သျှမ်းပြည် မြောက်ပိုင်း အပစ်ခတ်ရပ်စဲရေး မြေပြင်အသက်မဝင်

တရုတ်နိုင်ငံ ကြားဝင်ညှိနှိုင်းမှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် တွေ့ဆုံခဲ့ပြီး သျှမ်းပြည်မြောက်ပိုင်းဒေသ တိုက်ပွဲတွင် နှစ်ဖွဲ့အကြားယာယီအပစ်ခတ်ရပ်စဲမည်ဟု သဘောတူကြသော်လည်း လက်ရှိအချိန်ထိ မြေပြင်၌ တိုက်ပွဲကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ရဆဲဖြစ်ကြောင်း သိရသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့အကြား ယာယီအပစ်ခတ်ရပ်စဲရေး ကြေညာပြီး (၅) ရက်အတွင်း နောင်ချို၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ လားရှိုး နှင့် မူဆယ်မြို့နယ်တို့မှာ စစ်ကောင်စီက လေကြောင်းဖြင့် သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း တိုက်ခိုက်မှုပြု လုပ်နေဆဲကြောင်း TNLAမှ ထုတ်ပြန်ထားသည်။

အလားတူ ကျောက်မဲမြို့နယ်တွင်လည်း ယာယီအပစ်ရပ်ကြောညာအပြီး (ဇန်နဝါရီလ ၁၃ ရက်)မှာ စစ်ကောင်စီတပ်နှင့် TNLAတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
လက်ရှိအချိန်ထိ ကျောက်မဲမြို့နယ်တွင် နှစ်ဖက်တပ်ဖွဲ့အကြား စစ်ရေးတင်းမာနေလျက်ပြီး တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေသလို စစ်ဘေးရှောင်များလည်း နေရပ်မပြန်ရဲ သေးကြောင်း ကျောက်မဲမြို့ စစ်ရှောင်ကော်မတီတစ်ဦးကပြောသည်။

“လက်နက်ကြီးပစ်ခတ်သံတွေတော့ တစ်ချက်ချက်ကြားရသေးတယ်။ ဘယ်ချိန်တိုက်ပွဲထဖြစ်လာမှာတော့ မသိဘူး။ ပြီးခဲ့ရက်တုန်းကလည်း ငြိမ်းချက်းရေးကုန်းမှာ ဖြစ်သေးတယ်။ ဒါတောင် သူတို့ယာယီအပစ်ခတ် ရပ်စဲရေးလို့ပြောတာ။ ကျနော်တို့ကတော့ တိုက်ပွဲထပ်ဖြစ်မှာကိုပဲစိုးရိမ်တယ်။ကြောက်တယ်။ စစ်ရှောင်လာတဲ့ သူတွေလည်း အိမ်မှာလက်နက်ကြီးတွေကျနေလို့ နေရပ်မပြန်ရဲကြသေးဘူး” ဟု ၎င်းက ပြောသည်။

ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၅၀၀ ကျော်ရှိရာ ထိုထဲမှ ၂၀၀ ကျော်သည် နောင်ပိန်ကျေးရွာရှိ စစ်ဘေးရှောင်များ ဖြစ်သည်။

ထို့အပြင် မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင်လည်း စစ်ကောင်စီဘက်က ထောက်ပို့ယာဉ်ဖြင့် လက်နက်ခဲယမ်းများ၊ လူအင်အားများဖြင့် (ဇန်နဝါရီလ ၁၄ ရက်)တွင် စစ်အင်အား ဖြည့်တင်းနေကြောင်း သိရသည်။

မူဆယ်မြို့ ဒေသခံတစ်ဦးက “မနေ့ညကလည်း ပစ်ခတ်သံတွေ ထပ်ကြားရသေးတယ်။ မြေတောင်တုန်တယ်” ဟု ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ အပစ်ရပ်စဲရေးကာလအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA)သည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှ စစ်ကောင်စီ၏ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၍ ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်)တွင် သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့နှင့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ အပစ်ရပ်မည်ဟု သဘောမတူခင် (ဇန်နဝါရီလ ဒုတိယအပတ်အတွင်း)က စစ်ကောင်စီဘက်မှ လက်လွှတ်ပေးလိုက်ရသည့် မိုးကိုး၊ ချင်းရွှေဟော်တို့ နေရာများကို ပြန်လည်လုံခြုံမှု တည်ဆောင်နိုင်ဖို့အတွက် ဆောက်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီထုတ်သတင်းစာမှာ ပြောဆိုခဲ့ဖူးသည်။

ထို့ကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ သဘောတူကြီခဲ့ကြသည့် ယာယီအပစ်ခတ် ရပ်စဲရေးသည်မှာလည်း မြေပြင်တွင် အသက်မဝင်သကဲ့သို့ တရုတ်အစိုးရ၏ ဖိအားကြောင့်သာ သဘောတူညီခဲ့သည့် ဟန်ပြရပ်စဲရေးတစ်ရပ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...