Tuesday, January 27, 2026

ညီနောင်မဟာမိတ်

“၁၀၂၇ စစ်ဆင်ရေး” အတွင်း သိန္နီ နေအိမ် ၆၀၀ ထပ်မနည်းပျက်စီး၊နေရာထိုင်ခင်းခက်ခဲ

သျှမ်းပြည် သိန္နီမြို့နယ်တွင် "၁၀၂၇ စစ်ဆင်ရေး" အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တိုက်ပွဲတို့ကြောင့် နေအိမ် ၆၀၀ ထပ်မနည်း ပျက်စီး၊နေရာထိုင်ခင်း ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်ခဲ့သည် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့၏ "၁၀၂၇ စစ်ဆင်ရေး"အတွင်း သိန္နီမြို့ပေါ်နှင့်ကျေးရွာ...

TNLA နှင့် စစ်ကောင်စီတို့၏ မာရှယ်လောအကြား ဒေသခံများ ဒွိဟဖြစ်၊ လုံခြုံရေး စိုးရိမ်

သျှမ်းပြည် မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်နိုင်ခဲ့သည့် မြို့များတွင် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတို့၏ မာရှယ်လောကြောင့် ဒေသခံများ ဒွိဟဖြစ်ပြီး လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ၄ ရက်တွင် စစ်ကောင်စီတပ်က မန်တုံ၊ နမ့်ဆန်နှင့်...

နမ့်စန်မြို့ရှိ စစ်ကောင်စီ လေတပ်စခန်းမှ လေယာဥ်အတက်အဆင်း နေ့/ည ပျံသန်းမှု ရှိနေ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းမှ တိုက်လေယာဥ် အတက် အဆင်းသည် နေ့/ည အချိန်မရွှေးပျံသန်းမှု ရှိနေကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း နမ့်စန်မြို့ရှိ စစ်ကောင်စီ လေတပ်စခန်းမှ တိုက်လေယာဥ်များသည် တစ်နေ့လျှင် ပျှမ်းအားဖြင့် ၅ ကြိမ် မှ ၆ ကြိမ် အထိ...

သျှမ်းပြည် မြောက်ပိုင်း အပစ်ခတ်ရပ်စဲရေး မြေပြင်အသက်မဝင်

တရုတ်နိုင်ငံ ကြားဝင်ညှိနှိုင်းမှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် တွေ့ဆုံခဲ့ပြီး သျှမ်းပြည်မြောက်ပိုင်းဒေသ တိုက်ပွဲတွင် နှစ်ဖွဲ့အကြားယာယီအပစ်ခတ်ရပ်စဲမည်ဟု သဘောတူကြသော်လည်း လက်ရှိအချိန်ထိ မြေပြင်၌ တိုက်ပွဲကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ရဆဲဖြစ်ကြောင်း သိရသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့အကြား ယာယီအပစ်ခတ်ရပ်စဲရေး ကြေညာပြီး (၅) ရက်အတွင်း နောင်ချို၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊...

ကျောက်မဲမြို့ အမျိုးသားကို ညီနောင်မဟာမိတ်တပ်အတွက် ရိက္ခာဝယ်ပေးသူဟု စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်မှ အမျိုးသား တစ်ဦးကို မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ အတွက် ရိက္ခာဝယ်ယူပေးသူဟု စွပ်စွဲကာ စစ်ကောင်စီ တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ်မှ အသက် (၃၀)...

စစ်ပွဲကြားက တရုတ်၏ နယ်စပ်ကုန်သွယ်ရေး အိပ်မက် အလုပ်ဖြစ်နိုင်လား

“စစ်ပွဲ ယာယီ ရပ်စဲရေး” လက်မှတ်ထိုးခဲ့ပြီ ဖြစ်သည်။ သို့သော် မြေပြင်တွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ရာ စစ်ပွဲ ယာယီ ရပ်တန့်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်စလိုသည့် တရုတ်၏ အိပ်မက် လက်တွေ့ကျ မကျမှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာသည်။ သျှမ်းမြောက် စစ်ပွဲများ အရှိန်ပြင်းထန်နေပြီး...

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာရန် ဆက်လက် ဆောင်ရွက်သွားမည်ဟုဆို

တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပြီး နှစ်ဖက်တပ်ဖွဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့တဲ့ (ဇန်ဝါရီလ ၁၀ ရက် ၁၁ ရက်)အထိ တရုတ်နိုင်ငံ ကူးမင်းမြို့မှာ တွေ့ဆုံခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုရရှိသည့်အပေါ်တွင်...

တောင်ကြီး စစ်တပ်နှင့် PNO တို့ နေ့စားခငှားပြီး ညီနောင်မဟာမိတ် အလိုမရှိ ဆန္ဒပြခိုင်း

တောင်ကြီးမြို့ပေါ်တွင် စစ်တပ်နှင့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တို့မှ ပူးပေါင်းပြီး ပြည်သူများကို နေ့စားခပေးကာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ယနေ့( ဇန်နဝါရီလ ၁၂) ရက် တွင် တောင်ကြီးမြို့ပေါ်တွင် စစ်တပ်နှင့် PNOတို့ ပူးပေါင်းပြီး ညီနောင် မဟာမိတ်...

ညီနောင်မဟာမိတ်(၃)ဖွဲ့ နှင့် စစ်ကောင်စီ ယာယီအပစ်ရပ်၊မြေပြင် တိုက်ပွဲဖြစ်ပွားဆဲ

ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် စစ်ကောင်စီတို့အကြား နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရေး သဘာတူညီမှုရရှိခဲ့သော်လည်း လက်ရှိအချိန်ထိ မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေဆဲကြောင်း သတင်းသိရသည်။ ပြီးခဲ့တဲ့ (ဇန်နဝါရီလ ၁၀ ရက်မှ ၁၁ ရက်) အထိ နှစ်ရက်ကြာ တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့်သည် တရုတ်နိုင်ငံ ကူးမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ရာ...

စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် တတိယအကြိမ်ဆွေးနွေးမှု ရလဒ်မကောင်း

သျှမ်းမြောက်ဒေသတွင် စစ်ရေးပြင်းထန်နေကြသည့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့သည့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ တတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး ရလဒ်မကောင်းကြောင်း သတင်းထွက်ပေါ်လာသည် ။ ပြီးခဲ့သည့် ရက်ပိုင်း (ဇန်နဝါရီလ ၇ ရက်) မှ (ဇန်နဝါရီလ ၉ ရက်)အထိ တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုနှင့် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့...

Latest news