စစ်ရှောင်
သီပေါ လက်နက်ကြီးကြောင့် မြို့ထဲပစ္စည်းပြန်သယ်သည့် စစ်ရှောင်အမျိုးသမီး ၂ ဦး သေဆုံး
သျှမ်းပြည် သီပေါမြို့တွင် တိုက်ပွဲကြား နေရပ်ပြန်ပြီး ပစ္စည်းပြန်သယ်သည့် စစ်ဘေးရှောင်အမျိုးသမီး (၂) ဦး လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၃၁) ရက်တွင် သီပေါမြို့ပေါ် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲကြား နေအိမ်သို့ ပြန်ပြီး ပစ္စည်းပြန်သယ်သည့်...
ခြောက်ခြားဖွယ် နေ့ရက်များ
ပျက်စီးသွားတဲ့ အဆောက်အအုံတွေကြား ခန္ဓာကိုယ်တစ်စစီ ပြတ်လွှင့်စဉ်နေပြီး အလောင်းတွေဟာ ဘယ်သူဘယ်ဝါမှန်းတောင် သိဖို့ ခက်နေပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု မဖြစ်ခင် စက္ကန့်ပိုင်းထိ စျေးရောင်းသူနဲ့ ဝယ်သူကြား ဆူညံသံ ရီမောသံတွေဟာ သိန္နီမြို့မစျေးတစ်ခုလုံးကို လွှမ်းမိုးနေပါတယ်။ အဲ့နေ့ဟာ သိန္နီစျေးရဲ့ အဖိတ်နေ့ဖြစ်ပြီး ဝါတွင်း၊ဝါဝင် ဥပုလ်နေ့အတွက် ဘုန်းကြီးကျောင်း လှူဒါန်းရန် စျေးသို့ ကြိတ်ကြိတ်တိုး...
သျှမ်းတောင်ရှိမြို့နယ်အချို့တွင် ရွှေဘိုမှစစ်ရှောင်လာသည်ဟုဆိုကာ ဆန်လိမ်လည်ရောင်းချမှုများဖြစ်ပွားနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် ဆန်ကြမ်းများကို ပေါ်ဆန်းမွှေးဟုဆိုကာ လိုက်လံ လိမ်ညာ ရောင်းချမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် တောင်ကြီးမြို့နယ် အေးသာယာတွင် ပေါ်ဆန်းမွှေးဟုဆိုကာ ဆန်ကြမ်းများကို လိုက်လံရောင်းချနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ ပေါ်ဆန်းအကောင်းစားဆိုပြီး ဆန်အိတ်ကိုလည်း ထိုးပြတယ်...
တောင်ကြီးတွင် စစ်ရှောင်များက တပတ်တစ်ကြိမ် ဧည့်စာရင်းကြေးပေးနေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စစ်ရှောင်များကို တပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကြေးပေးနေရကြောင်း စုံစမ်းသိရသည်။ ဇွန်လကုန်ခန့်က တောင်ကြီးမြို့သို့ စစ်ရှောင်ရန်ရောက်ရှိနေသော စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တစ်ပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကောက်ခံမှုများရှိနေကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရောက်တာက ၆ လပိုင်းလောက်တည်းကရောက်တာပါ၊ ရောက်တည်းက...
နောင်ချို အင်အားဖြည့်စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်၊ အရပ်သားနေအိမ် ထိခိုက်ပျက်စီး
သျှမ်းပြည် နောင်ချိုမြို့နယ်သို့ အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲကြား အရပ်သားနေအိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စုသို့ ရောက်ရှိလာသည့် အင်အားဖြည့် စစ်ကောင်စီယာဉ်တန်းကို...
အင်းလေးတွင် KPay ငွေလွှဲထားသူများကို စစ်ကောင်စီလက်အောက်ခံ PNO မှ ဝင်ရောက်စစ်ဆေးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း အင်းလေးမြောက်ဘက် ကျေးရွာအချို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ကျေးရွာရပ်ကွက်ထဲ ဝင်ရောက်ကာ KPay ဖြင့် ငွေအဝင်အထွက် ရှိသူများကို စစ်ဆေးမေးမြန်းမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကစပြီး PNO မှ အစစ်အဆေး ပိုမို တင်းကျပ်လာကာ လမ်းသွားလမ်းလာနှင့် ဒေသခံများကို နေအိမ်အထိ...
ကျောက်မဲမြို့ ဟူးကွက်ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ကိုရင်တစ်ပါး ဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ ဟူးကွက်ကျေးရွာ ဘုန်းကြီးကျောင်းသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်) မွန်းလွဲ ၁ နာရီခန့်တွင် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဟူးကွက်ကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂)...
ဆီဆိုင်စစ်ရှောင် ခုနစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ၊မိုးကာ၊အခင်းများအရေးပေါ်လိုအပ်
SHAN -
သျှမ်းပြည် တောင်ပိုင်း ၊ဆီဆိုင်မြို့နယ်၊ ယခုသြဂုတ်လအတွင်း စစ်ရှောင် ခုနစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများ ၊မိုးကာများ၊အခင်းများ အရေးပေါ်လိုအက်လျက်ရှိကြောင်း သိရသည်။ သြဂုတ်လ ၃ရက်မှစပြီး တိုက်ပွဲကြောင့် ဆီဆိုင်မြို့အရှေ့ဘက်ကျေးရွာ (၁၁)ရွာ မှ ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရပြီး ဒေသခံအများစုသည် တောင်ယာခြံရှိသော တောတောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ "ဒီတကျော့ပြန် တိမ်းရှောင်ကြရတဲ့ ဒေသခံပြည်သူတွေက...
နမ့်လန်မြို့တွင်း စစ်ရေးပြင်းထန်လာမည်ကို ပြည်သူများစိုးရိမ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ့်လန်မြို့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ စစ်ရေးပြင်းထန်လာမည်ကို ဒေသခံပြည်သူများ လုံခြုံရေး စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ်လ ၁၄ ရက်)တွင် သီပေါမြို့နယ် နောင်ကော်ကြီးရွာ အခြေစိုက် စစ်ကောင်စီတပ် ခလရ-(၁၄၇) ကို ကိုးကန့်တပ်ဖွဲ့ MNDAA က...
ဆီဆိုင်မြို့နယ် သား၊အမိ လက်နက်ကြီးထိ၊ မိခင်ဖြစ်သူပွဲချင်းပြီးသေ၊ ကလေးဒဏ်ရာရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် ပန်အောင်ရွာတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သားအမိနှစ်ဦးထိမှန်ကာ မိခင်ဖြစ်သူပွဲချင်းပြီးသေဆုံးကာ သားဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (သြဂုတ် ၁၄)ရက် နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် PNO ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင်း အသက် ၄၀အရွယ်ရှိ...






