Wednesday, January 28, 2026

လားရှိုးမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ငွေအဆမတန် တောင်းခံမှုကြောင့် ခရီးသွားပြည်သူများ အခက်ကြုံနေရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယာဉ်ထိန်းရဲများ ငွေအဆမတန် တောင်းခံမှုကြောင့် ခရီးသွားပြည်သူများ အခက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ယာဥ်ထိန်းရဲမှ ဖမ်းဆီးထားသည့် ကားသော့/ဆိုင်ကယ်သော့များ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ အဝင်၊ အထွက် နှင့် နမ္မတူသွားလမ်း၊ သိန္နီကြားရှိ ရေပူဂိတ် စသည်ဖြင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တိုင်းမှာ စစ်ကောင်စီ နှင့် ယာဉ်ထိန်းရဲများက မှတ်ပုံတင် နှင့် ယာဉ်လိုင်စင်များကို အကြောင်းပြပြီး အဆမတန် ငွေတောင်းခံနေကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လားရှိုး အထွက်တိုးဂိတ်မှာ မှတ်ပုံတင်မပါရင် မော်တော်ပီကယ်တွေ တအားရစ်တယ်။ သူတို့က လုပ်စားနေကြတာ။ ရရင်ရသလိုပဲ တောင်းတယ်။ ကျွန်မကတော့ လေးသောင်းပေးလိုက်ရတယ်။ မပေးရင်လည်း ကားသိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတို့ကို ကြောက်နေရတာနဲ့ တောင်းသလောက် ပေးခဲ့ရတာ “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်ထိန်းရဲများ ငွေအဆမတန် တောင်းခံမှုကြောင့် ခရီးသွား ပြည်သူများအနေဖြင့် ငွေရေးကြေးရေး အခက်အခဲရှိသည့်အပြင် ခရီးသွားရာမှာလည်း စိတ်ပျက်ကြောင်း သိရသည်။

အလားတူ လားရှိုးမြို့ ဒေသခံ အသက် ၃၀ နှစ် အမျိုးသမီးတစ်ဦးက “ လူလိုင်စင်၊ ယာဉ်လိုင်စင်၊ ဦးထုပ် အဲ့ဒါတွေ စစ်တယ်။ လားရှိုးတက္ကသိုလ် အကျော်မှာ နေကြလေ့ရှိတယ်။ လူ နဲ့ ယာဉ်ကိုကြည့်ပြီး ဈေးကတော့ သူတို့ ပါးစပ်ထဲမှာဘဲ တောင်းသလောက်ပေးရတယ်။ မပေးရင် ယာဉ်သိမ်းမယ်ဆိုတော့ ရအောင်တော့ ကြိုးစားပြီး ပေးကြရတာများတယ်။ ပြန်ဝယ်ဖို့က ဈေးအရမ်းကြီးလို့လေ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း သျှမ်းပြည်တစ်ဝှမ်းလုံးရှိ ပြည်ထောင်စု ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးရေး ဂိတ်တိုးချဲ့ ဆောက်လုပ်ပြီး ခရီးသွား ပြည်သူများကို ငွေအဆမတန် တောင်းခံနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...