Wednesday, January 28, 2026

ပင်လောင်းမြို့နယ် ဖမ်းခံရ တောင်ရိုးအထောက်ကူပြု အဖွဲ့ဝင် အမှုမဖွင့်ရသေး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆည်ခေါင်းကျေးရွာတွင် စစ်ကောင်စီမှ (၁၀)ရက်ကြာ ဖမ်းဆီးသွားသည့် တောင်ရိုးအထောက်ကူပြု ကိုအောင်ဆန်ကို ယနေ့ထိ အမှုဖွင့်ထားခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

တောင်ရိုးအထောက်အကူပြု ကိုအောင်ဆန်

တောင်ရိုးအထောက်အကူပြု ကိုအောင်ဆန်းကို ဖမ်းဆီးသွားပြီးနောက် လက်ရှိတွင် ပင်လောင်းမြို့ ရဲစခန်းတွင် ရှိနေပြီး မည်သည် အမှုကြောင့် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း ကိုအောင်ဆန်းနှင့် နီးစပ်သူ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခုက ပင်လောင်း ရဲစခန်းမှာရောက်သွားပြီး။ ဘာကြောင့် ဖမ်းတာလည်း မသိသေးဘူး။ ဘာအမှုနဲ့ဖမ်းတာလည်း မသိရသေးဘူး။ ကျနော်တို့လည်း ခုချိန်ထိ ဘာမှ အသေးစိတ်မသိရသေးဘူး” ဟု ကိုအောင်ဆန်းနှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကိုအောင်ဆန်းကို ဖုန်းဖြင့် အဆက်သွယ်ရရှိပြီး အပြင်မှာတွေ့ခွင့်မရသေးကြောင်း သိရသည်။

“ ဖုန်းပြောရတယ်။ အဆက်သွယ်ရတာပေါ့။ ကျန်းကျန်းမာမာရှိနေပါတယ်။ အပြင်မှာတော့ မတွေ့ရသေးဘူး။ အခုက သူကို ဘာအမှုနဲ့ဖွင့်တာပဲ မသိရသေးတာ။ အဆက်သွယ်ရတော့ စိတ်နဲနဲအေးတာပေါ့” ဟု အထက်ပါ နီးစပ်သူက ပြောသည်။

ကိုအောင်ဆန်းကို စက်တင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးသွားပြီး ၎င်းအိမ်တွင်းရှိသည့် ပစ္စည်းများကိုပါ စစ်ကောင်စီတပ်များ က သိမ်းယူသွားကြောင်းသိရသည်။

ကိုအောင်ဆန်းကို လာရောက်ဖမ်းဆီးခြင်းသည် စက်တင်ဘာ (၂၄) ရက် မနက်ပိုင်းတွင် တောင်ရိုးပြည်သူကာကွယ်ရေး တပ်ဖွဲ့ PDF က အဖွဲ့ကို ဖွဲ့စည်းပြီးကြောင်း နှင့် စစ်ကောင်စီနှင့် အလုပ်တွဲလုပ်သူများကို တိုက်ခိုက်သွားမည် ဟု ထုတ်ပြန်ခဲ့သောကြောင့် လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...