တာချီလိတ်မြို့ ဂိတ်စောင့်စစ်သား အမျိုးသမီးများကို ကာအိန္ဒြေပျက်အောင်ပြောဆို

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်း စစ်ဆေးရေးဂိတ်စောင့်စစ်သားတချို့ သည် လမ်းသွားလမ်းလာသည့် အမျိုးသမီးများကို ကာအိန္ဒြေပျက်အောင် စော်ကားပြောဆိုနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်တွင် တာချီလိတ် – မိုင်းဖုန်းလမ်းမှ ဝေလေလှန် စစ်ဆေးရေးဂိတ်မှ အစောင့်စစ်သားများသည် ဆေးရုံမှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသမီး တစ်ဦးကို ကာအိန္ဒြေပျက်အောင် စော်ကားပြောဆိုကြောင်း သတင်းရရှိသည်။

“ကျမတူလေးက နေမကောင်းလို့ဆေးရုံကို သွားပြပြီး ပြန်လာတော့ ဂိတ်စောင့် စစ်သားက အော်…တူလေးလည်း ပါလာတာလား၊ မိန်းကလေးချည်းပဲဆို ကျနော်တို့စခန်းမှာ ခေါ်ထား မလို့ပါ” ဆိုပြီး နန်းခမ်း (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အတူပင် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် ညနေပိုင်း တွင်လည်း တာချီလိတ်မြို့ ပုံလို့သွားလမ်း၊ ရွှေမြေသာယာဈေး နှင့် ကြီးမြတ်သောရွှေမြင်း(Club)အနီးရှိ လမ်းဆုံတွင် စစ်ဆေးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ဆေးသွားဝယ်ပြီးပြန်လာသည့် အမျိုးသမီးကို တားပြီး သာမာန် မေးမြန်းမှုများထက် အမျိုးသမီး ဂုဏ်သိက္ခာကို ထိပါးစော်ကားသည့် စကားများဖြင့် ပြောဆိုခဲ့ကြောင်း သတင်းသိရသည်၊၊

“အစကတော့ ဘယ်ကလာလဲ၊ ဘယ်ကိုသွားမလဲဆိုပြီးတော့မေးတာ ကျမလည်းဖြေပြီး ဆိုင်ကယ်မောင်း ထွက်ဖို့ ပြင်လာတော့ စစ်သားတစ်ယောက်က ကျမဆိုင်ကယ်ကိုလာပြီးတော့ ညီမဘယ်သွားမလဲ အစ်ကိုတို့ လိုက်ပို့ပေးရမလားတဲ့၊ နောက်ထပ်စစ်သားတစ်ယောက်ကလည်း မေးမနေနဲ့ ဆိုင်ကယ်ပေါ် တခါတည်း တက်ခွလိုက်လို့ပြောတယ်” ဟု အမည်မဖော်လိုသည့် ကာယကံရှင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် တာချီလိတ်မြို့တွင်းတွင် စစ်သားများအပြင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတစ်ဆင့် ပေးအပ်ထားသော သေနတ်များကို ကိုင်ဆောင်ထားသည့် ယာဉ်ထိန်းရဲ(မော်တော်ပီကယ်)တို့သည် မြို့တွင်း လမ်းဆုံလမ်းခွများနှင့် မီးပွင့်နေရာများတွင် လက်နက်များ ကိုင်ဆောင်ပြီး လမ်းသွားလမ်းလာပြည်သူများကို လုံခြုံရေးယူပေးသည်ထက် အနှောင့်အယှက်ပေး နေခြင်းသာ ဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

ထို့အပြင် နိုင်ငံအာဏာသိမ်းခံရပြီးနောက် တာချီလိတ်မြို့တွင် တစ်နေ့တည်း အနည်းဆုံး ဆိုင်ကယ် (၂)စီးမှ (၃)စီးအထိ ခိုးခံရမှုများရှိနေပြီး မြို့ပေါ်(၁၁)ရပ်ကွက်အနက် ဝမ်ကောင်းရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ ဆန်ဆိုင်း(က)၊ ဆန် ဆိုင်း(ခ) နှင့် မယ်ခေါင်ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်တို့တွင် အများဆုံး ခိုးခံနေရရာမှ မိုင်းကိုးကျေးရွာ အုပ်စုအတွင်း၌လည်း ဆိုင်ကယ်များ ခိုးခံရမှုမှာ နေ့စဉ် နီးပါးဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...