စစ်ရှောင်
လွိုင်ကော်စစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် အိမ်ပြန်နေရ
SHAN -
ကရင်နီပြည်(ကယားပြည်) လွိုင်ကော်မြို့ စစ်ရှောင်ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေအိမ်ကို ပြည်လည် နေထိုင်နေရကြောင်း စုံစမ်းသိရသည်။ လွိုင်ကော်မြို့တွင် “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် ပြည်သူများသည် ဘေးလွတ်ကင်းရာ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်သူ ရှိသကဲ့သို့ တိမ်းရှောင်ရန် ခက်ခဲနေသည့် ပြည်သူများသာ ၎င်းမြို့အနီးတဝိုက်ရှိ တောထဲတွင် တဲထိုးပြီး နေထိုင်နေရကြောင်း စစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။ လက်ရှိ...
ပင်လောင်းမြို့နယ်တွင် ရေရှားပါးမှုပြဿနာများ ကြုံတွေ့၊စိုးရိမ်မှုများရှိ
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ရေရှားမှုပြဿနာကြုံတွေ့နေရပြီး စစ်ဘေးရှောင်များ ကျန်းမာရေးအတွက် စိုးရိမ်မှုများရှိလာကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် တောင်ပိုင်း ဝါလီး၊ဆောင်ပြောင်း၊ထီဗွား၊လိန့်ညား စသည့်ကျေးရွာတို့တွင် ယခုလမှ စ၍ ရေရှားပါးမှု ပြဿနာများ စတင်ကြုံတွေ့ လာရကြောင်း၊အချို့ကျေးရွာများတွင် ရေများကို ဝယ်သုံးနေကြရကြောင်း စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရေတွေကရှား ရေဆိုသုံးဖို့တောင်မကျန်တော့ အခုက...
ဒီးမော့ဆို စစ်ရှောင်စခန်းကို စစ်ကောင်စီ ဉီးတည်ဗုံးကြဲ ၃ဉီးသေဆုံး
SHAN -
ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်)နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်တွင် ဒီးမော့ဆို စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်မှ ပေါင် ၂၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်တာပြီး...
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ်ထဲ စစ်ကောင်စီ ဗုံးကြဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားဖြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဓမ္မာရုံထိခိုက်ပျက်စီးသွားခဲ့ကြောင်း PNLA မှ ယနေ့ (ဇန်နဝါရီ ၁၅)ရက်တွင် ထုတ်ပြန်သည်။ ယမန်နေ့(ဇန်နဝါရီလ ၁၄ ရက်) ညနေ ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး နောင်ထောဝ်...
သျှမ်းတောင်တွင် တိုက်ပွဲကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေ မြို့နယ်အတွင်း တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ်ထဲတွင် အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အစီရင်ခံစာအရသိရသည်။ ၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ...
ပင်လောင်းမြို့နယ် စစ်ဘေးရှောင်များ နေရပ်မပြန်လျှင် နေအိမ်ချိတ်ပိတ်မည်ဟု PNO ခြိမ်းခြောက်
သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်းနေထိုင်သည့် စစ်ဘေးရှောင်များ မိမိနေရပ်သို့မပြန်လျှင် နေအိမ်များကို ချိတ်ပိတ်သွားမည်ဟု စစ်ကောင်စီ၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတို့သည် ၂၀၂၄ခုနစ် နိုဝင်ဘာ ၂၄ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြည်သူများ နီးစပ်ရာ မြို့၊ရွာများတွင် ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ ထို့စစ်ဘေးရှောင်များကို စစ်ကောင်စီ၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဇန်နဝါရီလ ပထမပတ်တွင် နေရပ်ပြန်ရန် နှင့် နေရပ်မပြန်လျှင် နေအိမ်များချိတ်ပိတ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့(PNO) တပ်သားတွေက