စစ်ကောင်စီ

ပင်လောင်းမြို့နယ် ဖမ်းခံရ တောင်ရိုးအထောက်ကူပြု အဖွဲ့ဝင် အမှုမဖွင့်ရသေး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆည်ခေါင်းကျေးရွာတွင် စစ်ကောင်စီမှ (၁၀)ရက်ကြာ ဖမ်းဆီးသွားသည့် တောင်ရိုးအထောက်ကူပြု ကိုအောင်ဆန်ကို ယနေ့ထိ အမှုဖွင့်ထားခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ တောင်ရိုးအထောက်အကူပြု ကိုအောင်ဆန်းကို ဖမ်းဆီးသွားပြီးနောက် လက်ရှိတွင် ပင်လောင်းမြို့ ရဲစခန်းတွင် ရှိနေပြီး မည်သည် အမှုကြောင့် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း ကိုအောင်ဆန်းနှင့် နီးစပ်သူ...

လောင်စာဆီဈေးမြင့်တက်မှု ဆီဆိုင်ထွန်စက် အငှားလိုက်သူ အလုပ် လက်မဲ့ဖြစ်

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် လောင်စာဆီဈေး တစ်ဟုန်ထိုး မြင့်တက်လာမှုကြောင့် သျှမ်းတောင် ဆီဆိုင်မြို့နယ်အတွင်း ထွန်စက်အငှားလိုက်သူများ အလုပ်လက်မဲ့ဖြစ်နေကြောင်း သတင်းရရှိသည်။ ယခင်က တစ်လလျှင် (၁၀)ရက်ထက်မနည်း ထွန်စက်အငှားလိုက်ပြီး အလုပ်ဖြစ်ခဲ့သော်လည်း ယခုတွင် (၂)လအတွင်း တစ်ကြိမ်သာ အငှားလိုက်ရသေးတာဖြစ်တဲ့အတွက် ဝင်ငွေမရှိပဲ အခက်ခဲကြုံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အရင်နှစ် ဒီအချိန်ဆိုရင် ပုံမှန်...

တာချီလိတ်မြို့ ဂိတ်စောင့်စစ်သား အမျိုးသမီးများကို ကာအိန္ဒြေပျက်အောင်ပြောဆို

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်း စစ်ဆေးရေးဂိတ်စောင့်စစ်သားတချို့ သည် လမ်းသွားလမ်းလာသည့် အမျိုးသမီးများကို ကာအိန္ဒြေပျက်အောင် စော်ကားပြောဆိုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်တွင် တာချီလိတ် - မိုင်းဖုန်းလမ်းမှ ဝေလေလှန် စစ်ဆေးရေးဂိတ်မှ အစောင့်စစ်သားများသည် ဆေးရုံမှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသမီး တစ်ဦးကို ကာအိန္ဒြေပျက်အောင်...

ရွှေဖီမြေ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း ဖမ်းခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီ ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်( ၂၀) နှစ်သည့် လွန်ခဲ့သည့် စက်တင်ဘာ ၂၆ ရက်အကူး မနက် ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး သွားကြောင်း သတင်းရရှိသည်။ လွေးအမ်ဖောင်ကို စစ်ကောင်စီ က စက်တင်ဘာ...

သျှမ်းပြည် ကျောက်မီးသွေး ထွက်ရှိမှု အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်ရန် စစ်ကောင်စီ ခေါင်းဆောင် ပြော

သျှမ်းပြည်တွင် ကျောက်မီးသွေးများထွက်ရှိသဖြင့် ကျောက်မီးသွေးကို အသုံးပြုပြီး ခေတ်မီနည်းပညာများဖြင့် စနစ်တကျ ထုတ်ပါက ပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးစေပြီး လျှပ်စစ်ဓာတ်အားထုတ်ယူရမည် ဟု စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်သည်။ ထိုပြောကြားမှုသည် ယမန်နေ့ (အောက်တိုဘာ ၁)ရက် တွင် သျှမ်းပြည်တောင်ကြီးမြို့ သို့ရောက်ရှိနေစဉ် စစ်ကောင်စီ...

