လားရှိုးမြို့ပေါ် ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော်ထိ တိုးလာ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့၏ “စစ်ဆင်ရေး-၁၀၂၇”ကြောင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၃၀၀၀ ကျော်အထိ တိုးလာသည်ဟု စုံစမ်းသိရသည်။

စစ်ရှောင်ပုံ

လားရှိုးမြို့နယ်၌ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ညပိုင်းတွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုကြောင့် လားရှိုးမြို့ပေါ်နှင့် ကျေးရွာဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော် လာရောက်ခိုလှုံနေရသည်ဟု လားရှိုး‌ဒေသခံများက ပြောသည်။

လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ခန့်၊ ကုန်းသာကျေးရွာတွင် စစ်ဘေး‌ရှောင် ၅၀၀ နီးပါး၊ မိုင်းတင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် လည်း စစ်ဘေးရှောင် ၅၀၀ ခန့်၊ ဟိုပိတ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၂၅၀ ခန့်၊ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော် လာရောက်ခိုလှုံနေသည်ဟု သျှမ်းသံတော်ဆင့်က စုံစမ်းသိရသည်။

လားရှိုးမန်ဆူရောက် စစ်ရှောင်များ

ကုန်းသာကျေးရွာနှင့် မိုင်းတင်ကျေးရွာတို့မှ စစ်ဘေးရှောင် ပြည်သူများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် လုံခြုံရေးအခြေအနေ စိုးရိမ်နေရပြီး လားရှိုးမြို့ပေါ် စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့နေကြသည်။

“စစ်ဘေးရှောင်တွေက အရမ်းများလာပြီ။ ဒီထက်ပိုများလာရင်တော့ စားရေးသောက်ရေး ခက်ခဲမှာ။ စစ်ရှောင်အများစုက အိမ်ကနေ ရုတ်တရက်ကြီး ပြေးလာကြတော့ ဘာမှ မယူလာနိုင်ကြဘူး။ အခုက လားရှိုးမှာ အရမ်းအေးတော့ အိပ်ယာခင်းနဲ့ စောင်တွေ လိုအပ်နေတယ်။ ဆေးဝါးတွေနဲ့ သွားတိုက်ဆေးတို့လို တစ်ကိုယ်ရေသုံးပစ္စည်းတွေလဲ အရမ်းလိုအပ်နေတယ်”ဟု လားရှိုးမြို့ မန်ဆူကျောင်းတိုက်တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမန်ဆူရောက် စစ်ရှောင်များ

ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ည ၇ နာရီအချိန်ခန့်မှ စတင်ပြီး ညသန်းခေါင်ကျော် အချိန်အထိ လားရှိုးမြို့ စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် မြို့ပြင်ဘက်သို့ တရစပ် ပစ်ခတ်တာကြောင့် မြို့ခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။

“လားရှိုးမှာ လက်ရှိငြိမ်နေသေးတယ်ဆိုပေမယ့် သတင်းကြားတာတော့ မက်ခိနု၊ ကောင်းစိမ်း၊ ကောင်းဖြူ၊ ဝမ်မွန်း ဒီရွာတွေဘက်မှာ ညီနောင်မဟာမိတ်အဖွဲ့တွေ ထပ်ရောက်လာတယ် ပြောတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း အင်အားထပ်ဖြည့်တယ်လို့ ကြားတယ်”ဟု လားရှိုးဒေသခံတစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ်ရှိ ဒေသခံပြည်သူများ တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိကာ မြို့ပေါ်နှင့် ကျေးရွာဘုန်းကြီးကျောင်းများသို့ လာရောက်ခိုလှုံနေပြီး စစ်ဘေးရှောင်ဦးရေမှာ ထပ်မံတိုးလာနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...