Thursday, January 29, 2026

စစ်ကောင်စီ

ကွတ်ခိုင်မြို့ လွယ်မုန်ဆာစစ်ရှောင် ထောက်ပံ့မှုများကို စစ်ကောင်စီ ဖြတ်တောက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ လွယ်မုန်ဆာစစ်ရှောင်စခန်းတွင် ယခင်က လစဉ်ရရှိခဲ့ဖူးသည့် ထောက်ပံ့မှုများကို စစ်ကောင်စီက ဖြတ်တောက်လိုက်သဖြင့် စစ်ရှောင်များ ဒုက္ခရောက်နေကြောင်း စုံစမ်းသိရသည်။ လစဉ်ထောက်ပံ့မှုများကို စစ်ကောင်စီဘက်မှ ဖြက်တောက်ပစ်လိုက်သည့် အပြင် မြန်မာနိုင်ငံအတွင်း တတိယလှိုင်းအဖြစ် ကူးစက်ပျံ့နှံ့လာသည့် ကိုဗစ် -၁၉ ရောဂါကြောင့် စစ်ရှောင်စခန်းမှ ပြည်သူများ သည် အလုပ်အကိုင်ပါ...

စစ်ကောင်စီ မှ မိသားစုဝင်(၃)ဦး ဖမ်းဆီး၊ ကျပ်သိန်း(၁၅၀)ပေးပြီးသော်လည်း ပြန်မလွှတ်သေး

သျှမ်ပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နေထိုင်သည့် မိသားစုဝင် (၃)ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးသွားခဲ့ပြီး၊ ပြန်လည်လွှတ်ပေးရန် ကျပ်သိန်း (၁၅၀)ပေးဆောင်ခဲ့သော်လည်းပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် မေ ၃၁ရက် ညနေ (၃)နာရီ တွင် တောင်ကြီးမြို့ ဆေးခန်းသွားပြရန်သွားသည့် ဦးမျိုးဝင်း မောင်းနှင်လာပြီး ဒေါ်ဝင်းမာ နှင့်...

တောင်ကြီးမြို့ ဒေသခံ အမျိုးသမီး(၄)ဦး နှင့်အမျိုးသား(၂)ဦး စစ်ကောင်စီမှ ဖမ်းဆီးသွား

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့တွင် ညကြီးအချိန်မတော် အမျိုးသမီးများကို စစ်ကောင်စီများက လိုက်လံ ဖမ်းဆီးကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ည ဇူလိုင်လ ၁၁ နာရီ အချိန်ဝန်းကျင်မှ ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၄ နာရီအထိ တောင်ကြီး မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများက...

မိုင်းနောင်ဘက် SSYG-PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်သတင်းထွက်ပေါ်ပြီး PDF တပ်ဖွဲ့များ ကွဲထွက်မှုဖြစ်

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်ဘက် တွင် ယမန်နေ့ (ဇူလိုင် ၁၅)ရက်၌ စစ်ကောင်စီတပ် နှင့် South Shan Youths Group PDF တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် PDF တပ်ဖွဲ့များမှ ကွဲထွက်မှုများ ရှိလာကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့...

စစ်ကောင်စီ နှင့် ကိုဗစ် -၁၉ ဒဏ်ကြား ပြည်သူများစားဝတ်နေရေး ပိုကြပ်တည်းလာ

စစ်ကောင်စီ နှင့် ကိုဗစ် ၁၉ တတိယလှိုင်းဒဏ်ကြား ပြည်သူများ ယခင်ထက် စားဝတ်နေရေးအတွက် ဖြေရှင်းရန် ပိုမိုခက်ခဲလာကြောင်း စုံစမ်းသိရသည်။ ယခင် အရပ်သားအစိုးရ NLD လက်ထက်တွင် ကိုဗစ် ၁၉ ပြန့်ပွားခဲ့သော်လည်း စားဝတ်နေရေးအတွက် ဖြေရှင်းရန်အတွက် နည်းလမ်းများရှိနေသေးကြောင်း လဲချားမြို့ ဈေးသည်တစ်ဦးက ပြောသည်။ “ အရင်က...

