ဆီဆိုင်မြို့အနောက်ဖက်တိုက်ပွဲ စစ်ကောင်စီ အရာရှိ နှစ်ဦးအပါအဝင် ၁၁ဦး ဒဏ်ရာရ

သျှမ်းပြည် ဆီဆိုင်မြို့နယ် အနောက်ဖက်တွင် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့တိုက်ပွဲပြင်ထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိနှစ်ဦး အပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်

ဆီဆိုင်မြို့နယ်တွင် အနောက်ဖက် မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာအနီးမှာ ပြီးခဲ့သည် မတ်လ ၁၃ ရက်တွင် စစ်ကောင်စီမှ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဖြင့်လာရောက်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲကို ၁နာရီ ခန့်ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ အရာရှိနှစ်ဦး အပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း PNLA မှ ယမန်နေ့ (မတ် ၁၄)ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုအပြင် စစ်ကောင်စီမှ ဆီဆိုင်မြို့နယ်အတွင်းကိုလည်း သံချပ်ကာကားများ တင့်ကားများအသုံးပြုပြီး စစ်ကြောင်း ထိုးလာသဖြင့် မြို့မြောက်ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ကာ လက်နက်ကြီးများ ဖြင့်လည်း မဲနယ်တောင် ဒေသကို အကြိမ် ၆၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က တင့်ကား၊ သံချပ်ကာ ကားများ အပါအဝင် စစ်အင်အား အလုံးအရင်း အသုံးပြု ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ကို စစ်ရေးသတင်းရင်းမြစ်က ဖေဖော်ဝါရီ ၂၀ ရက် တွင် သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့ဖူးသည်။

“ စစ်ရေးကတော့ နေ့တိုင်းနီးပါးပါပဲ။ ကျနော်တို့လည်း ပြေးနေရတယ်လေ။ စားဖို့လည်း ဘယ်သူမှ မကူညီဘူး။ ရိက္ခာကုန်ရင်တော့ အချင်းချင်း ချေးငှားစားနေရတာပေါ့။ အလုပ်လည်းမလုပ်နိုင်ဘူး” ဟု ဆီဆိုင်မြို့နယ် မှ အသက် ၃၀အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိ ဆီဆိုင်မြို့နယ် အတွင်းဖြစ်ပွားလာသည့် တိုက်ပွဲသည် ရက်ရှည်လာသည့်အမျှ စစ်ရှောင်ပြည်သူများသည် စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါးဖြစ်နေပြီး၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှု မရရှိကြကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ကျေးရွာအတွင်းရှိ ဘာသာ‌ရေးအဆောက်အဦးများ၊ ဆေးရုံများတွင် တပ်စွဲကာ မြို့တွင်းသို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ဖျက်ဆီးနေပြီး၊မွေတော်ဘုရား အနီးရှိ ပြည်သူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုပြင် ပြီးခဲ့သည့် (မတ်လ ၁၃)ရက်တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နမ့်ဟူးကျေးရွာကို စစ်ကောင်စီဖက်မှ ပြာကျသည့်အထိ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...