Tuesday, January 27, 2026

စစ်ကော်မရှင်တပ်

သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မိုးကုတ်၊ မိုးမိတ်မြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရေးအတွက် TNLA အင်အားဖြည့် ဖြန့်ကြက်ချထား

သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်၊ မိုးမိတ်မြို့များထဲသို့ စစ်ကော်မရှင်တပ်များ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် TNLA က စစ်အင်အား ဖြန့်ကြက်ချထားကာ လုံခြုံရေး ယူပေးနေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

လားရှိုး စစ်ကော်မရှင်တပ်က ကုန်တင်ယာဉ်တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်၊ ဒေသခံထိတ်လန့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကုန်ပစ္စည်းတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရန် အမိန့်ပေးရာမှ ယာဉ်မောင်းက မရပ်ဘဲ ဆက်မောင်းခဲ့ခြင်းကြောင့် စစ်ကော်မရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်သည်ဟု ဒေသခံများက ပြောသည်။

ရွာငံတွင် အုပ်ချုပ်ရေးမှူး သတ်ခံရသည့်နောက် ဒေသခံသွားလာခွင့် စစ်ကော်မရှင်ကန့်သတ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်၊ ကျောက်ပိဇပ်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး အသတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း အဝင်အထွက်ကို တင်းကြပ်စွာ ကန့်သတ်ထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ အောက်တိုဘာလ ၂၈ ရက်မှစ၍ ယနေ့ (နိုဝင်ဘာလ ၄ ရက်) အထိ ရွာငံမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကော်မရှင်...

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲပြင်းထန် အရပ်သားသေဆုံးမှုရှိ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်တွင် ယခုရက်သတ္တပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများသည့်အပြင် ဒေသခံလူထုလည်း သေဆုံးမှုရှိသည်ဟု သတင်းရရှိသည်။ နိုဝင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ဘောရန်ကျေးရွာ...

Latest news