သျှမ်းတောင်ရှိမြို့နယ်အချို့တွင် ရွှေဘိုမှစစ်ရှောင်လာသည်ဟုဆိုကာ ဆန်လိမ်လည်ရောင်းချမှုများဖြစ်ပွားနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် ဆန်ကြမ်းများကို ပေါ်ဆန်းမွှေးဟုဆိုကာ လိုက်လံ လိမ်ညာ ရောင်းချမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် တောင်ကြီးမြို့နယ် အေးသာယာတွင် ပေါ်ဆန်းမွှေးဟုဆိုကာ ဆန်ကြမ်းများကို လိုက်လံရောင်းချနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ပေါ်ဆန်းအကောင်းစားဆိုပြီး ဆန်အိတ်ကိုလည်း ထိုးပြတယ် အစမ်းလည်းချက်ခိုင်းတယ်၊ တကယ်ယူတော့မှ ဆန်ကြမ်းအိတ်တွေကိုပေးတာ၊ ယူမယ့်အိတ်တွေထိုးပြဆိုတော့ မရဘူးလို့ပြောတယ်၊ Light truck လိုကားမျိုး နဲ့လာတာ၊ တိုက်ခန်းပေါ်ထိတက်ပြီးရောင်းတာ” ဟု ၎င်းကပြောပြသည်။

ဆန်

အလားတူ ရပ်စောက်မြို့နယ်တွင်လည်း လွန်ခဲ့သည့်တစ်ပတ်ခန့်က ရွှေဘိုဘက်မှ စစ်ဘေးရှောင်လာသည်ဟု ပြောဆိုပြီး ရောင်းချခဲ့ကြောင်းလည်းသိရသည်။

“ရွှေဘိုဘက်က စစ်ဘေးရှောင်ရင်းရှိတဲ့ဆန်တွေသယ်လာတာလို့ပြောတယ်။ နောက်ဆုံး
လက်ကျန်၊ နောက်ဆို ထပ်မစိုက်နိုင်တော့ဘူးဆိုပြီးပြောတော့ သနားပြီး ဝယ်ကြတာ” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ဆန်သည် တစ်အိမ်လျှပ် ကျပ်ငွေ တစ်သိန်းသုံးသောင်း၅ထောင်ကျပ် (၁၃၅၀၀၀)ဖြစ်ပြီး၊ ၅အိတ်ဝယ်ယူခဲ့ကာ ဆန်ကြမ်းများဖြစ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့သူက ပြောသည်။

ထိုသို့လိမ်လည်ရောင်းချမှုများသည် တောင်ကြီးမြို့နယ် ရပ်စောက်မြို့နယ်များအပြင် သျှမ်းတောင်ပိုင်းရှိ အခြားမြို့နယ်များတွင်ပါ လှည့်လည်ရောင်းချမှုများရှိလာသောကြောင့် ပြည်သူများအနေဖြင့် သေချာစစ်ဆေးပြီးမှ ဝယ်ကြရန် ထိုသူမှဆက်ပြောသည်။

လက်ရှိဈေးကွက်ထဲတွင် ရွှေဘိုပေါ်ဆန်း ဆန်အဟောင်း (အကောင်းစား) တအိတ်လျှင် ကျပ်ငွေ တစ်သိန်းကိုးသောင်း ( ၁၉၀,၀၀၀ )ကျော်ရှိနေပြီး အလတ်တန်းစား ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ကျပ်ငွေ တစ်သိန်း ခြောက်သောင်း ( ၁၆၀,၀၀၀) ကျပ်နှင့် ဧည့်မထ ဆန်ကြမ်း တအိတ်လျှင် ကျပ်ငွေ တစ်သိန်း ၁၀၀,၀၀၀ ဝန်းကျင်ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင် ရုရှားသို့ ထွက်ခွာ

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရပိုင်းမှ ထိပ်သီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...