စစ်ဆေးရေးဂိတ်
ကွတ်ခိုင်မြို့နယ်တွင်း စစ်ဆေးရေးဂိတ်များတွင် ကားသမားများကို ငွေပိုပြီး တောင်းခံနေ
သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နှင့် သီန္နီမြို့နယ်ထဲရှိ စစ်ဆေးရေးဂိတ်များတွင် ကားသမားများထံ ပိုက်ဆံပိုပြီး ကောက်ခံနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီ ပထမပတ် ကစပြီး စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီဂိတ်အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA , PDF တို့ကလည်း လမ်းသွားလာပြည်သူများကို ယခင်နှစ်ထက်...
မိုင်းကိုင်မြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် အဆမတန် ပိုက်ဆံကောက်
သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုထဲတွင် စစ်ကောင်စီမှ ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားသည့် ကားသမားများထံ အဆမတန် ငွေကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှစပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာထဲတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်ကို ဖွင့်လာပြီး ကားတစ်စီးလျှင် ကျပ်ငွေ ၅ သောင်းမှ ကျပ်ငွေ တစ်သိန်းထိ...
ပင်းတယမြို့နယ် စစ်ကောင်စီမှ အမျိုးသမီးများကို ကိုယ်ထိလက်ရောက်ကျူးလွန်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်အတွင်းတွင် လုံခြုံရေးကို အကြောင်းပြပြီး စစ်ကောင်စီ တပ်သားများက အမျိုးသမီးငယ်များကို ကိုယ်ထိလက်ရောက် ကာယိန္ဒြေ ကျူးလွန်မှု ပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်တွင် သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့ နှင့် ရွာငံမြို့ကြားတွင် ရှိသည့် စစ်ကောင်စီ...
ဖယ်ခုံမြို့နယ် ကယန်းပြည်သစ်ပါတီ နှင့် စစ်ကောင်စီတို့ ညှိနှိုင်းပြီး စစ်ဆေးရေးဂိတ် ပြန်ဖွင့်ရန် ကြိုးစားနေ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်ဖွဲ့က ကယန်းပြည်သစ်ပါတီ နှင့် ညှိနှိုင်းကာ စစ်ဆေးရေးဂိတ် ပြန်ဖွင့် ရန်အတွက် ကြိုးစားနေကြောင်း သတင်းသိရသည်။ ယခု နိုဝင်ဘာလအတွင်းတွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စု ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကန်ပတ်လမ်း တွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က ကယန်းပြည်သစ်ပါတီတို့နှင့် ညှိနှိုင်းပြီး...
မိုင်းရယ် စစ်ဆေးရေးဂိတ် တရုတ်ပြန် ရွှေ့ပြောင်းအလုပ်သမားများကို ငွေကြေးကောက်ခံနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ရှိ စစ်ဆေးရေးဂိတ်တွင် တရုတ်ပြည်မှ ပြန်လာသည့် ရွှေ့ပြောင်း အလုပ်သမား ၂ ဦးထံ ပိုက်ဆံတောင်းခံမှု ပြုလုပ်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် တရုတ်ပြည်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးသည် မိုင်းရယ် မြို့အဝင် မီးသတ်စခန်းရှေ့တွင်...
သျှမ်းပြည်တောင်ပိုင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ် ဆင်းတွန်း ဂိတ်ဖြတ်သန်းရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ နောင်တရား၊ အောင်ပန်းမြို့ အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ် ဆင်းတွန်းပြီး ဂိတ် ဖြတ်သွားရကြောင်း စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်းအတွင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက စစ်ဆေးမှုကြမ်းနေပြီး အသွားအလာကိုလည်း တင်းကြပ်ထားကြောင်း သိရသည်။ “သူတို့ အရမ်းစစ်တယ်။ စစ်ဆေးမှုတွေက အရင်က ထက်ပိုပြီးများလာတယ်။...
လဲချား-တောင်ကြီးကြား စစ်ဆေးရေးဂိတ်တွင် ကျောင်းသားများထံ ငွေတောင်းခံမှုရှိနေ
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ နှင့် တောင်ကြီးမြို့ကြားရှိ ပြည်ထောင်စု လမ်းမကြီးတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ကျောင်းသားများထံ ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဆေးရေးဂိတ်များသည် အိမ်စီးကားများ၊ လိုင်းကားများနှင့်အတူ ပါလာသည့် ခရီးသည်များကိုလည်း စစ်ဆေးပြီး ခရီးသည်ထံများလည်း ငွေတောင်းယူမှုများ ရှိကြောင်း သိရသည်။ လဲချားမြို့ နှင့်...
ရွာငံစစ်ရှောင် ကူညီရန်သွားသူများ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တားဆီးပိတ်ပင်
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများနှင့် စစ်ဘေးသင့်ပြည်သူ များထံ စားနပ်ရိက္ခာတချို့ ကူညီထောက်ပံ့ရန်သွားသည့် လူမှုကူညီရေးအသင်းများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ် အရောက်တွင် နောက်ပြန်လှည့်လာခဲ့ရကြောင်း သတင်းသိရသည်။အောင်ပန်း - ရွာငံလမ်းမပေါ်မှ ကျုံးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမေးမြန်းခြင်း ခံရပြီး ရိက္ခာနှင့်ဆေးဝါးတချို့သယ်ဆောင်လာကြောင်းပြောဆိုသော်လည်း လက်မခံသဖြင့် နောက်ကြောင်း...
တောင်ကြီးမြို့ ဝင်/ထွက် ဂိတ်များ စစ်ဆေး တင်းကြပ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အဝင်အထွက်တွင် ယခုရက်ပိုင်း စစ်ကောင်စီလက်အောက်ခံ တပ်သားများသည် ခရီးသွားပြည်သူများ၏ ကားများ၊ ဆိုင်ကယ်များကို စစ်ဆေးမေးမြန်းမှု ပိုမိုတင်းကြပ်လာကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တောင်ကြီးမြို့ဝင် မြို့ထွက်များဖြစ်သည့် တောင်ကြီး (၄)မိုင် ဂိတ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွား ကားများကို ပုံမှန်စစ်သော်လည်း သင်္ကြန် ကျင်းပရန်...
သျှမ်းပြည်အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုးချဲ့ဖွင့် ပိုက်ဆံပိုကောက်လာ
SHAN -
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း မြို့နယ်များတွင် စစ်ကောင်စီသည် စစ်ဆေးရေးဂိတ်များကို တိုးချဲ့ဖွင့်လှစ်ပြီး ပိုက်ဆံကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဂိတ်များသည် အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပေါ်လာပြီး ကားသမား၊ ကုန်တင်ကားများ၊ ခရီးသည်တင်ကားများကို မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် စသည့်တို့ကို စစ်ဆေးပြီး ငွေကောက်ခံယူ နေလျက်ရှိကြောင်း သိရသည်။ “ဒီဂိတ်တွေက အာဏာသိမ်းပြီး နောက်ပိုင်းမှာပဲ ထွက်ပေါ်လာတာ။...






