မိုင်းပျဥ်းဂိတ်၌ စစ်ကောင်စီ စစ်ဆေးမှု တင်းကြပ်သဖြင့် ကားသမားများ အခက်တွေ့နေရ

သျှမ်းပြည် ကျိုင်းတုံခရိုင် မိုင်းပျဥ်းမြို့ အဝင်/အထွက် ရှိ မိုင်းပျဥ်းမြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ စစ်သားများက စစ်ဆေးမှု တင်းကြပ်နေသည့် အတွက် ကားသမားများက အခက်တွေ့နေရကြောင်း သတင်း သိရသည်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ တန်းစီစောင့်ဆိုင်းနေရသည့် ကားများ

ကွန်ဟိန်း – မိုင်းပျဥ်း – တာချီလိတ် လမ်းကြောင်းရှိ မိုင်းပျဥ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ စစ်သားများသည် အိမ်စီးကား အပါအဝင် ကုန်တင်ကားများအားလုံးကို စင်းလုံးစစ်ဆေးမှု ပြုလုပ်ရာ အချိန်ကြာသည့်အတွက် ကားသမားများက အခက်တွေ့နေရကြောင်း ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလိုဖြစ်လာတာကတော့ အာဏာသိမ်းပြီးကတည်းကပဲ၊ တဖြည်းဖြည်း နဲ့ စစ်ဆေးမှုတွေက တင်းကြပ်လာတာ၊ အခုဆိုရင် ကားသမားတွေမှ မဟုတ်ဘူး၊ ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေကိုလည်း စစ်ဆေးတယ်၊ ကားတွေ အကုန်လှန်ပြီး စစ်တာ၊ ကားတစ်စီးကို တစ်နာရီ၊ တစ်နာရီခွဲလောက် စစ်ကြတယ်” ဟု ဒေသတွင်း ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ တန်းစီစောင့်ဆိုင်းနေရသည့် ကားများ

အဆိုပါ စစ်ဆေးမှု တင်းကြပ်သည့် အတွက် ကားသမားများသည် တန်းစီစောင့်ဆိုင်းရပြီး လမ်းခရီးကြန့်ကြာမှု ၊ ကုန်ပစ္စည်း ထိခိုက်မှုများလည်း ရှိလာကြောင်း အထက်ပါ ကားသမားက ဆက်ပြောသည်။

ထို့အပြင် အိမ်စီးကား တစ်စီးကို ပိုက်ဆံ ၃၀၀၀ ကျပ် (သုံးထောင်ကျပ်) တောင်းယူနေပြီး တခြားကုန်တင်ကားများကိုလည်း ကုန်အမျိုးအစား နှင့် ပမာဏပေါ်မူတည်ပြီး ပိုက်ဆံ ကောက်ယူ တောင်းခံနေကြောင်းလည်း သိရသည်။

“စစ်ဆေးမှုတွေ တင်းကြပ်တဲ့ အပြင် ပိုက်ဆံတောင်းတာလည်းများတယ်၊ တချို့ ကားသမားတွေကတော့ သူတို့ တောင်းတာ မပေးနိုင်လို့ ပြန်ငြင်းကြတာလည်း ရှိတယ်၊ အဲ့လိုဆိုရင် အချိန်ပိုကုန်သလို လူကိုလည်း ဆူလား ငေါက်လား လုပ်တယ်၊ တစ်နေ့တစ်နေ့ တန်းစီပြီး စောင့်နေရတဲ့ ကားတွေက ၄၀/၅၀ စီးလောက်ရှိတယ်” ဟု အထက်ပါ ကားသမားက ဆက်ပြောသည်။

မိုင်းပျဥ်း စစ်ဆေးရေးဂိတ်တွင် စစ်သားများ၊ ရဲများ၊ မူးယစ်ဆိုင်ရာ တာဝန်ရှိသူများ နှင့် အချို့ရက်များတွင် လဝက ယူနီဖောင်းဝတ်များလည်း စောင့်ကြကြောင်း သိရသည်။

မိုင်းပျဥ်းဂိတ်သည် မနက် ၆ နာရီမှ ည ၈ နာရီအထိသာ ဖွင့်လှစ် သွားလာခွင့်ပြုပြီး တောင်ကြီး ၊ မိုင်းရှူး ၊ မိုင်းဆတ် စသည်တို့နှင့် မြန်မာပြည်ဘက်မှ တာချီလိတ်ဘက် လာသည့် ကားသမားများ အဓိက ပြေးဆွဲရာ ပြည်ထောင်စု လမ်းမကြီး ဖြစ်ကြောင်းလည်း သိရသည်။

“သျှမ်းအရှေ့ဘက်ကို လာတဲ့ အဓိက လမ်းကြောင်းဖြစ်နေတော့ ကားတွေက များပါတယ်၊ ဒါပေမဲ့ သူတို့ (စစ်သား) တွေက စစ်ဆေးပြီး ၈ နာရီကျော်တာနဲ့ ပေးမဖြတ်တာတွေကြောင့် အချိန်က မကြာသင့်ပဲ ကြာရတယ်၊ အဲ့လိုတွေ ဆို ကျနော်တို့ ကားသမားတွမှ မဟုတ်ဘူး ခရီးသည်တွေလည်း နစ်နာတယ်၊ ကောင်းကောင်းမွန်မွန် သွားလာနိုင်ရင်တော့ ကောင်းတာပေါ့” ဟု ကားသမားတစ်ဦးက ဆက်ဆိုသည်။

လမ်းခရီး အဆင်ပြေရန်နှင့် အချိန်ကုန် သက်သာရန်အတွက် ဂိတ်စောင့် တာဝန်ရှိသူများ စစ်ဆေးမှုကို လျှော့စေလိုကြောင်း နှင့် ကားသမားများကို ပိုက်ဆံလျော့တောင်းကြရန် တောင်းဆိုလိုကြောင်း ဒေသအတွင်း ကားသမားများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် "ဒရုန်းကင်းလှည့်အဖွဲ့" (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၅...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...