ညောင်ရွှေ ကားသမားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့မှ ကုန်ခြောက်များတင်လာသည့် ကားသမားတစ်ဦးကို စစ်ကောင်စီ တို့က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသတင်းသိရသည်။ ဖြစ်စဉ်မှာယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့မှ ကုန်ခြောက်များ နှင့် ပြောင်းဆန်တစ်ချို့ တင်ဆောင်လာသည့် ကားသည် စံကားကျေးရွာအနီးရှိ စစ်ကောင်စီတပ်...

ပင်လုံမြို့တွင်း စစ်ကောင်စီ အင်အားဖြည့်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် စစ်ကောင်စီကောင်းများ စစ်အင်းအားအပြည့်ဖြင့် သွားလာ နေကြောင်း စုံစမ်းသိရှိရသည်။ ယမန့်နေ့ စက်တင်ဘာ (၃၀) ပင်လုံမြို့တွင် စစ်ကောင်စီတပ်သားများ အင်အားအပြည့်ဖြင့် လွိုင်လင်မြို့ဘက်သို့ သွားလာလှုပ်ရှားနေကြောင်း ဒေသခံများက ပြောသည်။ “ မနေ့က လဲချားဘက်ကနေတက်လာတာတွေ့တယ်။ ဒီနေ့တော့ လွိုင်လင်ဖက်ကိုတက်သွားတယ်။ နည်းနည်းတော့ များတယ်။ အင်အားအပြည့်နဲ့ ဘယ်ကိုသွားမလဲတော့မသိဘူး။...

လောင်စာဆီဈေးမြင့်တက်မှုကြောင့် ပြည်သူများအခက်ကြုံ

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ကုန်ဈေးနှုန်းနှင့်အတူ လောင်စာဆီဈေးနှုန်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့မှုကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်အတွင်း တစ်ချို့မြို့နယ်များရှိ ပန့်ဆီဆိုင်ပိုင်ရှင်များသည် အရင်းမရဘဲ အရှုံးပေါ်နေသဖြင့် ဆိုင်ကို ယာယီပိတ်သိမ်းထားရသည်အထိ အခက်ခဲကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။ “အဓိကတော့ ဈေးတွေ အရမ်းတက်သွားလို့ပေါ့၊ ဘယ်လိုဖြစ်နေလဲဆိုရင် ဒီနေ့ ရောင်းရတဲ့ငွေက မနက်ဖြန်အတွက်...

သိန္နီစစ်သား လူငယ်တစ်ဦးကို အကြောင်းမဲ့ စစ်ဖိနပ်ဖြင့်ကန်၊ ရိုက်နှက်

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့ စီးပွားရေးဘဏ်စောင့် စစ်သား မှ ယမန်နေ့ (စက်တင်ဘာ ၂၈)ရက် မနက်ပိုင်းတွင် လူငယ်တစ်ဦးကို အကြောင်းမဲ့ စစ်ဖိနပ်ဖြင့်ကန်ပြီး အကြိမ်ကြိမ်ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့ စီးပွားရေးဘဏ်စောင့် အရက်မူးနေသည့် စစ်သား မှ ဘဏ်ရှေ့တွင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားသည့် လူငယ်တစ်ဦး၏...

ဖယ်ခုံ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် အာဏာသိမ်းစစ်ကောင်စီ မှ လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ကျည်ထိမှန်ခဲ့ပြီး၊ နေအိမ်များ ပျက်စီးခဲ့ကြောင်း သတင်းရှရိသည်။ ယနေ့ (စက်တင်ဘာ ၂၇)ရက်မနက်ပိုင်းတွင် စစ်ကောင်စီမှလက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့ပြီး၊ နေအိမ်များလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း ဖယ်ခုံ...

Latest news