တောင်ကြီးမြို့နယ် လူငယ် ၂၀ နီးပါး ကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီ က ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် အေးသာယာမြို့ အနီးပတ်ဝန်းကျင်ရှိ ကျောင်းသားလူငယ်များနှင့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်သည့် လူငယ်များကို PDF များဟု ပြောဆို စွပ်စွဲကာ စစ်ကောင်စီများက လိုက်လံ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ အတွင်းတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် အေးသာယာမြို့ အနီးပတ်ဝန်းကျင်ရှိ လူငယ် များ အယောက်...

တောင်ကြီး ကားတစ်စီးကို စစ်ကောင်စီ မှ လိုက်လံပစ်ခတ် အရပ်သား ၃ ဦး ခေါ်ဆောင်သွား

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်တွင် အိမ်စီးကားတစ်စီးကို စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်ပြီး ကားပေါ်ပါ ပြည်သူ ၃ ကို ယူဆောင်သွားကြောင်း တောင်ကြီးမြို့ဒေသခံများထံ သိရှိရသည်။ ယနေ့ (ဇူလိုင် ၁၄) ရက် နေ့လည် ၂ နာရီခန့်တွင် မင်္ဂလာဦးရပ်ကွက်မှ ရန်ကြီးအောင်လမ်းအတိုင်း မောင်းနှင်လာသော ကား...

စစ်ကောင်စီ အုပ်ချုပ်ရေး မမှန်ကန်မှုကြောင့် ကိုဗစ်-၁၉ လူနာသေဆုံးနေရ

လက်ရှိ ကိုဗစ် ၁၉ ပြန့်ပွားမှုသည် ကျန်းမားရေးဝန်ထမ်း CDM ပြုလုပ်ခြင်းထက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးစီမံကိန်း မမှန်ကန်မှုကြောင့် ပြည်သူအများအပြားသေဆုံးနေရခြင်းဖြစ်သည် ဟု CDM ဝန်ထမ်းများက ပြောဆိုလိုက်သည်။ မြန်မာတဝှမ်း စစ်ကောင်စီ လက်ထက်တွင် ကိုဗစ်-၁၉ တတိယလှိုင်း ကြုံတွေ့နေရပြီး၊ ကူးစက်မှုနှုန်းမြင့်တက်လာကာ သေဆုံးမှုနှုန်းလည်း တရက်လျှင် ရာချီရှိသည်။ ထို့နောက်...

စစ်ကောင်စီ ကိုဗစ်-၁၉ ဘယ်လို ထိန်းချုပ်နေလဲ။

စစ်ကောင်စီ တက်လာပြီး (၄) လကျော် ဇွန်လပိုင်းက စတင်ကာ မြန်မာတဝှမ်း ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် ကို အများအပြားခံစားရပြီး၊ ပြည်သူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရပါတယ်။ သျှမ်းပြည်တဝှမ်းမှာ ကိုဗစ်-၁၉ ကို ဇွန်လ မှာ စတင်ဖြစ်ပွားလာပြီး ဒေသလူမှုအဖွဲ့အစည်း ကောက်ခံထား တဲ့စာရင်း အရ ဇူလိုင်...

တောင်ကြီးမြို့ အရပ်သား (၂) ကို စစ်ကောင်စီမှ ဖမ်းဆီးသွား၊ စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် ယမန် (ဇူလိုင် ၁၁)ရက် မနက်ပိုင်းတွင် စစ်ကောင်စီ မှ အရပ်သား (၂) ဦးကို လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယမန့် (ဇူလိုင် ၁၁) ရက် မနက် (၃) နာရီတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်တွင်နေထိုင်သည့် ကိုခိုင်မြင့်ထွန်း နှင့်...

Latest news