ရွာငံစစ်ရှောင် ကူညီရန်သွားသူများ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တားဆီးပိတ်ပင်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများနှင့် စစ်ဘေးသင့်ပြည်သူ များထံ စားနပ်ရိက္ခာတချို့ ကူညီထောက်ပံ့ရန်သွားသည့် လူမှုကူညီရေးအသင်းများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ် အရောက်တွင် နောက်ပြန်လှည့်လာခဲ့ရကြောင်း သတင်းသိရသည်။

အောင်ပန်း – ရွာငံလမ်းမပေါ်မှ ကျုံးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမေးမြန်းခြင်း ခံရပြီး ရိက္ခာနှင့်ဆေးဝါးတချို့သယ်ဆောင်လာကြောင်းပြောဆိုသော်လည်း လက်မခံသဖြင့် နောက်ကြောင်း ပြန်လှည့်လာခဲ့ရကြောင်း ကြုံတွေ့ရသည့် ဒေသတွင်းမှ လူမှုကူညီရေး အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံ စစ်ရှောင်များ ခိုလှုံသည့် နေရာ

“ကျနော်တို့က ကားနှစ်စီးနဲ့ လူ ၈ ယောက်လာက်ရှိတယ်၊ ဆေးဝါးပစ္စည်းတချို့ရယ် ဆန်ရယ်၊ တခြား ရိက္ခာ ခြောက်တွေ သယ်သွားတာပါ၊ ဒါပေမဲ့ အဲ့ဂိတ်ရောက်တော့ PDF တွေကို သွားပို့ပေးမလို့လား ဆိုပြီးမေးတယ်၊ မဟုတ်ကြောင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို သွားပေးဖို့ဆိုတော့လည်း လက်မခံဘူး၊ ရှေ့ဆက်သွား လို့မရတော့ဘူးဆိုလို့ ကျနော်တို့ ပြန်လှည့်လာခဲ့ရတယ်” ဟု ကြုံတွေ့ရသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သားတို့သည် ရွာငံမြို့နယ်အတွင်းရှိ စစ်ဘေးသင့်ပြည်သူများကို ကူညီရန်သွားသည့် ပရဟိတ လူမှုကူညီရေး အသင်းများကို ဒေသအတွင်းရှိ PDF များထံ သွားရောက်ပို့ဆောင်မည်ဟု ထင်မှတ်ပြီး မပေးဖြတ်တာ ဖြစ်နိုင်ကြောင်း လည်း ၎င်းက ပြောဆိုထားသည်။

ထို့အပြင် လူမှုကူညီရေးအသင်းများ သယ်ဆောင်သွားသည့် စစ်ဘေးသင့် ပြည်သူများအတွက် ရိက္ခာခြောက် တချို့ကို စစ်ဆေးရေးဂိတ်မှ စစ်သားများက ယူဆောင်သွားကြောင်းလည်း သိရသည်။

“ကျနော်တို့ မှတ်ပုံတင်တွေကို တချို့စစ်သားတွေက စစ်နေတဲ့အချိန်မှာ တချို့စစ်သားတွေကျ ကားထဲသယ်လာ တဲ့ ငါးသေတ္တာတို့၊ ခေါက်ဆွဲခြောက်တွေကို ယူနေတာ တွေ့ရတယ်၊ ပြီးတော့ သူတို့ (စကစ) ခွင့်ပြုချက်မရဘဲ ဒီရွာငံဘက်ကို ဘယ်သူမှ ဝင်ထွက်သွားလာလို့မရဘူးဆိုပြီး ကျနော်တို့ကို ခြိမ်းခြောက်တာ” ဟု အသက် ၃၀ ဝန်းကျင် လူမှုကူညီရေးအသင်းဝင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံမြို့၏ စိုက်ခင်းများ

လမ်းမကြီး တစ်လျှောက် ရှိနေသည့် စစ်ဆေးရေးဂိတ်စောင့် စစ်ကောင်စီတပ်သားတို့သည် လမ်းသွားလမ်းလာ ပြည်သူများကို ငွေကြေးတောင်းခံခြင်းများ ပြုလုပ်သည့်အပြင် ပရဟိတ နှင့် လူမှုကူညီရေးအသင်းများကိုလည်း တောင်းခံမှုများပြုလုပ်လေ့ရှိကြောင်း သတင်းသိရသည်။

“ကျနော်တို့ ညရေးညတာ အရေးပေါ်လူနာရှိလို့ လမ်းကြောင်းထွက်ရတဲ့အခါ ကိုဗစ် ဆေးစစ်/ဆေးထိုးလက်မှတ် မပါရင် ပိုက်ဆံ ငါးထောင်ပေးရတဲ့အခါရှိတယ်၊ ပြီးတော့သူတို့ချထားတဲ့ သံဆူးကာကိုလည်း ကိုယ်တိုင်ဆင်းဖွင့် ရတာ ရှိတယ်” ဟု အဆိုပါ ဒေသအတွင်းမှ အမည်မဖော်လိုသူ ပရဟိတ လူငယ်တစ်ဦးက ပြောသည်။

ယခု ၂၀၂၂ ခုနှစ် အစောပိုင်းမှ စတင်ကာ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်သားများမှ မကြာခဏ ရှာ‌ဖွေဖမ်းဆီးခြင်း၊ ဝင်ရောက်မွှေနှောက်မှုများပြုလုပ်သည့်အတွက် ဒေသခံ ၃၀၀ ကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးရသည့်အပြင် ယခု ဧပြီလအတွင်းတွင် အပြစ်မဲ့ဒေသခံရွာသားများ ၁၀ ဦး ထက်မနည်း စွပ်စွဲသတ်ဖြတ်ခြင်းခံရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...