လားရှိုးတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ၆၀၀ နီးပါး ရှိလာ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် အရေအတွက်မှာ ၆၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့နယ်၌ ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၄ နာရီအချိန်ခန့်တွင် စတင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် စစ်ဘေးရှောင် ၃၅၀ ခန့်နှင့် ဟိုပိတ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၂၅၀ ခန့်၊ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၆၀၀ ခန့် လာရောက်ခိုလှုံနေသည်ဟု သျှမ်းသံတော်ဆင့်က စုံစမ်းသိရသည်။

“ရွာမှာနေရင်လဲ ကြောက်ရတယ်။ ကိုယ့်ပေါ် ဗုံးကျလာမှာလဲ ကြောက်ရတယ်လေနော်။ သူတို့တွေ တစ်ဖက်နဲ့တစ်ဖက် ပြန်တိုက်ကြမှာလဲ စိတ်ပူတယ်။ အစကတော့ မပြေးတော့ဘူးပေါ့။ မနက် ၁၀ နာရီလောက် ရောက်တော့ ပရဟိတအဖွဲ့တွေ ရွာမှာလာကြိုတာ၊ အများကြီးပဲ စစ်ရှောင်လာကြတာ”ဟု လားရှိုးမြို့ မန်ဆူရှမ်းကျောင်းသို့ စစ်ဘေး‌ရှောင်လာသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၉ နာရီ အချိန်ခန့်က စစ်ကောင်စီတပ်မှ လေယာဉ် ၂ စီးဖြင့် လားရှိုးမြို့နယ်အတွင်းရှိ ဝမ်မွန်း၊ ကုန်းသာ၊ ဟိုနား၊ ပန်စုံနှင့် ကောင်းဖြူကျေးရွာ အနီးတဝိုက်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စုံစမ်းသိရသည်။

“မနက် ၉ နာရီ အချိန်လောက်မှာ စစ်ကောင်စီတပ်ဘက်က လေယာဉ် ၂ စီးတက်လာတယ်။ သူတို့က အပြန်အလှန် ပစ်ကြတော့ ကျမတို့ကို ဗုံးထိမှာကြောက်တာပေါ့။ ပြီးခဲ့တဲ့နှစ်က အိမ်နားမှာ ဗုံးခိုကျင်းတူးထားတာရှိတယ်။ ကျမက အဲ့ဒီကို ပြေးသွားတဲ့အချိန် လေယာဉ်နဲ့ ဗုံးကြဲချတာ။ ကျမတောင် ကပ်သီလေးပဲ လွတ်လာတာ၊ မဟုတ်ရင် ဗုံးစာထိမှာ။ ကံကောင်းလို့သာ လွတ်လာတယ်ပြောရမှာ”ဟု ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လားရှိုးမြို့နယ်အတွင်းရှိ မက်ခိနု၊ ပန်စိန်း၊ ကောင်းဖြို၊ ဝမ်မွန်းနှင့် ဟိုနမ့်ကျေးရွာတို့မှ ပြည်သူများသည် လားရှိုးမြို့ပေါ်ရှိ ဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းများသို့ လာရောက်ခိုလှုံနေရသည်။

ယနေ့ (အောက်တိုဘာ ၂၇ ရက်) ညနေ ၄ နာရီ အချိန်ခန့်ကလည်း စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်လာခြင်းကြောင့် စစ်ဘေးရှောင်အရေအတွက်မှာ ထပ်တိုးလာနိုင်သည်ဟု လားရှိုးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...