချီလိတ်မှာ စံချိန်တင် ရေကြီးလိုက်ကတည်းက နယ်မြေခံအာဏာပိုင်တွေ ကယ်ဆယ်ရေးဘက် အာရုံစိုက်နေချိန် ကျားဖြန့်တကျော့ပြန်ဖို့ အခွင့်အရေး ရနေသလို ဖြစ်နေတယ်။ ကျားဖြန့်တွေ တခန်းရပ်သွားပြီး သြဂုတ်လလယ်ပိုင်းက အစပြုလို့ ကျားဖြန့်တရုတ်တွေ ပြန်ပြီး တကျော့ပြန် ဝင်လှုပ်ရှားနေတာ တွေ့ရတယ်။

တာချီလိတ် ရှဲန်လိုင်အပန်းဖြေနေရာနဲ့ လေယာဥ်ကွင်းလမ်းပေါ်က ရွှေပန်းအောင်ဟိုတယ်တွေမှာ ကျားဖြန့်တွေ အုပ်စုလိုက် မြင်တွေ့နေရတယ်။

ကျနော် ငါးဂိမ်းပစ်ရင်း ရောက်ခဲ့ဖူးတဲ့ ရှဲန်လိုင်အပန်းဖြေခန်း နဲ့ ရွှေပန်းအောင် ဟိုတယ်မှာ လာဆော့တဲ့သူတွေ၊ အပန်းဖြေ အနားယူတဲ့သူတွေဟာ အကုန်နီးပါး ကျားဖြန့်လုပ်တဲ့ တရုတ်နိုင်ငံသားတွေ စည်ကားနေတာပါပဲ။

တာချီလိတ်မြို့က ရဲတပ်ဖွဲ့တွေကလည်း လမ်းမပေါ်က ကား၊ ဆိုင်တွေမြင်ရင် မကြာခဏ တားဆီးစစ်ဆေးနေ တာရှိပေမယ့် ကျားဖြန့်တွေကို တားဆီးစစ်ဆေးတာ မရှိပါဘူး။ တရုတ်နိုင်ငံသား ကျားဖြန့်တွေရဲ့ ကားတွေမြင်တာနဲ့ ရှောင်ပေးတယ်။

မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ ထိစပ်နေတဲ့ တာချီလိတ်မြို့ဟာ ကျားဖြန့်တွေအတွက် ခိုလှုံရာ အပန်းဖြေမြို့အဖြစ် ထင်ပေါ်လာတော့မယ့် အနေအထားပါ။

ကျားဖြန့်နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူကို ဖမ်းဆီးအရေးယူဖို့ တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေ ရှိလာပြီးနောက်ပိုင်း သျှမ်းမြောက်နဲ့ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ သာဓကလည်း ရှိခဲ့ပါပြီ။

ဒါပေမဲ့လည်း သျှမ်းမြောက်မှာ တိုက်ပွဲကြောင့် ပြည်သူတွေ အသက်ဆုံးရှုံး၊ အိုးအိမ်စည်းစိမ်တွေ ပျက်စီးတာ ယနေ့အချိန်ထိ မပြီးဆုံးသေးပါဘူး။ တိုက်ပွဲတွေမဖြစ်တဲ့ တာချီလိတ်မှာ ကျားဖြန့်တွေ တကျော့ပြန် စတင်တာကိုတော့ လုံးဝ လက်မခံနိုင်သလို ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေကို စုံစမ်းဖော်ထုတ် တားဆီးသင့်ပါတယ်။

တာချီလိတ်ဒေသခံ တစ်ဦးရဲ့ ပေးစာဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...