မနေ့ကပြောလာတယ်။ မပြန်လို့ မရဘူး တဲ့ မပြန်ရင် အိမ်ကိုချိတ်ပိတ်မယ်တဲ့။ ပြန်ရင်လည်းစစ်ဝတ်စုံဝတ်ပြီးတော့ ကင်းစောင့် ရမယ်။ ကင်းမစောင့် ပေးနိုင်ရင်လည်း တစ်လကို ၂ သောင်းခွဲလောက်ပေးရမယ်တဲ့။အဲ့လိုတွေလုပ်နေတော့ တခုမဟုတ် တခုက ခံကိုခံရမှာလေ။”ဟု ၎င်း အမျိုးသားက ဆိုသည်။ လက်ရှိ စစ်ဘေးရှောင်များသည် ပင်လောင်းမြို့ပေါ်၊ နောင်တရား၊ ညောင်ရွှေနှင့် နီးစပ်ရာ ဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး နေရပ်ပြန်ရန်အခက်အခဲများကြုံတွေ့နေသည့် မိသားစုများလည်း ရှိနေကြောင်း လည်း စစ်ဘေးရှောင် ကူညီနေသည့် အမျိုးသားတစ်ဉီးက ပြောသည်။ “တချို့ က ရွာကိုပြန်တာတွေလည်း ရှိတယ်။ထွက်ပြေးပြီးကတည်းက ရွာမှာအလုပ်က သိပ်မရှိတော့ဘူး။ အဲ့တော့ရွာမှာ ကလည်းတချို့ကမနေချင်ကြဘူး။ တိုက်ပွဲလည်း...
နမ့်ခမ်းမြို့သို့ ဗန်းမော်မြို့နယ်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ၂၀၀ ထပ်မနည်းရှိနေ
ကချင်ပြည် ဗန်းမော်မြို့နယ်တွင် တိုက်ပွဲများကြောင့် နမ့်ခမ်းမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၂၀၀ ထပ်မနည်းရှိနေကြောင်းသိသည်။ ပြီးခဲ့သည့် ၂၀၂၄ (ဒီဇင်ဘာလ ၄ ရက်)မှစပြီး စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တို့သည် ကချင်ပြည် ဗန်းမော်မြို့အတွင်း တိုက်ပွဲမျာ စတင်ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲကြောင့် စစ်ကောင်စီမှ ဗန်းမော်မြို့ပေါ်နှင့်...
ညောင်ရွှေမြို့နယ်အတွင်း PNO စစ်သားများ ဘိန်းစတင်စိုက်ပျိုးလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ပင်စုံနှင့် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)များ ဘိန်းစတင်စိုက်ပျိုးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ပင်စုံနှင့် စံကားဒေသတွင် စစ်ကောင်စီ၊ PNOနှင့် တော်လှန်ရေးအင်အားစုတို့ သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ )တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ စစ်ဘေးရှောင်ခဲ့ရကာ ဒီဇင်ဘာလ၌ တိုက်ပွဲ...
ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးမရှောင်နိုင်သော သက်ကြီးသူနှင့် နာမကျန်းသူများ အကူအညီလိုအပ်နေ
SHAN -
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ဘေးမရှောင်နိုင်ဘဲကျန်ရှိနေသော သက်ကြီးရွယ်အိုနှင့် နာမကျန်းဖြစ်နေသူများ အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံသတင်းရရှိသည်။ ဖယ်ခုံမြို့နယ်အတွင်းရှိကျေးရွာများသို့ စစ်ကောင်စီမှ လေကြောင်းအသုံးပြု၍ ဗုံးကြဲမှုများကြောင့် ဒေသခံများမှာ စစ်ဘေးတိမ်းရှောင်နေရပြီး လက်ရှိတွင် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများမှာ တိမ်းရှောင်နိုင်ခြင်းမရှိဘဲ တောတောင်အတွင်း ခက်ခဲစွာနေထိုင်နေရကြောင်း စစ်ရှောင် အရေးကူညီပေးနေသူ အမျိုးသမီးတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ပြောသည်။ “လက်နက်ကြီးဒဏ်၊ လေယာဉ်ဒဏ်ကြားမှာ...
ကရင်နီ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုရှိ
SHAN -
ကရင်နီပြည် စစ်ရှောင်များ နေထိုင်နေသည့် စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင်း စစ်ရှောင်ဒဏ်ရာရရှိသူ ရှိသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁ ရက်)နေ့ ညနေပိုင်းအချိန်တွင် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက...






