ဆီဆိုင်မြို့ရောက် စစ်ရှောင်များ နေရပ်ပြန်စဉ် မြေမြုပ်မိုင်းနင်းမိ၊ နေအိမ်ဖောက်သွင်းခံရမှု ကြုံတွေ့နေရ

သျှမ်းပြည် ဆီဆိုင်မြို့ရောက် စစ်ရှောင်များသည် နေရပ်သို့ပြန်နေစဉ်အတွင်း လမ်း၌ မြေမြုပ်မိုင်းနင်းမိခြင်းနှင့် နေအိမ် ဖောက်သွင်းခံရမှုများ ကြုံတွေ့နေရကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။

ဆီဆိုင် စစ်ရှောင်

ပြီးခဲ့သည့် သြဂုတ်လမှ အောက်တိုဘာလအထိ စစ်ရှောင်များသည် မူလနေရပ် ဒီးမော့ဆိုမြို့နယ် ကျေးရွာနေအိမ်သို့ ပြန်သွားပြီး ပစ္စည်းယူနေစဉ် မြေမြုပ်မိုင်းများကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ၊ အမျိုးသမီးအပါအဝင် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆိုစစ်ရှောင်တစ်ဦးက ပြောသည်။

“ အရင်တလောတုန်းက အုပ်စုလိုက်နေရပ်ကို ပြန်ကြည့်တယ်။ လူဦးရေအတိအကျနဲ့ ကားနံပါတ်ကို စစ်တပ်ကို အကြောင်းကြားရတယ်။ တချို့လည်း မိုင်းနင်းမိတယ်။ ထော်လာဂျီနဲ့ ပြန်ကြတာ။ မိုင်းနင်းမိတာတော့ နှစ်ခါ၊ သုံးခါ ရှိပြီ။ အမျိုးသား တစ်ယောက်ကတော့ ဆုံးသွားတယ် “ ဟု ၎င်းစစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်ခဲ့စဉ်က စစ်ရှောင်များသည် သိုလှောင်ထားသော ဆန်အိတ်များ၊ စပါးများ နှင့် အိမ်သုံးပစ္စည်းများကို ယူဆောင်ထွက်ပြေးမရခဲ့သဖြင့် ယခုလို တိုက်ပွဲငြိမ်သက်သည့် ကာလအတွင်း စွန့်စားပြီးနေရပ်ပြန်ချိန် မြေမြုပ်မိုင်းနင်းမိ ကြောင်း သိရသည်။

ဆီဆိုင် စစ်ရှောင်

နေရပ်ပြန်သွားသည့် စစ်ရှောင်များ၏ ပြောပြချက်အရ မြေမြုပ်မိုင်းများသည် တောင်ယာစိုက်ခင်း၊ လူသွားလမ်းနှင့် ဘုရားကျောင်းဝိုင်းထဲတွင် တွေ့ရကြောင်း ဆိုသည်။

ထို့အပြင် နေအိမ်များသည်လည်း ဖောက်သွင်းခံရပြီး အိမ်သုံးပစ္စည်းများ ခိုးယူခံရသည့်အပြင် နေအိမ်ထဲ မူးယစ်ဆေးဝါးသုံးစွဲသူ၊ သူခိုးများက လာရောက်နေထိုင်ကြောင်း အသက် ၃၅နှစ်အရွယ် စစ်ရှောင်တစ်ဦးက ဆက်ပြောသည်။

“ သူခိုး၊ ဓားပြတွေတောင် အိမ်ထဲဝင်နေတယ်။ “ ငါ့အိမ်ကိုငါပြန်လာကြည့်တာ “ လို့ သူတို့ကို ပြောရသေးတယ်။ မီးကြိုးတွေ၊ မီတာပေါက်တွေ၊ ရေစုပ်စက်နားက မော်တာတွေလည်း အကုန်ဖြုတ်ခံထားရတယ်။ အိမ်ဆောက်ဖို့ သစ်တွေတောင်အကုန် ယူသွားတယ်။ တချို့ချန်ထားဆိုင်ကယ်တွေလည်း တစ်စီးမှ မကျန်ဘူး “ ဟု ၎င်းကထပ်လောင်းပြောသည်။

ထို့ကြောင့် စစ်ရှောင်များအနေဖြင့် နေရပ်သို့ ပြန်ပြီး ပစ္စည်းသယ်ယူခြင်း မပြုလုပ်ကြရန် ပြည်သူ့ကာကွယ်ရေးတပ် PDF မှ သတိပေးထားသည်။

တိုက်ပွဲကြောင့် ၂ နှစ်ကျော်ကြာ ဆီဆိုမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ရှောင်များသည် ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့နှင့် လွိုင်ကော် စသည့်မြို့မှ စစ်ရှောင်ဦးရေ ၆ ထောင်ကျော် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...