သျှမ်းပြည် စည်ပင်ညွှန်မှူးမှ အတွင်းသတင်းမပေါက်ကြားရန် ဝန်ထမ်းများကို ခံဝန်ထိုးခိုင်း

သျှမ်းပြည်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် အတွင်းသတင်းများ မပေါက်ကြားရန် အတွက် ဝန်ထမ်းများကို ခံဝန်လက်မှတ်ရေးထိုးခိုင်းကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၇) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သျှမ်းပြည် စည်ပင်သာယာရေးဌာန စီမံခန့် ခွဲရေး အစည်းအဝေး အမှတ်စဉ် (၂၆/၂၀၂၁)တွင် သျှမ်းပြည် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ရုံးစာများပေါက်ကြားခဲ့မှုများ ရှိသည့်အတွက် ဝန်ထမ်းများကို သတင်းဌာနများထံ သတင်းပေးခြင်းများ မပြုလုပ်ရန် ခံဝန်လက်မှတ်များရေးထိုးခိုင်းကြောင်း သတင်းသိရသည်။

“အဲ့အစည်းအဝေးမှာ ညွှန်မှူးက ပြောတယ် ရုံးစာတွေ ပေါက်ကြားမှုတွေ ထပ်မရှိစေရေးအတွက် ဝန်ထမ်း တွေအားလုံးကို သတိပေးတာနဲ့ပတ်သက်ပြီး သိရှိကြောင်းဆိုပြီးတော့ လက်မှတ်ထိုးခိုင်းရတာ ဖြစ်တယ် ပေါ့၊ ပြီးတော့ သတင်းဌာနတွေ ကိုလည်း သတင်းမပေးဖို့ သတိပေးပြောဆိုခဲ့တယ်၊ ကျနော်တို့ အကုန်လုံး လက်မှတ်ထိုးခဲ့ရတယ်” ဟု အမည်မဖော်လို သည့် တောင်ကြီးမြို့ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်စည်ပင်သာယာရေးဌာန လက်အောက်ခံရှိ သျှမ်းမြောက်နှင့် သျှမ်းရှေ့မှ စည်ပင်ဌာနများကိုလည်း ဝန်ထမ်းများ အနေဖြင့် အတွင်းသတင်းများ ဆက်လက်မပေါက်ကြားရေးအတွက် အလေးထားလိုက်နာ ဆောင်ရွက်သွားရန်လည်း ခံဝန်လက်မှတ်များ ရေးထိုးရန် ညွှန်ကြားကြောင်းလည်း သိရသည်။

“တချို့တို့က ကျမတို့ကို ပြောကြတယ် CDM မလုပ်တဲ့အပြင် လက်မှတ်ပါထိုးလိုက်ရပြီ ဆိုပြီး ဒါမယ့် ကျမတို့မှာ မိသားစုရှိတယ်၊ စားဝတ်နေရေးရှိတယ်၊ လက်မှတ်ထိုးရလည်း မတရားမှုကိုတော့ သိသိရက်နဲ့ ဥပေက္ခာမပြုနိုင်ဘူး၊ လွန်လာတာ မြင်လာရင်တော့ ဖော်ထုတ်မှာပဲ” ဟု တောင်ကြီးစည်ပင်ရုံးမှ ဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် စည်ပင်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းသည် CDM စည်ပင်ဝန်ထမ်းများအပေါ် ညွှန်ကြားချက် အမျိုးမျိုး၊ ဖိအားအမျိုးမျိုးပေးသည့်အပြင် ၎င်း၏ကျေးဇူးရှင်လည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သည့် ပြည်နယ် စည်ပင်သာယာရေး ဌာနခွဲ(ကျိုင်းတုံ)၏ ဌာနခွဲ တာဝန်ခံဖြစ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကို ကိုလည်း ပုဒ်မ ၅၀၅-က ဖြင့် အရေးယူဖမ်းဆီးရန် တိုင်ကြားထားကြောင်းလည်း သိရသည်။

“ဦးအေးကိုက သူ့ကိုကူညီပေးခဲ့ဖူးတယ်လည်း ဖြစ်တယ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်နေတယ်၊ အဲ့ဒါတွေ ကို မထောက်ဘဲ အထက်လူကြီးတယောက်အနေနဲ့ လက်အောက်ငယ်သားကို တရားစွဲ ဆိုတယ်တဲ့၊ ဦးအေးကို အတွက်စိတ်မကောင်း ဘူးပေါ့ အထက်လူကြီးက တိုင်တာဆိုတော့ ပိုပြီးတော့ ခံပြင်းတယ်” ဟု ဦးအေးကိုနှင့် ဦးစိုင်းထွန်းထွန်းတို့ အကြောင်းကို သိရှိနီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ စည်ပင်ဝန်ထမ်းများကို ဖိအားအမျိုးမျိုးပေးနေသည့် သျှမ်းပြည်စည်ပင်သာယာရေးဌာမှ ညွှန်ကြား ရေးမှူး ဦးစိုင်းထွန်းထွန်းသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အင်းလေးဇုန် ဟော်တယ်တွေ့ဆုံပွဲမှာလည်း အွန်လိုင်း လောင်းကစားဂိမ်းဆော့နေသည့် ပုံများက လူမှုကွန်ယက်စာမျက်မှာ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...