Sunday, May 5, 2024

ပင်လုံမြို့တွင်း စစ်ကောင်စီ အင်အားဖြည့်

Must read

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် စစ်ကောင်စီကောင်းများ စစ်အင်းအားအပြည့်ဖြင့် သွားလာ နေကြောင်း စုံစမ်းသိရှိရသည်။

ယမန့်နေ့ စက်တင်ဘာ (၃၀) ပင်လုံမြို့တွင် စစ်ကောင်စီတပ်သားများ အင်အားအပြည့်ဖြင့် လွိုင်လင်မြို့ဘက်သို့ သွားလာလှုပ်ရှားနေကြောင်း ဒေသခံများက ပြောသည်။

“ မနေ့က လဲချားဘက်ကနေတက်လာတာတွေ့တယ်။ ဒီနေ့တော့ လွိုင်လင်ဖက်ကိုတက်သွားတယ်။ နည်းနည်းတော့ များတယ်။ အင်အားအပြည့်နဲ့ ဘယ်ကိုသွားမလဲတော့မသိဘူး။ သွားလာနေကြတယ်” ဟု ပင်လုံမြို့ဒေသခံ အမျိုးသားတဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်သားများ အသွားအလာများမှုကြောင့် ဒေသခံများ စိတ်လုံခြုံမှုမရှိကြောင်း၊ စိုရိမ်းထိတ်လန့်နေကြရကြောင်းသိရသည်။

“ လန့်နေတာ။ မြို့ထဲမှာ တစ်ခုခု လာလုပ်မှာလည်းစိုးရိမ်တယ်။ စိတ်ဆင်းရဲတယ်။ ကျနော်တို့ သူတို့နဲ့ တနိုင်ငံထဲအတူနေထိုင်ရတာ။ ညညဆို ကောင်းကောင်းမအိပ်နိုင်ဘူး။ စိတ်လုံခြုံမှုမရှိဘူး” အထက်ပါ အမျိုးသားတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့များသည် ပြည်သူများကို နေ့စဉ်အလိုက်ဖမ်းဆီးနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article