နောင်ချိုမြို့နယ် Mask(နှာခေါင်းစည်း) မတပ်သူများကို စစ်ကောင်စီ က ဖမ်းဆီး တရားစွဲ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နယ်စပ်‌ဂိတ်တွင် Mask ( နှာခေါင်းစည်း) မတပ်သူများကို ဖမ်းဆီးပြီး တရားစွဲဆိုကြောင်း စုံစမ်းသိရှိရသည်။

နောင်ချိုမြို့နယ် နှင့် ပြင်ဦးလွင်မြို့နယ် အစပ် ဝက်ဝံရဲစခန်းရှေ့တွင် စစ်ကောင်စီ အုပ်စု က ရပ်တန့်ပြီး Mask မတပ်သူများကို ဖမ်းဆီးကာ အမှုဖွင့် တရားစွဲဆိုကြောင်း၊ လက်ရှိမှာ ဖမ်းဆီးခံရသူ (၁၈)ဦးခံရှိကြောင်း နောင်ချိုမြို့နယ် ဒေသခံများ ပြောပြချက်အရသိရသည်။

လွန်ခဲ့သည့် သြဂုတ် (၆)ရက် ည ၆နာရီခွဲတွင် နောင်ချိုမြို့နယ် ဘန်းဘွေ့ကျေးရွာတွင်နေထိုင်သည် အမျိုးသား (၃)ဦးသည် Mask မတပ်ဘဲ ဆိုင်ကယ်မောင်းသွားသဖြင့် စစ်ကောင်စီ လက်အောက်ခံ ဝက်ဝံရဲစခန်းရှေ့တွင် ဖမ်းဆီးခံရပြီး၊ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့်တွေ့ခွင့်မရကြောင်း ဖမ်းဆီးခံရသည့် မိသားစုဝင် တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အဲနေညက ကားပျက်လို့ ဝက်ရှော့ဆရာသွားခေါ်ခိုင်းတာ။ ဆိုင်ကယ်မောင်းပြီး Mask မပါလို့ဆိုပြီးတော့ ဖမ်းသွားတယ်။ (၃) ဦးကို ဖမ်းသွားတယ်။ ကျမရဲ့သားနဲ့ လိုက်သွားတဲ့ သူ ၂ ယောက်ပါ။ အခု သူတို့ကို သဘာဝဘေးအန္တရာယ်နဲ့ တရားစွဲထားတယ်” ဟု ဖမ်းဆီးခံထားရသည့် မိသားစုဝင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဖမ်းဆီးခံထားရသည့်သူများသည် အသက် (၂၃) သာရှိပြီး၊ ပြင်ဦးလွင်ရဲစခန်းတွင် ထိန်းသိမ်းထားကာ မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မပေးကြောင်း ၎င်း က ပြောသည်။

“သူအဖေ ထမင်းသွားပို့တာတောင် အပြင်မှာပဲချထားပေးရတာ။ အထဲပေးမဝင်ဘူး။ ကျမတို့သားက ကိုဗစ်ဖြစ်ပြီး သက်သာခါစပဲရှိသေးတယ်။ ကျန်းမားရေးအခြေနေက သိပ်မကောင်းဘူး။ ပြန်လွှတ်လာစေချင်တယ်။” ဟု ဖမ်းဆီးခံထားရသည့် မိသားစုဝင်က ပြောသည်။

ထိုနည်းတူ ထိုစစ်ဆေးရေးဂိတ် တွင် Mask မတပ်သူများနှင့် ဆိုင်ကယ်လိုင်စင်မပါရှိသူများကို ရပ်တန့်စစ်ဆေးပြီး ဖမ်းဆီးနေလျက်ရှိကြောင်း နောင်ချိုမြို့ ဒေသခံ အမျိုးသားတဦးက ပြောသည်။

“ ဟုတ်ပါတယ်။ အဲနေရာမှာ သူတို့ စစ်ဆေးပြီးဖမ်းနေတာ။ တချို့က Mask( နှာခေါင်းစည်း) မတပ်တဲ့သူနဲ့ ပြီးတော့ ဆိုင်ကယ်လိုင်စင်မရှိတဲ့သူတွေကို စစ်ဆေးပြီးတော့ ဖမ်းသွားတယ်။ ဖမ်းပြီး တရားစွဲလိုက်တယ်။ ၁၈ ယောက်လောက်ဖမ်းခံရပြီး။ လူငယ်တွေပဲ ” ဟု နောင်ချိုမြို့ ဒေသခံအမျိုးသား တဦးက ပြောသည်။

ထိုဝက်ဝံစစ်ဆေးရေးဂိတ်တွ်င ဖမ်းဆီးခံထားရသူ စုစုပေါင်း (၁၈) ဦးရှိနေပြီး လူငယ်များဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ သို့သော် မည်မျှဖမ်းဆီးခံထားရသည်ကို သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြားအတည်မပြုနိင်သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...