သျှမ်းပြည်တောင်ပိုင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ် ဆင်းတွန်း ဂိတ်ဖြတ်သန်းရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ နောင်တရား၊ အောင်ပန်းမြို့ အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ် ဆင်းတွန်းပြီး ဂိတ် ဖြတ်သွားရကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်းအတွင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက စစ်ဆေးမှုကြမ်းနေပြီး အသွားအလာကိုလည်း တင်းကြပ်ထားကြောင်း သိရသည်။

“သူတို့ အရမ်းစစ်တယ်။ စစ်ဆေးမှုတွေက အရင်က ထက်ပိုပြီးများလာတယ်။ အသွားအလာလည်း သတိထားသွားရတာ။ သူတို့စစ်တဲ့ ဂိတ်ရှေ့ဆိုရင် ဆိုင်ကယ်သမားက ဆင်းတွန်းပြီး ဂိတ်ကိုကျော်မှ ဆိုင်ကယ်ပြန်မောင်းရတာ။ ဂိတ်ရှေ့ကို ဆိုင်ကယ်မောင်းပြီးဖြတ်မသွားရဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အောင်ပန်းမြို့ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီး ၄ မိုင်ဂိတ်

တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ အောင်ပန်းမြို့ထဲအတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် အားလုံးနီးပါးက ဆိုင်ကယ်များကို ဆင်းတွန်းပြီး ဖြတ်သွားကြရကြောင်း သိရသည်။

အလားတူ စစ်ကောင်စီက စစ်ဆေးမှုတင်းကြပ်နေပြီး စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးမှုများလည်းရှိနေကြောင်း သိရသည်။

လက်ရှိတွင်လည်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့၊ လွိုင်ကော်ဘက်တွင် စစ်ရေးတင်းမာနေသောကြောင့် စစ်ကောင်စီသည်လည်း ပင်လောင်းဘက်မှတစ်ဆင့် တိုက်ပွဲဖြစ်ပွားသည့်နေရာကို စစ်အင်အားဖြည့်တင်းနေကြောင်း သိရသည်။

ထိုသို့ စစ်အင်အားဖြည့်တင်းရန်အတွက် အသုံးပြုသည့် လမ်းကြောင်းဖြစ်သည့်အတွက်ကြောင့် စစ်ဆေးရေး တင်းကြပ်လာကြောင်း ပင်လောင်းမြို့ ဒေသခံ တစ်ဦးက ပြောသည်။ စစ်ဆေးမှု တင်းကြပ်လာသောကြောင့် ပြည်သူများလည်း စားဝတ်နေရေးအတွက် သွားလာရန် ခက်ခဲလာကြောင်း သိရသည်။

“သူတို့ မိုးဗြဲဘက်ကို စစ်အင်အားဖြည့်ရင် ဒီကနေ ဖြတ်သွားတယ်လေ။ အဲ့ကြောင့်မလို့ စစ်ဆေးရေးကြမ်းလာတာ။ သူတို့ဒီလိုအရမ်းစစ်တော့ ကျနော်တို့ သွားလာရလည်း ခက်တယ်လေ။ တစ်ခါလေ ခရီးသွားဖို့လိုရင်လည်း အရမ်းကို ရှုပ်လာတယ်။ တစ်ချို့နေရာဆိုရင် တော်တော်ရစ်သေးတယ်” ဟု ပင်လောင်းမြို့ ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ပင်လောင်းမြို့နယ် တီကျစ်ကျောက်မီးသွေးစက်ရုံရှေ့တွင် ဖမ်းဆီးခံရသည့် လူငယ် ၁ ဦးကိုလည်း စစ်ကောင်ီစက စက်တင်ဘာ ၂၉ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ထိုတီကျစ် စစ်ဆေးရေးဂိတ်တွင် လူငယ် ၂ ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...