Wednesday, January 28, 2026

ပင်လောင်း- ဖယ်ခုံ PNO တပ်ဖွဲ့မှ ရိက္ခာတင်ကားပိတ်၊ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ စျေးကြီးပေးဝယ်နေရ

သျှမ်း-ကရင်နီနယ်စပ် ပင်လောင်း-ဖယ်ခုံ လမ်းကြောတစ်ခုလုံးတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့တို့က ရိက္ခာတင်ကားသွားလာမှု ပိတ်ပင်လိုက်သဖြင့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာကို စျေးကြီးပေး ဝယ်ယူနေရကြောင်း စုံစမ်းသိရသည်။

ပင်လောင်းစစ်ရှောင် ပုံ- ဉီးဂျစ် ခရီးသွား Vlogker

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း-ဖယ်ခုံ လမ်းကြောကို စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့က ရိက္ခာတင်ကား၊ ကုန်ကားများကို သွားလာခွင့်ပိတ်သည်မှာ နှစ်ပတ်နီးပါး ရှိလာပြီး စစ်ရှောင်စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင်ပြည်သူများက စားနပ်ရိက္ခာအတွက် စျေးကြီးပေးပြီး ဝယ်ယူနေရသဖြင့် အခက်အခဲဖြစ်နေကြောင်း ဖယ်ခုံစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စားနပ်ရိက္ခာ ပြတ်တော့ မှောင်ခိုဈေးတွေနဲ့ဆိုတော့ ဈေးတွေက ၅ ဆလောက် တက်မယ်ထင်တယ်။ ကျနော်တို့က လစ်ရင်လစ်သလို ခိုးပြီးသယ်ရတော့ အရမ်းဆိုးတဲ့ လမ်းတွေကို သုံးရတဲ့အခါကျတော ဝယ်ယူစားသုံးသူတွေ အတွက် ဈေးပိုတက်သွားတာ”ဟု ဒေသခံ စစ်ရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံအရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း

စစ်ဘေးရှောင်များသည် ၂ နှစ်ကျော်ကာလအတွင်း နေရပ်ကို စွန့်ခွာထွက်ပြေးလာရပြီး၊ လက်ရှိမှာ စစ်ရှောင်စခန်းတွင် အလုပ်လက်မဲ့ဖြစ်နေချိန် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့မှ ရိက္ခာတင်ကားများကို သွားလာမှုပိတ်သည့်အတွက် ကုန်ပစ္စည်းများ စျေးကြီးပေး ဝယ်ယူနေရသည့်အပေါ် ပြည်သူများ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသည်။

“ချွေတာပြီးတော့ သုံးရတာပေါ့နော်၊ တခါတလေတိုက်ပွဲမဖြစ်တဲ့ရွာတွေမှာ ပြန်ပြီးတော့ နေ့စား အငှားလိုက် ကူလီလုပ်တာပေါ့ အဲ့လိုမျိုးနဲ့ ဖြေရှင်းနေရတာပါ”ဟု ဒေသခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ လလယ်ပိုင်းက စပြီး ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတွေကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ပြီး အတွဲလိုက် ဒုံးပစ်သံများ၊ ထူးဆန်းသည့် လက်နက်ကြီးသံများလည်း ကြားရသည်ဟု ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...