Monday, May 6, 2024

သိန္နီမြို့ပေါ် ဒရုန်းအသုံးပြု တိုက်ခိုက်မှု ပြင်းထန်နေ

Must read

သျှမ်းပြည်၊ လားရှိုး ခရိုင် သိန္နီမြို့ပေါ် ယနေ့ (အောက်တိုဘာ ၂၈)ရက်တွင် ဒရုန်းအသုံးပြုပြီး တိုက်ခိုက်မှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။

သိန္နီမြို့နယ်

ယနေ့ အောက်တိုဘာလ ၂၈ ရက် ၊ ညနေအချိန်မှ စတင်ကာ လက်ရှိ သတင်းရေးသားချိန် အထိ သိန္နိမြို့ပေါ် နှင့် အနီးပတ်ဝန်းကျင်တွင် ညီနောင်မဟာမိတ်တပ် နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ ဒရုန်းအသုံးပြုကာ လက်နက်ကြီးဖြင့်လည်း စစ်ကူပစ် တိုပ်ခိုက်နေကြောင်း အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စကစ ဘက်က လက်နက်ကြီးရော ၊ ဒရုန်း ရော အသုံးပြု တိုက်ခိုက်နေတာ။ အပြန်အလှန် ပစ်ခတ်မှုက တော်တော်ပြင်းထန်နေတယ်။ အခုက လဝက နဲ့ ရဲစခန်းကျသွားပြီတဲ့။ ထွေအုပ်ဘက်မှာ ဆက်ပစ်နေကြတာ” ဟု အမည်မဖော်လိုသူ အမျိုးသားက ပြောသည်။

ထို့အပြင် သိန္နီမြို့ အဝင်ရှိ တံတား ကျိုးပျက်သွားကြောင်း ဒေသခံများပြောသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုချက်မရသေးပေ။

လက်ရှိ သိန္နီမြို့နယ်အတွင်း ဖုန်းလိုင်း နှင် အင်တာနက်လိုင်း အခက်အခဲရှိနေပြီး ဆက်သွယ်ရေး ခက်ခဲနေသည်။

သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် ကောင်းဟော်အုပ်စုမှ ကောင်းလောက်ဆောက်၊ ကျောင်းခမ်း၊ နမ့်ဟူးတောင်၊ နောင်ညောင်၊ ရေစက်ကျင်းစသည့် ကျေးရွာများမှ စစ်ဘေးရှောင် ဒေသခံ ၁ ထောင်ကျော်ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article