လွိုင်ကော်စစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် အိမ်ပြန်နေရ

ကရင်နီပြည်(ကယားပြည်) လွိုင်ကော်မြို့ စစ်ရှောင်ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေအိမ်ကို ပြည်လည် နေထိုင်နေရကြောင်း စုံစမ်းသိရသည်။

လွိုင်ကော်မြို့တွင် “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် ပြည်သူများသည် ဘေးလွတ်ကင်းရာ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်သူ ရှိသကဲ့သို့ တိမ်းရှောင်ရန် ခက်ခဲနေသည့် ပြည်သူများသာ ၎င်းမြို့အနီးတဝိုက်ရှိ တောထဲတွင် တဲထိုးပြီး နေထိုင်နေရကြောင်း စစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။

လက်ရှိ လွိုင်ကော်မြို့အနီးတဝိုက်တွင် လက်နက်ကြီး ပစ်ခတ်မှုများလည်း ရှိနေကြောင်း၊ ထို့လက်နက်ကြီးသံကြောင့် ဒေသခံများသည် ညအချိန်တွင် မအိပ်ရဲကြပေ။ ၎င်းနေအိမ်သို့ လက်နက်ကြီး ကျမည်ကို စိုးရိမ်းနေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“လွိုင်ကော် တဝိုက်မှာလည်း နေ့တိုင်းညတိုင်း လက်နက်ကြီးတွေ ကြားရတယ်။ ညဆို အိပ်မပျော်ဘူး အိပ်လည်း မအိပ်ရဲဘူး။ ဘယ်ချိန် ကိုယ့်အိမ်ပေါ်ကျမလည်း ဆိုတဲ့စိုးရိမ်စိတ်နဲ့ ကြောက်နေရတယ်။ မဖြစ်မနေလိုသာ ပြန်လာနေရတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် လွိုင်ကော်မြို့တွင် လူမနေသည့် အိမ်များကို စစ်ကောင်စီမှ ပြည်သူပိုင်အဖြစ် သိမ်းယူမည်ဟု ခြိမ်းခြောက်နေကြောင်း လွိုင်ကော်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အရင်ကလည်း နေအိမ်ပြန်မလာရင် အိမ်သိမ်းမယ်ပြောလို့ ခုက ပြန်လာနေရတယ်။ ခြိမ်းခြောက်တယ် တမျိုးပြီးတမျိုး။ ကိုယ့်အိမ်ကို ချွေးနဲ့စာနဲ့ ရှာထားရတာ အသိမ်းမခံနိုင်လို့ ပြန်လာနေရတယ်။ လုပ်စားဖို့လည်း အလုပ်အကိုင်က ဘာတစ်ခုမှ အဆင်ပြေဘူး”ဟု ၎င်းက ပြောသည်။

လွိုင်ကော်မြို့မှ စစ်ရှောင်နေသည့် ပြည်သူများကို ပြီးခဲ့သည့် (နိုဝင်ဘာလ တတိယ)အပတ်တွင် လာမည့် ၂၀၂၅ ခုနှစ် မေလတွင် နေရပ်သို့ ပြန်လာရန် အသိပေးပြောဆိုခဲ့သည်ဟု ညောင်ရွှေရောက် စစ်ရှောင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (ဇန်နဝါရီလ ပထမ) အပတ်တွင်လည်း လွိုင်ကော်မြို့ အဝင်၊အထွက် သွားလာမည့်သူတိုင်း စစ်ကောင်စီထံ ထောက်ခံစာယူနေရကြောင်း သတင်းရင်းမြစ်များထံ သိရသည်။

အာဏာမသိမ်းမီက အလွန်စည်ကားသော လွိုင်ကော်မြို့သည် အာဏာသိမ်းပြီး “ ၁၁၁၁”စစ်ဆင်ရေး ဆင်နွှဲပြီးနောက်နေအိမ်အများပြားပျက်စီးကာ လူသူကင်းမဲ့သည့် မြို့ပျက်ကြီးသဖွယ် ပြောင်းလဲ သွား ခဲ့သည်။

ယခုလက်ရှိတွင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို ထိန်းချုပ်ထားပြီး မြို့အတွင်း စစ်ရှောင်ဦးရေ သုံးပုံ တစ်ပုံမျှသာ ပြန်လည်နေထိုင်နေကြသည်ဟု သိရှိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...