ဆီဆိုင်မြို့နယ် အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် PNLA စစ်ရေးတင်းမာ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာအတွင်းသို့ အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ် နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်တို့သည် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဆိုက်ခေါင်ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံတပ်များသည် ဖေဖော်ဝါရီလ ၅ ရက်ကတည်းက ဆိုက်ခေါင်ကျေးရွာ၏ အရှေ့ဘက်သို့ အမြှောက်တပ်များ လာရောက်တပ်စွဲထားသကဲ့သို့ ဇောတိကရာမကျောင်းတိုက်အတွင်း အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီလက်အောက်ခံတပ်သားများ တပ်စွဲကာ စစ်အင်အားဖြည့်တင်းနေခြင်း ဖြစ်ကြောင်း ဆိုက်ခေါင်ဒေသခံအချို့က ပြောသည်။

ယင်းအပြင် ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဉ် ကျေးရွာတို့၏အရှေ့ဘက်မှ တွေးပူး၊ ပြင်သာယာ၊ လွယ်ပွတ်၊ ဗန်းကန်၊ ဗန်းနောင်ကား၊ ကောင်းဗန်တန်း၊ ဆောဆား၊ ဗန်းဗလန်၊ ထီဗွာ စသည့် ကျေးရွာပေါင်း ၁၃ ရွာခန့်တွင် ပအိုဝ်းတပ်ဖွဲ့ PNLA တပ်ဖွဲ့များ ရောက်ရှိနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဆိုက်ခေါင်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

“ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယာဉ်အရှေ့ဘက်မှာ စစ်ဗျူဟာအရ စစ်ရေးအရမ်မးတင်းမလာတယ်။ စစ်တပ်ကလည်း လူအင်အား နေ့ရောညရော ဖြည့်တင်းနေတယ်။ ဟိုဘက်ကလည်း လူအင်အားထောင်ချီ ရောက်နေပြီ။ စစ်တပ်ကလည်းလူအင်အား ၇၀၀ ကျော်ဖြည့်ထားတယ်။ ဆိုင်ခေါင်နားမှာ စုစုပေါင်း အမြောက်တပ် ၃ တပ်နဲ့ တပ်ရင်း ၅ ခုစာအင်းအားဖြည့် စစ်မျက်နှာသာဖွင့်ပြီး စောင့်နေတာ” ဟု ပြောသည်။

ထို့ကဲ့သို့ စစ်ရေးတင်းမာနေသောကြောင့် အချိန်မရွေး စစ်မြေပြင်တိုက်ပွဲဖြစ်ပွားလာနိုင်သဖြင့် ဆီဆိုင်-ဟိုပုံးကြား လမ်းတကြောကျေးရွာနှင့် ပြည်ထောင်စုလမ်းမအရှေ့ဘက်ရှိ ကျေးရွာအချို့မှာ ပြောင်းရွှေ့ထားရပြီးဖြစ်သလို မပြောင်းရွေ့ရသေးသည့် ကျေးရွာများလည်း ကျန်ရှိနေပြီး ဘေးလွတ်ရာကြိုတင်တိမ်းရှောင်ထားရန် ၎င်းကဆက်ပြောသည်။

လက်ရှိတွင် စစ်ရေးအခြေအနေအလွန်ရှုပ်ထွေးနေသည့် တိုက်ပွဲကာလဖြစ်သောကြောင့် ဆိုက်ခေါင်မှ ဆီဆိုင်မြို့သို့ ဆက်သွယ်သည့် ပြည်ထောင်စု ကားလမ်းမကြီးအား ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားမည်ဖြစ်ကြောင်းလည်း PNLAက ထုတ်ပြန်ထားသည်။

ထို့အပြင် ဆိုက်ခေါင်အနီးတဝှိက် ဆီဆိုင်မြို့သို့ ပြည်ထောင်စုလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် ဆက်သွယ်ထားသည့် ကျေးရွာလမ်းငယ်များ၊ နမ်းတဘက်ချောင်းအနောက်ဘက်ရှိ ကက္ကူမှ ဆီဆိုင်မြို့အနောက်ဘက်ရှိ နမ်းတဘက်ချောင်း အနောက်ဘက်ဒေသများကို ဆက်သွယ်ထားသော တောလမ်များလည်း သွားလာခွင့် ယာယီပိတ်ထားကြောင်း ဆိုသည်။

စစ်ရေးတင်းမာသည်နှင့်အမျှ စစ်ရေးအတွင်း မသက်ဆိုင်သည့် ကျေးရွာနှင့် မြို့များကို စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်ဖြင့် ဗုံးကြဲမည်ကို စိုးရိမ်နေကြောင်း ဆီဆိုင်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

“တကယ့်ဖြစ်လာရင် စစ်မြေပြင်လူသက်ကွင်းကြီးဖြစ်မှာ။ စစ်တပ်က အမြောက်နဲ့ပစ်မှာကို လေယာဉ်နဲ့ကျဲမှာကို ကြောက်တာ။ကျနော်တို့ ဒေသခံတွေတော့ ပြေးစရာမရှိတော့ဘူး” ဟု ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၄ သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေရပြီးဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...