ပင်လောင်းမြို့နယ် ဖမ်းခံရ တောင်ရိုးအထောက်ကူပြု အဖွဲ့ဝင် အမှုမဖွင့်ရသေး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆည်ခေါင်းကျေးရွာတွင် စစ်ကောင်စီမှ (၁၀)ရက်ကြာ ဖမ်းဆီးသွားသည့် တောင်ရိုးအထောက်ကူပြု ကိုအောင်ဆန်ကို ယနေ့ထိ အမှုဖွင့်ထားခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

တောင်ရိုးအထောက်အကူပြု ကိုအောင်ဆန်

တောင်ရိုးအထောက်အကူပြု ကိုအောင်ဆန်းကို ဖမ်းဆီးသွားပြီးနောက် လက်ရှိတွင် ပင်လောင်းမြို့ ရဲစခန်းတွင် ရှိနေပြီး မည်သည် အမှုကြောင့် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း ကိုအောင်ဆန်းနှင့် နီးစပ်သူ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခုက ပင်လောင်း ရဲစခန်းမှာရောက်သွားပြီး။ ဘာကြောင့် ဖမ်းတာလည်း မသိသေးဘူး။ ဘာအမှုနဲ့ဖမ်းတာလည်း မသိရသေးဘူး။ ကျနော်တို့လည်း ခုချိန်ထိ ဘာမှ အသေးစိတ်မသိရသေးဘူး” ဟု ကိုအောင်ဆန်းနှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကိုအောင်ဆန်းကို ဖုန်းဖြင့် အဆက်သွယ်ရရှိပြီး အပြင်မှာတွေ့ခွင့်မရသေးကြောင်း သိရသည်။

“ ဖုန်းပြောရတယ်။ အဆက်သွယ်ရတာပေါ့။ ကျန်းကျန်းမာမာရှိနေပါတယ်။ အပြင်မှာတော့ မတွေ့ရသေးဘူး။ အခုက သူကို ဘာအမှုနဲ့ဖွင့်တာပဲ မသိရသေးတာ။ အဆက်သွယ်ရတော့ စိတ်နဲနဲအေးတာပေါ့” ဟု အထက်ပါ နီးစပ်သူက ပြောသည်။

ကိုအောင်ဆန်းကို စက်တင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးသွားပြီး ၎င်းအိမ်တွင်းရှိသည့် ပစ္စည်းများကိုပါ စစ်ကောင်စီတပ်များ က သိမ်းယူသွားကြောင်းသိရသည်။

ကိုအောင်ဆန်းကို လာရောက်ဖမ်းဆီးခြင်းသည် စက်တင်ဘာ (၂၄) ရက် မနက်ပိုင်းတွင် တောင်ရိုးပြည်သူကာကွယ်ရေး တပ်ဖွဲ့ PDF က အဖွဲ့ကို ဖွဲ့စည်းပြီးကြောင်း နှင့် စစ်ကောင်စီနှင့် အလုပ်တွဲလုပ်သူများကို တိုက်ခိုက်သွားမည် ဟု ထုတ်ပြန်ခဲ့သောကြောင့် လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...