Saturday, May 4, 2024

နမ့်ဆန်မြို့ ကွာရန်တင်း ဝင်သည့် စစ်ကောင်စီ တပ်သား ၉ ဦး ကိုဗစ် – ၁၉ ပိုးတွေ့

Must read

သျှမ်းပြည် မြောက်ပိုင် နမ့်ဆန်မြို့ရှိ အခြေခံပညာ မူလတန်းကျောင်း အမက အမှတ် ၆ တွင် ကွာရန်တင်း ဝင်နေသည့် စစ်ကောင်စီ တပ်သား ၉ ဦးတွင် ကိုဗစ် – ၁၉ ပိုးတွေ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့က သြဂုတ်လ ၁၃ ရက်နေ့တွင် သက်ဆိုင်ရာ ကျန်းမာရေးဌာနများမှ ကွာရန်တင်းဝင်နေသည့် စစ်ကောင်စီတပ်သား ၁၄ ဦးကို ဆေးစစ်ကြည့်ရာ ၉ ဦးတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

“မနေ့က ကွာရန်တင်း ဝင်ထားတဲ့ စစ်သား ၁၄ ဦးကို RTD နဲ့ ကျန်းမာရေးဌာနက လာစစ်ပေးတယ်၊ သူတို့ စုစုပေါင်း ၁၄ ဦးရှိတယ်၊ ၉ ဦးမှာ ပိုးတွေ့တယ်၊ ဒီစစ်သားတွေက ဘယ်ကနေ ရောက်လာမှန်းမသိရပါဘူး၊ အမက ၆ မှာ ကွာရန်တင်းလာဝင်တယ်တဲ့” ဟု နမ့်ဆန်မြို့နေ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ဆန်မြို့အတွင်းတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့မှာလည်း ရခိုင်ပြည် မောင်တောဒေသမှ နမ့်ဆန်မြို့ သို့ ပြောင်းရွှေ့ လာသည့် စစ်ကောင်စီ လက်အောက်ခံ ရဲ နှင့် မိသားစုဝင် ၃ ဦးတို့တွင် ကိုဗစ်- ၁၉ ပိုးကို စစ်ဆေး တွေ့ရှိခဲ့ပါသည်။

လက်ရှိ နမ့်ဆန်မြို့ အတွင်းတွင် ဇူလိုင် ၁၀ ရက်ကနေ ဒီနေ့အထိ ကိုဗစ် – ၁၉ တတိယလှိုင်း အတသည်ပြု လူနာ ၁၃၉ ဦး ရှိနေပြီး ကိုဗစ် – ၁၉ ကြောင့် သေဆုံးရသည့် အတည်ပြုလူနာ ၃ ဦး ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article