စစ်ကောင်စီ ဖမ်းသွားသည့် သျှမ်းနီအဆိုတော် လူငယ် အဆက်သွယ် မရရှိသေး

စစ်ကောင်စီတို့ မတရားဖမ်းဆီး ခေါ်ဆောင်သွားသည့် သျှမ်းနီအဆိုတော် လူငယ်တစ်ဦးဖြစ်သည့် စိုင်းဝေယံအောင်သည် ယနေ့အထိ အဆက်အသွယ်မရရှိသေးသဖြင့် မိသားစုဝင်များနှင့် ဆက်စပ် ပက်သက်သူများက စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းနီအဆိုတော် လူငယ်တစ်ဦးဖြစ်သည် စိုင်းဝေယံအောင်ကို ၎င်း၏ဖေ့ဘုတ် Facebook လူမှုကွန်ယက်စာမျက်နှာတွင် စစ်ကောင်စီ လက်အောက်ခံအဖြစ် လက်ခံသည့် စစ်ကိုင်းတိုင်းအတွင်းမှ တိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးကို ဝေဖန် ရေးသားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း စိုင်းဝေယံအောင်နှင့် နီးစပ်သူ ဟုမ္မလင်းဒေသခံ စိုင်းလုံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ့ကို လာဖမ်းတုန်းက ရဲထက် စစ်သားက ပိုများပါတယ်၊ စကစနဲ့ပေါင်းတဲ့ စစ်ကိုင်းတိုင်းက တိုင်းရင်းသား ရေးရာ ဝန်ကြီး ကို ဝေဖန်လို့ ဆိုပြီး လာဖမ်းတာတဲ့၊ အခုလည်း စိုင်းဝေယံအောင်ကို ဟုမ္မလင်းက စစ်တပ်ထဲမှာပဲ ဖမ်းထားတယ်လို့ ကြား ရတယ်” ဟု စိုင်းလုံက ပြောသည်။

ဟုမ္မလင်းမြို့ရှိ ကတ်သားရွာသား သျှမ်းနီအဆိုတော်ကို အနောက်မြောက်ပိုင်း တိုင်းစစ်ဌာချုပ်လက်အောက်ခံ ဟုမ္မလင်းရှိ တပ်ရင်းမှ စစ်သားများစွာဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးသွားသည့်အချိန်မှ ယခုအချိန် အထိ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးသဖြင့် မိဘဆွေမျိုးများက စိုးရိမ်ပူပန်နေရကြောင်းလည်း သိရသည်။

“သူတို့ ဖမ်းခေါ်သွားကတည်းက ဘာမှ အဆက်အသွယ်မှ မရသေးဘူး၊ သူနေကောင်းလား ဘယ်လိုရှိနေမလဲ ဆိုတာလည်း မသိရဘူး၊ ပိုပြီးဆိုးတာက လက်ရှိ ဟုမ္မလင်းထဲ ရှိနေတဲ့ ပျူစောထီးတွေက သူ့ကို SNA အဖွဲ့ဝင် ဖြစ်တယ်ဆိုပြီး သတင်းလွင့်နေတာလည်းရှိတော့ သူ့အတွက်ပိုပြီးတော့ စိတ်ပူရတယ်၊ ကျနော်တို့ကတော့ သူ့ကို အဆိုတော်တစ်ဦး၊တက်ကြွလှုပ်ရှားသူတစ်ဦးလို့ပဲ သိထားတယ်” ဟု စိုင်းလုံက ပြောသည်။

စစ်တပ်နှင့် ပူးပေါင်းသွားသည့် စစ်ကိုင်းတိုင်းမှ တိုင်းရင်းသားရေးရာဝန်ကြီးကို ဝေဖန်ရေးသားသည့်အတွက် ကြောင့် ဖမ်းဆီးခံရသည့် စိုင်းဝေယံအောင်သည် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းနီပါတီ အတွက် တက်ကြွစွာ ပါဝင်ကူညီပေးသူ တစ်ဦးဖြစ်သည့် အပြင် လူမှုရေးကိစ္စများတွင်လည်း ပါဝင်လုပ်ရှားသူ ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် စိုင်းဝေယံအောင် နှင့်အတူ ဟုမ္မလင်းမြို့နေ ကိုဖြိုးသက်တင်၊ ကိုစွမ်းထက်တို့ကိုလည်း ၎င်းတို့၏ နေအိမ်တွင် စစ်ကောင်စီတပ်များက စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် သျှမ်းနီနယ်မြေ ဟုမ္မလင်းမြို့နယ်ထဲတွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထားသည့် သံဃာတော်များ အပါအဝင် စုစုပေါင်း (၁၂) ဦးထိ ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...