ပင်လောင်း- ဖယ်ခုံ PNO တပ်ဖွဲ့မှ ရိက္ခာတင်ကားပိတ်၊ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ စျေးကြီးပေးဝယ်နေရ

သျှမ်း-ကရင်နီနယ်စပ် ပင်လောင်း-ဖယ်ခုံ လမ်းကြောတစ်ခုလုံးတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့တို့က ရိက္ခာတင်ကားသွားလာမှု ပိတ်ပင်လိုက်သဖြင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာကို စျေးကြီးပေး ဝယ်ယူနေရကြောင်း စုံစမ်းသိရသည်။

ပင်လောင်းစစ်ရှောင် ပုံ- ဉီးဂျစ် ခရီးသွား Vlogker

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း-ဖယ်ခုံ လမ်းကြောကို စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့က ရိက္ခာတင်ကား၊ ကုန်ကားများကို သွားလာခွင့်ပိတ်သည်မှာ နှစ်ပတ်နီးပါး ရှိလာပြီး စစ်ရှောင်စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင်ပြည်သူများက စားနပ်ရိက္ခာအတွက် စျေးကြီးပေးပြီး ဝယ်ယူနေရသဖြင့် အခက်အခဲဖြစ်နေကြောင်း ဖယ်ခုံစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စားနပ်ရိက္ခာ ပြတ်တော့ မှောင်ခိုဈေးတွေနဲ့ဆိုတော့ ဈေးတွေက ၅ ဆလောက် တက်မယ်ထင်တယ်။ ကျနော်တို့က လစ်ရင်လစ်သလို ခိုးပြီးသယ်ရတော့ အရမ်းဆိုးတဲ့ လမ်းတွေကို သုံးရတဲ့အခါကျတော ဝယ်ယူစားသုံးသူတွေ အတွက် ဈေးပိုတက်သွားတာ”ဟု ဒေသခံ စစ်ရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံအရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း

စစ်ဘေးရှောင်များသည် ၂ နှစ်ကျော်ကာလအတွင်း နေရပ်ကို စွန့်ခွာထွက်ပြေးလာရပြီး၊ လက်ရှိမှာ စစ်ရှောင်စခန်းတွင် အလုပ်လက်မဲ့ဖြစ်နေချိန် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့မှ ရိက္ခာတင်ကားများကို သွားလာမှုပိတ်သည့်အတွက် ကုန်ပစ္စည်းများ စျေးကြီးပေး ဝယ်ယူနေရသည့်အပေါ် ပြည်သူများ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသည်။

“ချွေတာပြီးတော့ သုံးရတာပေါ့နော်၊ တခါတလေတိုက်ပွဲမဖြစ်တဲ့ရွာတွေမှာ ပြန်ပြီးတော့ နေ့စား အငှားလိုက် ကူလီလုပ်တာပေါ့ အဲ့လိုမျိုးနဲ့ ဖြေရှင်းနေရတာပါ”ဟု ဒေသခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ လလယ်ပိုင်းက စပြီး ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတွေကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ပြီး အတွဲလိုက် ဒုံးပစ်သံများ၊ ထူးဆန်းသည့် လက်နက်ကြီးသံများလည်း ကြားရသည်ဟု ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...