Tuesday, May 21, 2024

ညီနောင်မဟာမိတ်

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာရန် ဆက်လက် ဆောင်ရွက်သွားမည်ဟုဆို

တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပြီး နှစ်ဖက်တပ်ဖွဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့တဲ့ (ဇန်ဝါရီလ ၁၀ ရက် ၁၁ ရက်)အထိ တရုတ်နိုင်ငံ ကူးမင်းမြို့မှာ တွေ့ဆုံခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုရရှိသည့်အပေါ်တွင်...

တောင်ကြီး စစ်တပ်နှင့် PNO တို့ နေ့စားခငှားပြီး ညီနောင်မဟာမိတ် အလိုမရှိ ဆန္ဒပြခိုင်း

တောင်ကြီးမြို့ပေါ်တွင် စစ်တပ်နှင့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တို့မှ ပူးပေါင်းပြီး ပြည်သူများကို နေ့စားခပေးကာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ယနေ့( ဇန်နဝါရီလ ၁၂) ရက် တွင် တောင်ကြီးမြို့ပေါ်တွင် စစ်တပ်နှင့် PNOတို့ ပူးပေါင်းပြီး ညီနောင် မဟာမိတ်...

ညီနောင်မဟာမိတ်(၃)ဖွဲ့ နှင့် စစ်ကောင်စီ ယာယီအပစ်ရပ်၊မြေပြင် တိုက်ပွဲဖြစ်ပွားဆဲ

ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် စစ်ကောင်စီတို့အကြား နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲရေး သဘာတူညီမှုရရှိခဲ့သော်လည်း လက်ရှိအချိန်ထိ မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေဆဲကြောင်း သတင်းသိရသည်။ ပြီးခဲ့တဲ့ (ဇန်နဝါရီလ ၁၀ ရက်မှ ၁၁ ရက်) အထိ နှစ်ရက်ကြာ တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့်သည် တရုတ်နိုင်ငံ ကူးမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ရာ...

စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် တတိယအကြိမ်ဆွေးနွေးမှု ရလဒ်မကောင်း

သျှမ်းမြောက်ဒေသတွင် စစ်ရေးပြင်းထန်နေကြသည့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့သည့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ တတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး ရလဒ်မကောင်းကြောင်း သတင်းထွက်ပေါ်လာသည် ။ ပြီးခဲ့သည့် ရက်ပိုင်း (ဇန်နဝါရီလ ၇ ရက်) မှ (ဇန်နဝါရီလ ၉ ရက်)အထိ တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုနှင့် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့...

သိန္နီမြို့ရှိ စကခ-၁၆ ကို ညီနောင်မဟာမိတ်တပ်နှင့် PLA ၊ BPLA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

သျှမ်းပြည် သိန္နီမြို့အခြေစိုက် စစ်‌ကောင်စီတပ် စကခ-၁၆ ကို ညီနောင်မဟာမိတ် တပ်များနှင့်အတူ PLA ၊ BPLA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်) နံနက် ၉ နာရီခန့်မှစ၍ သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆...

မိုင်းယော်တွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ မိုင်ယော်တိုက်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်) ည ၇ နာရီကျော်ခန့်က လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင်...

ကွတ်ခိုင်မြို့ အဝင်၊ အထွက် ယာယီပိတ်ထား

သျှမ်းပြည် ကွတ်ခိုင်မြို့၏ အဝင်၊ အထွက် လမ်းများအားလားလုံးကို ယနေ့ (ဇန်နဝါရီလ ၇ ရက်)မှစပြီး နှစ်ရက်အတွင်းယာယီပိတ်ထားကြောင်းလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယနေ့ (ဇန်နဝါရီလ ၇ ရက်) မှ (ဇန်နဝါရီလ ၈ ရက်)အထိ နှစ်အတွင်း ကွတ်ခိုင်မြို့၏ အဝင်၊ အထွက် လမ်းများအားလုံးကို ဖြတ်သန်းသွားလာခွင့်မပြုကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်မှ ပြောဆိုလိုက်ကြောင်း လူမှုကူညီရေးအသင်းဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့နဲ့ မနက်ဖြန်ကို ဝင်၊ ခွင့် ပိတ်ထားတယ်။ အရင်ရက်တွေလည်း ပြည်သူတွေက ဝင်လာတယ်။ ကျနော်တို့လူမှုကူညီရေးအသင်းဖွဲ့ကားတွေတော့ အဲ့လိုပြောဆိုဝင်သွားတဲ့ အတွက် လွန်ခဲ့တဲ့ ၄ ရက်၊ ၅ ရက်လောက်ထိ တစ်နေ့နှစ်ကြိမ်နှုန်းနဲ့ မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတွေကော၊ ဒဏ်ရာရသူတွေကော သွားပြီးသယ်ပါတယ်” ဟု ၎င်းက ပြောသည်။ တစ်ဖက်တွင်လည်ညး ညီနောင်မဟာမိတ်ထံသို့ လက်ချခဲ့သော ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ကလည်း ၎င်းမိသားစုဝင်များနှင့်အတူ ကားအစီးအရေ (၂၀) ကျော်ဖြင့် မြို့ကို ယမန်နေ့ ( ဇန်နဝါရီလ ၆ ရက်) ညပိုင်းတွင် စွန့်ခွာထွက်ခွာသွားကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်မှစပြီး ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီဘက်မှ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီဘက်မှ လက်နက်ချခြင်းကိစ္စနှင့် ပတ်သက်၍ ညီနောင်မဟာမိတ်ဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီဘက်မှ ကွတ်ခိုင်မြို့ရှိ ဗျူဟာကုန်းစခန်းအတွင်း ထောက်ပို့လေယာဉ် Y12 ဖြင့် (၁) ကြိမ် လက်နက်ခဲယမ်းများ လာရောက်ပို့ချခဲ့ကြောင်း TNLA၏  ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) ညပိုင်းထုတ်ပြန်ချက်အရသိရသည်။ လက်ရှိတွင် တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိနေသည်။

သျှမ်းတော်လှန်ရေး ဘယ်လဲ

မြေပြင်တွင် တံတားများ ပြိုကျနေသည်။ အိုးအိမ် အပျက်အစီးများသည် မျက်စိ တဆုံးဟု ဆိုရမည်။ သို့သော် ရက် ၆၀ ကျော် ကြာြမင့်လာပြီဖြစ်သည့် တော်လှန်ရေးတပ်များ၏ ထိုးစစ်သည် အောင်မြင်မှုများစွာဖြင့် အရှိန်မြင့်သထက် မြင့်လာနေဆဲ ဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုဟု ကြွေးကြော်ကာ...

သိန္နီမြို့ရှိ ခလရ-၆၉ ကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်

သျှမ်းပြည် သိန္နီမြို့အခြေစိုက် ခလရ-၆၉ ကို ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) နံနက် ၉ နာရီအချိန်ခန့်က သိန္နီမြို့နယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၉ ကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲအကြား...

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၅ ရက်) နံနက်ပိုင်းမှစ၍ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။ “နှစ်ဘက်ထိတွေ့မှုဖြစ်တာပေါ့။ ကိုးကန့်တပ်နဲ့...

Latest news