“၁၀၂၇ စစ်ဆင်ရေး” အတွင်း သိန္နီ နေအိမ် ၆၀၀ ထပ်မနည်းပျက်စီး၊နေရာထိုင်ခင်းခက်ခဲ

သျှမ်းပြည် သိန္နီမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တိုက်ပွဲတို့ကြောင့် နေအိမ် ၆၀၀ ထပ်မနည်း ပျက်စီး၊နေရာထိုင်ခင်း ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်ခဲ့သည် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့၏ “၁၀၂၇ စစ်ဆင်ရေး”အတွင်း သိန္နီမြို့ပေါ်နှင့်ကျေးရွာ ၁၀ရွာကျော်မှ ဘာသာ‌ရေးအဆောက်အဦးနှင့် နေအိမ် ၆၀၀ ထပ်မနည်း ပျက်စီးခဲ့ပြီး ဒေသခံများ နေရာအထိုင်ခင်းနှင့် စားဝတ်နေရေး အခက်အခဲရှိနေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ကို ပြောသည်။

“နေအိမ် ၆၀၀ ကျော်အကူညီလိုနေကြတာပေါ့။ ပြေးလာတာ ၃ လ ၄ လ ဘာမှမလုပ်ရဘူးလေ၊ပြန်‌တော့လည်း ဘာအလုပ်မှလုပ်လို့မရတော့ဘူး။အိမ်တွေပြန်ပြင်ဖို့အတွက်မပြောနဲ့ စားဖို့သောက်ဖို့တောင်ခက်နေတာ။နေရပ် ပြန်သွားတဲ့ဟာတွေကလည်း ပျက်စီးနေတဲ့အိမ်မှာပဲနေနေကြတာ။ တချို့တွေက ပြင်ဖို့မရှိတော့ မိုးကာလေးနဲ့ သဲထိုးပြီး နေရတာတွေရှိတာပေါ့။”ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုတိုက်ပွဲပြင်းထန်မှုကြောင့် ပျက်စီးသွားသော နေအိမ်များသည် မီးလောင်ခြင်း၊လက်နက်ကြီး၊ငယ်နှင့် လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက် မှုများကြောင့် ပျက်စီးသွားခဲ့ရပြီး ပြည်သူများအတွက် မည်သည့် တပ်ဖွဲ့၊ တာဝန်ရှိ အဖွဲ့အစည်းမှ ကူညီဆောင်ရွက်မှုမရှိသေးကြောင်း ၎င်းက ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

ထို့ပြင် “၁၀၂၇ စစ်ဆင်ရေး”အစပိုင်းတွင် ဖျက်ဆီးခံလိုက်ရသည့် သိန္နီမြို့အဝင် နမ္မတူတံတားကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖေဖော်ဝါရီလ ၃ ရက်‌နေ့မှ စတင်ကာ ၈ ရက်နေ့အထိ ပြန်လည် တည်ဆောက်ပေးခဲ့ပြီး တန် ၈၀ ခံနိုင်မည့် သံမဏိ သံဘောင်တံတား အမျိုးအစားဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...