တာချီလိတ်မြို့

တာချီလိတ်မြို့ အွန်လိုင်းဂိမ်းလုပ်ကိုင်သူများ ဖမ်းဆီးခံရ

သျှမ်းပြည်အရှေ့ပိုင်း ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ စွမ်းမိုတယ်တွင် ဇူလိုင် (၁၁) ရက် ညနေပိုင်း၌ စစ်ကောင်စီမှ ဧည့်စာရင်းဝင်စစ်ပြီး အွန်လိုင်းဂိမ်းလုပ်ကိုင်သူ လူငယ် (၂၅) ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။ ထိုဖမ်းခံရသောသူများမှာ အွန်လိုင်းလုပ်ကိုင်သူများဖြစ်ပြီး၊ ထိုမိုတယ်တွင် အခွန်ဆောင်ထားခြင်းမရှိသဖြင့် ယခုလို...

တာချီလိတ်တွင် နေ့စဉ်နှင့်အမျှ လိမ်လည်ခိုးယူနေ သက်ဆိုင်ရာအရေးယူမှုမရှိ

မြန်မာ - ထိုင်းနယ်စပ် သျှမ်းပြည်အရှ့ပိုင်း တာချီလိတ်မြို့တွင် နေ့စဉ်နှင့်အမျှ လိမ်လည်ခိုးယူမှုဖြစ်ပွားပြီး သက်ဆိုင်ရာမှ အရေးယူမှု မရှိကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် နေ့စဉ် လုယက် ခိုးယူမှုများဆက်လက် ဖြစ်ပွားပြီး သက်ဆိုင်ရာများက အရေးယူမှုမရှိသဖြင့် ပြည်သူများ လုံခြုံရေး စိုးရိမ်နေရကြောင်း တာချီလိတ်မြို့...

တာချီလိတ်မြို့ ကျည်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် သေနတ်ကျည်ဒဏ်ရာ နှင့် ခြေလက်များကို ရိုက်ချိုးခံထားရသည့် အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းသိရသည်။ယမန်နေ့ ( ဇွန်လ ၆) ရက် ည ၁၁ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဟောင်လိတ် ရပ်ကွက်ရှိ တရုတ် သင်္ချိုင်းအနီးမှာ အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း...

တာချီလိတ်- မယ်ဆိုင် နယ်စပ်ဂိတ်ခရီးသွားဖြတ်သန်းခွင့် ကို ဇွန် ၁ရက် ဖွင့်မည်ဟုဆို

သျှမ်းရှေ့ တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်ကို ဇွန် ၁ ရက်တွင် ဒေသတွင်းနှစ်ဘက် ကုန်သွယ်ရန် အတွက် ပြန်လည်ဖွင့်လှစ်သွားမည် ဟု သတင်းရရှိသည်။ ဇွန်လ ၁ရက် မှ စတင်ပြီး မြန်မာ-ထိုင်းနယ်စပ်ဂိတ် မယ်ဆိုင်တံတားနှင့် တခြားနယ်စပ်ဂိတ်များကို Thai- Myanmar Township Border Committee (TBC)...

စစ်ခေါင်းဆောင် ရောက်သည့်ကာလအတွင်း တာချီလိတ်မှ လောင်းကစားဝိုင်းများ ပိတ်ထားခိုင်း

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့ဟောင်းတစ်ဦးထံမှ မူးယစ်ဆေးဝါးများ စစ်ဆေးဖမ်းဆီးမိခြင်း နှင့် ပက်သက်ပြီး နေပြည်တော်မှ စစ်ခေါင်းဆောင်တစ်ဦး လာရောက်စစ်ဆေးမည်ဖြစ်သဖြင့် လောင်းကစား၀ိုင်းများ ပိတ်ခိုင်းထားကြောင်း စုံစမ်းသိရသည်။ထို နေပြည်တော်မှ စစ်ခေါင်းဆောင်ရောက်ရှိလာသည့် ကာလအတွင်းတွင် တာချီလိတ်မြို့အတွင်းရှိ ကာစီနိုဝိုင်းများအပါအဝင် လောင်းကစားဝိုင်းများ အားလုံးပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။ “စစ်ကောင်စီဘက်က အရာရှိကြီး...

တာချီလိတ်မြို့ ရှိ ပြည်ခိုင်ဖြိုးရုံး ပစ်ခတ်ခံရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ပြည်ခိုင်ဖြိုးရုံး ယနေ့ (မေလ ၅ ) ရက် မနက် ၂ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ “ အဲ့လိုကြားတယ်။ ဒီနေ့မနက် ၂ နာရီလောက်လာပစ်ခတ်သွားတာ။။ သေနတ်နဲ့လာပစ်တာ။ ၁၀ ချက်ဝန်းကျင်လောက်ကြားရတယ်။ လူထိခိုက်မှုရှိမရှိတော့ မသိရဘူး”...

တာချီလိတ် အမှတ် (၁) တံတား နှစ်နိုင်ငံ အစိုးရများ တရားဝင် ဆွေးနွေးညှိနှိုင်းမှသာ ဖွင့်လှစ်နိုင်မည်

မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် (၁) ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရ တရားဝင် ဆွေးနွေးညှိနှိုင်းပြီးမှ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်ရေး နှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အစိုးရအချင်းချင်း တရားဝင် ဆွေးနွေးလာခြင်းမျိုးမရှိသေးကြောင်း၊...

တာချီလိတ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကွဲပြီးနောက် စစ်ဆေးဖမ်းဆီးမှုများရှိနေ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယမန်နေ့က စစ်တပ်ထောက်ခံပွဲပြုလုပ်နေစဉ် အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒေသခံများအား စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၁ရက်) စစ်ကောင်စီအာဏာသိမ်း တစ်နှစ်ပြည့်သည့်နေ့တွင် တာချီလိတ်မြို့၌ စစ်တပ်ထောက်ခံပွဲ ပြုလုပ်နေစဉ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယမန်နေ့ ညပိုင်းနှင့်...

တာချီလိတ်မြို့တွင်း အချုပ်ကား၊ ရဲကား၊ စစ်ကား လှည့်လည် ကင်းစောင့်နေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ယနေ့ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ အချုပ်ကား၊ စစ်ကားတို့က အင်အားအများအပြားဖြင့် မြို့တွင်း ကင်းလှည့်သွားလာနေလျက်ရှိကြောင်း စုံစမ်း သိရှိရသည်။ “သွားလာနေတာကို တွေ့လိုက်တယ်။ ရဲကား၊ အချုပ်ကား၊ စစ်သားတွေရော အများကြီး သွားလာနေတာ။ စစ်ကားတော့ အထဲမှာ...

တာချီလိတ်မြို့ စစ်ကောင်စီမှ NLD ပါတီဝင်များကို ဗုံးပေါက်ကွဲမှုဖြင့် စွပ်စွဲ ဖမ်းဆီးနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်များနှင့် အပြစ်မဲ့ပြည်သူများကို ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး စွပ်စွဲ ဖမ်းဆီးနေကြောင်း သိရသည်။ တာချီလိတ်မြို့မှ မြို့မရဲစခန်းဝန်းအတွင်း ရဲလိုင်းခန်းအပါအဝင် ရက်သတ္တပတ်အတွင်း (၄)ကြိမ်မြောက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စကို NLD ပါတီဝင်များနှင့် လူငယ်များက ပြုလုပ်ခဲ့သည်ဟု...

Latest news