နမ့်စန်မြို့ရှိ စစ်ကောင်စီ လေတပ်စခန်းမှ လေယာဥ်အတက်အဆင်း နေ့/ည ပျံသန်းမှု ရှိနေ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းမှ တိုက်လေယာဥ် အတက် အဆင်းသည် နေ့/ည အချိန်မရွှေးပျံသန်းမှု ရှိနေကြောင်း စုံစမ်းသိရသည်။

နမ့်စန်လေတပ်

ယခုရက်ပိုင်းအတွင်း နမ့်စန်မြို့ရှိ စစ်ကောင်စီ လေတပ်စခန်းမှ တိုက်လေယာဥ်များသည် တစ်နေ့လျှင် ပျှမ်းအားဖြင့် ၅ ကြိမ် မှ ၆ ကြိမ် အထိ အတက်အဆင်းပြုလုပ် ပျံသန်း နေလျက်ရှိကြောင်း အသက် (၃၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်လေယာဥ်ဆိုတာ သိတဲ့ အတိုင်းလေ အသံတွေ အရမ်းကျယ်တာ။ နေ့ဘက် ပျံတဲ့ အချိန်မှာဆိုရင် နိမ့်နိမ့်လေးပဲ ပျံကြတာ။ မိုးကာ မိုးထားတဲ့ အမိုးတွေ၊ ထီးတွေဆို လွင့်ကုန်တာ။ ညဘက်ဆိုလည်း အဲ့ အသံ ကြားတာနဲ့ လူက လန့်နှိုးပြီး တော်တော်နဲ့ အိပ်မရပြန်ဘူး။ ဒီလိုဖြစ်တာ တစ်ပတ်ဆယ်ရက် ရှိပြီ” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ အသက် (၃၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ နမ့်စန်တိုက်လေယာဥ် နေ့/ည အချိန်မရွှေး ပျံသန်းမှုကြောင့် ဒေသခံများအတွက် အနှောင့်အယှက် ဖြစ်ရသကဲ့သို့ သက်ကြီး ရွယ်အို နှင့် နှလုံးရောဂါရှိသူများ၊ ထိတ်လန့်လွယ်သူများအတွက် လည်း စိုးရိမ်ရကြောင်း ဒေသခံများက ဆက်ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် နမ့်စန်မြို့မှ တိုက်လေယာဥ်များ၊ စစ်ရဟတ်ယာဥ်များဖြင့် သျှမ်းပြည် မြောက်ပိုင်း အတွင်းဖြစ်ပွားနေသည့် ၁၀၂၇ စစ်ဆင်ရေး ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် ထိုးစစ်ဆင် တိုက်ခိုက်ရေးတို့၌ အသုံးပြုနေကြောင်းလည်း နမ့်စန်မြို့မှ စစ်တပ် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီက တိုက်လေယာဥ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်တဲ့ နေရာတွေကို သွားတိုက်ကြတာလေ။ အခုဆို တပ်ထဲမှာ လည်း ဘယ်သူက ရှေ့တန်းထွက်ရမယ် အလှည့်ကျဖြစ်အောင် စီစဥ်ပေးသင့်တယ် ဆိုပြီး အငြင်းပွား နေတာတွေ လည်း ရှိနေကြပြီ။ မထွက်ချင်ကြဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ နေ့တိုင်းတော့ လေယာဥ် အတက်အဆင်း ရှိနေတယ်” ဟု နမ့်စန်မြို့မှ စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ သျှမ်းပြည် ၊ ကွတ်ခိုင်မြို့နယ် ၊ နမ့်ဖတ်ကာ၌ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ပစ်ချလိုက်သည့် စစ်ကောင်စီတပ်၏ လေတပ်မှ FTC 2000G တိုက်လေယာဉ်မှ လေယာဉ် မှူး ဗိုလ်မှူးကျော်သူရ နှင့် တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးကောင်း ထက်စံတို့သည် နမ့်စန်လေတပ်စခန်းမှ ဖြစ်ကြကြောင်းလည်း ခေတ်သစ် သတင်းဌာနက ရေးသား ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...