စစ်ရှောင်

သိန္နီမြို့ပေါ် ဒရုန်းအသုံးပြု တိုက်ခိုက်မှု ပြင်းထန်နေ

သျှမ်းပြည်၊ လားရှိုး ခရိုင် သိန္နီမြို့ပေါ် ယနေ့ (အောက်တိုဘာ ၂၈)ရက်တွင် ဒရုန်းအသုံးပြုပြီး တိုက်ခိုက်မှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ အောက်တိုဘာလ ၂၈ ရက် ၊ ညနေအချိန်မှ စတင်ကာ လက်ရှိ သတင်းရေးသားချိန် အထိ သိန္နိမြို့ပေါ် နှင့် အနီးပတ်ဝန်းကျင်တွင် ညီနောင်မဟာမိတ်တပ်...

လားရှိုးမြို့ပေါ် ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော်ထိ တိုးလာ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့၏ “စစ်ဆင်ရေး-၁၀၂၇”ကြောင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၃၀၀၀ ကျော်အထိ တိုးလာသည်ဟု စုံစမ်းသိရသည်။ လားရှိုးမြို့နယ်၌ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ညပိုင်းတွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုကြောင့် လားရှိုးမြို့ပေါ်နှင့် ကျေးရွာဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၃၀၀၀...

လားရှိုးတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀ နီးပါး ရှိလာ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် အရေအတွက်မှာ ၆၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်၌ ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၄ နာရီအချိန်ခန့်တွင် စတင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် လားရှိုးမြို့...

တိုက်ပွဲကြောင့် ကွမ်လုံနှင့် ဟိုပန်အကြား တံတားတစ်စင်း ပျက်စီး

သျှမ်းပြည် ကွမ်လုံနှင့် ဟိုပန်အကြား ဆက်သွယ်ထားသည့် တံတားတစ်စင်းသည် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။ သျှမ်းပြည်မြောက်ပိုင်း ကွမ်လုံနှင့် ဟိုပန်အကြား ဆက်သွယ်ထားသည့် ဖောင်ဆိပ် နိမ့်တိန်ချောင်း တံတားသည် ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်...

ကျောက်မဲ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃၀၀ နီးပါး တိမ်းရှောင်နေရ

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်၊ နောင်ပစ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃၀၀နီးပါး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ “စစ်ဘေးရှောင် အရေအတွက်က မနေ့က ညနေအထိ ၁၂၀ ဝန်းကျင်ရှိတယ်။ ဒီနေ့ ထပ်တိုးတာနဲ့ဆိုရင် ၁၆၀ လောက် ရှိတယ်။...

ချင်းရွှေဟော်မြို့ ပြည်သူ တမြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည် လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့တွင် ယနေ့ (အောက်တိုဘာလ ၂၇) ရက် နံနက် ၄ နာရီ အချိန်မှစပြီး စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲခဲ့ရာ တမြို့လုံးနီးပါး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။ “ တမြို့လုံးကတော့ ထွက်ပြေးနေပြီ၊ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်က...

ပင်လောင်း- ဖယ်ခုံ PNO တပ်ဖွဲ့မှ ရိက္ခာတင်ကားပိတ်၊ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ စျေးကြီးပေးဝယ်နေရ

သျှမ်း-ကရင်နီနယ်စပ် ပင်လောင်း-ဖယ်ခုံ လမ်းကြောတစ်ခုလုံးတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့တို့က ရိက္ခာတင်ကားသွားလာမှု ပိတ်ပင်လိုက်သဖြင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာကို စျေးကြီးပေး ဝယ်ယူနေရကြောင်း စုံစမ်းသိရသည်။ ပင်လောင်းစစ်ရှောင် ပုံ- ဉီးဂျစ် ခရီးသွား Vlogker သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း-ဖယ်ခုံ လမ်းကြောကို စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့က...

တောင်ကြီးတွင် စစ်ရှောင်များ ဆောက်လုပ်ထားသောစာသင်ဆောင်နှင့် ဆုတောင်းဝတ်ပြုနေရာများကို စစ်ကောင်စီနှင့် PNOမှ အကြောင်းမဲ့ ဖျက်ဆီး

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ စစ်ရှောင်များဆောက်လုပ်ထားသော စာသင်ဆောင်နှင့် ဘုရားကျောင်းဆောင်များကို ဖြိုချရန် အတွက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ဖိအားပေးကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ရှောင်များ၏ စာသင်ဆောင်နှင့် ဘုရားကျောင်ဝတ်ပြုသည့်နေရာကို PNO နှင့် စစ်ကောင်စီဖိအားကြောင့် စက်တင်ဘာလပိုင်း ဖြိုချခဲ့ကြောင်း တောင်ကြီးမြို့ ထဲက စစ်ရှောင်တစ်ဦးက...

ဆီဆိုင်မြို့ရောက် စစ်ရှောင်များ နေရပ်ပြန်စဉ် မြေမြုပ်မိုင်းနင်းမိ၊ နေအိမ်ဖောက်သွင်းခံရမှု ကြုံတွေ့နေရ

သျှမ်းပြည် ဆီဆိုင်မြို့ရောက် စစ်ရှောင်များသည် နေရပ်သို့ပြန်နေစဉ်အတွင်း လမ်း၌ မြေမြုပ်မိုင်းနင်းမိခြင်းနှင့် နေအိမ် ဖောက်သွင်းခံရမှုများ ကြုံတွေ့နေရကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လမှ အောက်တိုဘာလအထိ စစ်ရှောင်များသည် မူလနေရပ် ဒီးမော့ဆိုမြို့နယ် ကျေးရွာနေအိမ်သို့ ပြန်သွားပြီး ပစ္စည်းယူနေစဉ် မြေမြုပ်မိုင်းများကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ၊ အမျိုးသမီးအပါအဝင်...

နေရပ်ပြန်သည့် စစ်ရှောင်များ တောင်ယာသို့သွားရန် မြေမြုပ်မိုင်းစိုးရိမ်နေရ

သျှမ်းပြည် သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုမှ ကျေးရွာအတွင်း နေရပ်ပြန်သွားသည့် စစ်ရှောင်များသည် တောင်ယာသို့သွားရန်အတွက် မြေမြုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၆) ရက်မှစတင်၍ ကွန်ကောက်ကျေးရွာအတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့တို့အကြား လက်နက်ဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခဲ့ရာ ဒေသခံ (၅၀၀) နီးပါးက ဘုန်းကြီးကျောင်း၊ ကျေးရွာနှင့်...

Latest news