စစ်ကောင်စီ
မူဆယ်မြို့ ပိုင်ရှင်မဲ့ အလောင်း ပိုတိုးလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၅ လောင်းထပ်မနည်း တွေ့ရှိနေသည်ဟု စုံစမ်းသိရသည်။ မူဆယ်မြို့တွင် စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် တရားမဝင် လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ အပြင် ခိုးဆိုးလုယက် ဓားပြတိုက်မှုနှင့်အကြောင်းရင်းမသိ ပစ်ခတ် သတ်ဖြတ်မှုများ လာသဖြင့် တစ်လနှင့်တစ်လ ပိုင်ရှင်မဲ့အလောင်း...
ပင်လောင်းမြို့နယ် တိုက်ပွဲများ တဖန်ပြန်လည် ပြင်းထန်လာ
သျှမ်းပြည် ပင်လောင်းမြို့အတွင်း စစ်ကောင်စီ နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲ တဖန် ပြန်လည် ပြင်းထန်လာကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် တောင်ပိုင်း ဗန်းမောက်၊ ဆောင်လှန်၊လွယ်ဟိုဝိုး ကျေးရွာ တကြောတွင် စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့သည် နိုဝင်ဘာလမှ စ၍ တိုက်ပွဲများ တဖန်ပြန်လည်ပြင်းထန်လာကြောင်း ပင်လောင်းမြို့နယ်...
တောင်ကြီးစည်ပင်မှ ခေါင်းစဉ်အမျိုးမျိုးဖြင့် ဈေးသည်များထံအခွန်ကောက်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မြို့မဈေးရှိ ညဈေးမှ ဈေးသည်များထံ ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အခွန်ကောက်ခံမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ ၂၀၂၃ ခုနှစ် မေလမှစတင်၍ အသစ်ပြောင်းရွှေ့လာသော စည်ပင်လူကြီးရောက်ရှိပြီးနောက်ပိုင်း တောင်ကြီးမြို့ မြို့မဈေးဘေးမှ ညဈေးရောင်းသည့် ဈေးသည်များအား ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ငွေကောက်ခံမှုများ ရှိလာကြောင်း မြို့ခံများထံမှသိရသည်။ “ဈေးမထွက်တဲ့နေ့တောင် တနေ့ ကျပ် ၁၅၀၀ ပေးရတယ်၊...
တားဆီးသူမဲ့နေသည့် ဘုန်းကြီးကျောင်းဝန်းထဲက လောင်းကစားဝိုင်းများ
လောဘ၊ ဒေါသ၊ မောဟများ ပယ်သတ်ရန် ဟောပြောဆုံးမလေ့ရှိသည့် ဘုန်းတော်ကြီးများ သီတင်းသုံးရာ ဘုန်းကြီးကျောင်းသည် ယခုတော့ လောဘ၊ ဒေါသ၊ မောဟများနှင့် ပြည့်နှက်၍ အဆီပြန်နေသည့် မျက်နှာများဖြင့် စည်ကားနေသည်။ ဗုဒ္ဓဘာသာဝင်တို့ ဦးထိပ်ထားရာ ဘုန်းကြီးကျောင်းများတွင် လောင်းကစားဝိုင်းများကို ရိုးရာဓလေ့ မျက်နှာဖုံးစွပ်၍ ထည့်သွင်း ပြုလုပ်လေ့ရှိသည်မှာ အစဉ်အလာကဲ့သို့...
ပင်လောင်းမြို့နယ် တိုက်ပွဲဖြစ်ပွားသောရွာများ မီးရှို့ ဖျက်ဆီးခံရ
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိကျေးရွားသည် တိုက်ပွဲများဖြစ်ပွားပြီး မီးရှို့ဖျက်ဆီးခံရကြောင်း သိရဿည်။ ပင်လောင်း နှင့် ဖယ်ခုံနယ်စပ်တွင်တည်ရှိသော ကျေးရွာများတွင် စစ်ကောင်စီတပ်၊ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့နှင့်ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ တော်လှန်ရေးအင်အားစု PDF တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
နောင်ချိုတွင် နေ့စဉ်နှင့်အမျှ ဗုံးကြဲခံရပြီး စစ်ရှောင်များ စားနပ်ရိက္ခာ စိုးရိမ်ပူပန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများပြင်းထန်နေပြီး စစ်ရှောင်များ စားဝတ်နေရေးအတွက် စိုးရိမ်နေကြသည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်မှ စတင်၍ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်စတင်လာပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့သည်။ နေ့စဉ်ဗုံးကြဲခံရသည့် နောင်ချိုမြို့ပေါ်နေ ပြည်သူ ၂ထောင်ကျော်သည် ၎င်းအနီးတဝိုက်ရှိ ကျေးရွာများရှိ ဆွေမျိုးအိမ်များ၊...
မင်းအောင်လှိုင် တရုတ်ခရီးစဉ် နေပြည်တော်လေဆိပ်၌ ဗုံးကွဲမှု ဘယ်သူ့လက်ချက်လဲ
SHAN -
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာသည့် ယနေ့ (နိုဝင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင် လေဆိပ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။ တရုတ်နိုင်ငံတွင် မနက်ဖြန် ကျင်းပမည့် မဟာမဲခေါင်နှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် ယနေ့ နံနက်...
တောင်ကြီး လူငယ်များကို စစ်ကောင်စီ ဖမ်းဆီးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အတွင်း လူငယ်များဖမ်းဆီးခံရသည့် ကိစ္စများ ယခုရက်ပိုင်းအတွင်း ပိုမိုကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာလ ၃၀ ရက် ညအချိန်တွင် အဝေရာမီးပုံးပျံကွင်းသို့ရောက်ရှိနေသော လူငယ် ၂၀ ကျော်အား မူးယစ်ဆေးဝါးစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် ရဲများမှ ဝင်ရောက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်းသိရသည်။ “အဝေရာကွင်းမှာက ညညထိုင်နေတဲ့ လူငယ်အုပ်စုတွေကအမြဲရှိကြပါတယ်၊ မူးယစ်ကိစ္စလုပ်တဲ့...
မူဆယ်မြို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွား၊ ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့ အနီးတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁ ရက်) နံနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့၊ မန့်မိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စစ်ရေးနီးစပ်သူ အမျိုးသားတစ်ဦးက...
လေးလအတွင်း စစ်ကောင်စီလေကြောင်းဗုံးဒဏ်ကြောင့် အရပ်သား(၃၈) ဦးသေ၊ တစ်ရာကျော် ဒဏ်ရာရဟု MNDAA ပြော
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများသို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၃၈) ဦးထက်မနည်း သေဆုံးပြီး (၁၂၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ယနေ့(နိုဝင်ဘာ ၁ ရက်)တွင် ထုတ်ပြန်လိုက်သည်။ ဇူလိုင်လမှ အောက်တိုဘာလအထိ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း...





