Friday, May 3, 2024

တောင်ကြီး လူငယ် (၂)ဦး စစ်ကောင်စီ ရိုက်နှက် ဖမ်းဆီးသွား

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း Mytel ရုံးအနီးတွင် စစ်ကောင်စီက ဆိုင်ကယ်စီးလာသည့် လူငယ် နှစ်ဦးကို ရိုက်နက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ သြဂုတ် (၁၃) ရက် မနက် (၉) နာရီခန့်တွင် ဆာကူရာသံဆိုင်ရှေ့တွင် အိမ်စီးကားဖြင့် ရပ်ထားသည့် စစ်ကား၊ ရဲကား (၅) စီးဖြင့် ထို လူငယ် (၂)ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“ဒီမနက် ကျနော် ဈေးသွားရင်း စစ်ကောင်စီတွေ လမ်းမှာ လူငယ် ၂ ဦးကို ရိုက်နက် ဖမ်းဆီးခေါ်သွားခဲ့တယ်။လမ်းမှာ သွေးတွေတောင် ပေနေတာပဲ။” ဟု တောင်ကြီးဒေသခံ တစ်ဦးကပြောသည်။

အဆိုပါ လူငယ် နှစ်ဦးကို မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းသွားသည်ကို မသိရှိရပေ။

“ဆိုင်ကယ်က နောက်မှ ကားနဲ့ လာတင်သွားတယ်။” ဟု မျက်မြင်များက ပြောဆိုကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့သည် တောင်ကြီးမြို့ပေါ်ရှိ လူငယ်(၃၀၀) ကျော် အကြောင်းပြချက်မရှိ လိုက်လံဖမ်းဆီး ခဲ့ကြောင်း ရှေ့နေများ ပြောပြချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article