Thursday, May 2, 2024

ဆီဆိုင်မြို့နယ်

ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေနဲ့ ကြုံတွေ့နေရဆဲ

သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များသည် အလှူရှင် မရှိသောကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေ နှင့် ကြုံတွေ့နေရဆဲ စုံစမ်း သိရသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ ၃ လကြာ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များသည် ပုံမှန်လစဉ် ကူညီထောက်ပံ့ ပေးနေသည့် အလှူရှင်များမှ ထောက်ပံ့မှု ရပ်တန့်သွားသောကြောင့် စစ်ရှောင်များက...

ဆီဆိုင်မြို့နယ် စစ်ရှောင်ကလေး များလာသည့်အတွက် စာသင်ဆောင် မလုံလောက်

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ကယန်းလေးရွာရှိ မူလတန်းကျောင်းတွင် စစ်ရှောင် ကလေးများလာသည့်အတွက် စာသင်ကျောင်းဆောင် မလုံလောက်မှု ဖြစ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကယန်းလေးရွာရှိ အစိုးရ မူလတန်းကျောင်းတွင် ကျောင်းခန်း (၅) ခန်း သာရှိပြီး လူဦးရေ ၁၇၀ ဝန်းကျင်သာဆံ့သည်။ “ ရွာခံကော၊ စစ်ရှောင်ကော လူဦးရေများလာတာ။...

ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် အလှူရှင်များထံမှ ကူညီထောက်ပံ့မှုများ မရရှိတော့သဖြင့် စားနပ်ရိက္ခာများ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစ၍ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် ဒေသခံများထံမှ ကူညီထောက်ပံ့မှု အပါအဝင် NGO၊ INGO များထံမှ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုကြောင့် တစ်လစာသာရရှိထားကြောင်း သိရသည်။ မတ်လကုန်ပိုင်းမှစပြီး...

ဆီဆိုင်မြို့နယ် စစ်ရှောင် စားစရာမရှိ၊ အိမ်တိုင်ရောက် တောင်းစားနေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် သျှမ်း - ကယားနယ်စပ်ဒေသရှိ စစ်ဘေးရှောင်များ စားစရာ မရှိသဖြင့် ဒေသခံများထံ အိမ်တိုင်ရောက် ဆန်တောင်းစားနေရကြောင်း စုံစမ်းသိရသည်။ အောင်ကလပ်ရွာ မှ စစ်ဘေးရှောင် စစ်ဘေးရှောင်များသည် ထွက်ပြေးတိမ်းရှောင်လာချိန် ကြာလာသည်နှင့်အမျှ အလှူရှင်များထံမှ ကူညီထောက်ပံ့မှုများ ပုံမှန်မရရှိခဲ့ကာ အကူညီထောက်ပံ့မှု ပြတ်လပ်လာသဖြင့် အနီးအနားကျေးရွာရှိ...

ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ ကိုရင် ၃ ပါး ပျောက်ဆုံးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ ကိုရင် ၃ ပါးသည် ယနေ့ (ဧပြီ ၂၁) ရက် နံနက်ပိုင်းမှ စပြီး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီလ ၂၁ ရက်) နံနက် ၈ နာရီကျော် အချိန်မှစပြီး နောင်မွန်ကျေးရွာအုပ်စုရှိ အမည်မဖော်လိုသည့်...

ဆီဆိုင်မြို့နယ် လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီး

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ကယန်းလေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အိမ်ခြေ ၃၀ ကျော် ပျက်စီးဆုံးရှုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၁၇ ရက်) ညနေပိုင်းတွင် ဆီဆိုင်မြို့နယ် ကယန်းလေးရွာမှာ လေပြင်း တိုက်ခိုက်မှုကြောင့် ဒေသခံ အိမ်ခြေ ၃၀ ကျော်တွင် အိမ်ခေါင်မိုး...

ဆီဆိုင် စစ်ရှောင်များ ရေရှားပြဿနာကြုံတွေ့နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း (၅) နေရာခန့်မှ စစ်ရှောင်များသည် ရေရှားပါး ပြဿနာ နှင့် ကြုံတွေ့နေရသဖြင့် အကူညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ နှစ်စဉ်နှစ်တိုင်း နွေဦးကာလသို့ ရောက်ရှိလျှင် ရေရှားပါးသော ပြဿနာ အမြဲကြုံတွေ့ နေရသည့် ဆီဆိုင်မြို့နယ် ဘုရားဖြူ၊ နောင်ကျော၊ ပန်တိုင်း...

မွေးဖွားစရိတ်အတွက် ပူပန်သောက ရောက်နေတဲ့ စစ်ရှောင်ကိုယ်ဝန်သည်များ

“ပြောင်းဖူးခြံထဲမှာ နေကလည်းပူ၊ ယားကလည်းယား အဲ့လိုတော့ ခံစားရတာပေါ့။ တစ်ဖက်က ကိုယ့်အတွက်လည်း စားဝတ်နေရေးက လိုအပ်တယ်” လို့ အသက် ၃၇ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ဒေါ်ဆာတီးနာက ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။ ဒေါ်ဆာတီးနာ ဟာ လက်ရှိမှာ ကိုယ်ဝန်ဆောင် (၈) လ လွယ်ထားရပြီး...

ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်း ၄ နေရာ ကလေးငယ်များ ပညာသင်ကြားခွင့်မရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ကယားပြည် (ကရင်နီ) မှ စစ်ရှောင်ကလေးငယ်များသည် စာသင်ပေးမည့် ဆရာ၊ ဆရာမများ မရှိသည့်အတွက်ကြောင့် ပညာသင်ကြားခွင့် မရကြောင်း သတင်းရရှိသည်။ စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲကြောင့် (၁) နှစ်ကျော်ကြာ ဆီဆိုင်မြို့နယ်...

(PNO/PNA) ပြုလုပ်သည့် စစ်သင်တန်းကို ဒေသခံ လူငယ်များက မလိုလား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) ပြုလုပ်သော ရပ်ရွာလုံခြုံရေး စစ်သင်တန်းကို ဒေသခံလူငယ်များက သဘောမကျကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီး ၂၀၂၂ မေလမှ စပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) က တစ်အိမ်လျှင် ငွေ ၃ သောင်းနှင့် ဆန်တစ်ပြည်ကို တောင်းခံခဲ့ပြီး...

Latest news